backup og meta

ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ

ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ

မိသားစုဝင်တွေ စုဝေးပြီး ဘာဘီကျူး လုပ်စားရတာ ဘယ်လောက် ပျော်ဖို့ကောင်းကြောင်း အထူးတလည် ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။ ဒါကြောင့် ဘာဘီကျူး ပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် နည်းလမ်းတွေကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်စို့နော်။

ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ

ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဆိုတော့

  • အသား ရွေးချယ်မှု မှန်ကန်ပါစေ

ဆူဖြိုးတဲ့ အသားတွေက အပြင်ပန်း ကြည့်လိုက်ရင် စားချင်စဖွယ် ဖြစ်နေပေမယ့် ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင် သေးသွယ်ကျစ်လျစ်တဲ့ အသားတွေက ပိုကောင်းပါတယ်။ အသား ရွေးချယ်ရာမှာ ကယ်လိုရီ ပါဝင်မှုများတဲ့ အမဲနံသား၊ ခါးဆစ်သားတွေအစား ကယ်လိုရီနည်းတဲ့ ခါးဆစ် အပေါ်သား၊ ပေါင်ခြံသားတွေကိုသာ ရွေးချယ် စားသုံးသင့်ပါတယ်။

အမဲသား အပြင် ဝက်သား၊ ကြက်သားနဲ့ ငါးတို့ကလည်း ဘာဘီကျူး လုပ်ဖို့ သင့်တော်တဲ့ အသားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကြက်သား ကင်တဲ့အခါ အရေခွံခွာပြီး အသားမှာ ကပ်နေတဲ့အဆီတွေကို ဖယ်ပစ်ဖို့ မမေ့ပါနဲ့။ အနီရောင်အသားတွေဆိုရင်လည်း အဆီနည်းနိုင်သမျှ နည်းပါစေ။ အဆီမပါတဲ့ ကြက်ဆင်သားက ဘာဂါလုပ်ဖို့ အထူး သင့်လျော်သလို ဝက်မိုးခိုသားနဲ့ ပေါင်ခြံသားတွေက အကင်လုပ်ဖို့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ သင်သာ ဆန္ဒရှိရင် ပုဇွန်နဲ့ ငါးကို ဟင်းခတ်အမွှေးအကြိုင် များများလေးနဲ့ အရသာ ရှိရှိ ကင်စားနိုင်ပါတယ်။

  • အသားနှပ်သည့်အရည် (marinade) ကို အကောင်းဆုံးဖန်တီးပါ

Marinade က အသား အရသာ ပေါ်လွင်အောင်၊ ကင်မယ့် အသားတွေ ခြောက်မသွားအောင် ထိန်းထားပေးမှာ ဖြစ်ပါတယ်။ အခြေခံ marinade တစ်ခွက်မှာ ဆီ၊ အက်ဆစ် အပျော့စား (ရှာလကာရည်၊ သံပုရာရည်)၊ ကြက်သွန်ဖြူ၊ ဆားနဲ့ ငရုပ်ကောင်းတို့ အချိုးညီညီ ပါဝင်ပါတယ်။ ရိုးရိုး Marinade နဲ့မတူဘဲ ပိုမို စွဲဆောင်မှုရှိလာအောင် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ သဘာဝ ဆေးဖက်ဝင်တွေ ရောစပ်ထည့်သွင်းပြီး မက္ကစီကန်၊ အာရှ၊ မြေထဲပင်လယ်၊ ဂရိ၊ ကေဂျန် – သင့်စိတ်ကြိုက်ပုံစံအတိုင်း ဖန်တီးနိုင်ပါတယ်။

ကင်မယ့် အသား အားလုံးကို marinade နဲ့ အနည်းဆုံး မိနစ် ၃၀ကြာအောင် နှပ်ထားသင့်ပါတယ်။ ပင်လယ်စာတွေကို အနည်းဆုံး ၁နာရီ၊ ကြက်သားကို အနည်းဆုံး ၂နာရီ၊ ဝက်သား၊ သိုးသားနဲ့ အမဲသားတွေကို အနည်းဆုံး ၄နာရီကြာအောင် နှပ်ထားဖို့ လိုပါလိမ့်မယ်။ ဖြစ်နိုင်ရင် timer နဲ့ အချိန်မှတ်ထားပြီး အသားထဲ အရသာ အပြည့်အဝ စိမ့်ဝင်သွားတာနဲ့ စကင်လို့ ရပါပြီ။

  • အပူလျှော့သုံးပါ

အပူချိန် ပြင်းပြင်း အသုံးပြုပြီး ချက်ပြုတ်ထားတဲ့ အသားဟင်းလျာတွေမှာ heterocyclic amine (HCAs), polycyclic aromatic hydrocarbon (PAHs) စတဲ့ ကင်ဆာဖြစ်နိုင်ခြေ မြင့်စေတဲ့ ဓာတုပစ္စည်း အများအပြား ပါဝင်ကြောင်း လေ့လာစမ်းသပ်မှု အတော်များများက သက်သေပြထားပြီးဖြစ်ပါတယ်။ ဝက်သား၊ အမဲသား၊ ငါးနဲ့ ဥစားတိရိစ္ဆာန်အသားတွေကို မီးပြင်းပြင်းနဲ့ အကျက်လွန်အောင် ချက်မိတဲ့အခါ PAHs တွေ ထွက်လာပါလိမ့်မယ်။

HCA နဲ့ PAH နှစ်မျိုးစလုံးက ဒီအန်အေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး ကင်ဆာဖြစ်မယ့် အလားအလာ များစေပါတယ်။ ဒါကြောင့် ဘာဘီကျူး လုပ်တဲ့အခါ အပူချိန်ကို ၃၀၀ ဒီဂရီကနေ ၃၂၅ ဒီဂရီဆဲလ်စီးယပ်ကြား အမြဲရှိနေအောင် ထိန်းထားပြီး ဖြည်းဖြည်းချင်း ကင်ပေးသင့်သလို ကင်ပြီး မဲတူးသွားတဲ့ အပိုင်းတွေကိုလည်း ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ၂၀၀၈ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုမှာ ပူဒီနာနဲ့ ငရုပ်ပွအနီ ပါဝင်တဲ့ marinade အသုံးပြုခြင်းက HCA ဖြစ်ပေါ်မှုကို လျော့နည်းစေတယ်လို့ ဖော်ပြခဲ့တဲ့အတွက် ဘာဘီကျူး လုပ်စားတိုင်း marinade ကို စနစ်တကျ ပြင်ဆင်ဖို့ မမေ့သင့်ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Eat Like a Man and Still Feel (and Look) Good.http://formen.com/diet/healthy-barbecue/. Accessed September 09, 2016.

ယခုပုံစံ

01/12/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားစားရတာ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ကာနီဗိုး Diet

အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement