backup og meta

ကြွက်တက် ခြင်းကို သက်သာစေနိုင်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြွက်တက် ခြင်းကို သက်သာစေနိုင်သော အစားအစာများ

    ကြွက်တက် တယ်ဆိုတာ ခံရခက်ပြီး အဖြစ်များတဲ့ ပြဿနာ တစ်ခုပါ။ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဆားဓာတ် မမျှတခြင်း၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း၊ အာဟာရဓာတ်မမျှတခြင်း နဲ့ အချို့သော ရောဂါတွေကြောင့် ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ လည်းဖြစ်လေ့ရှိတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ ဒီလို အဖြစ်များတဲ့ ကြွက်တက် ခြင်းပြဿနာကို တိုက်ထုတ်နိုင်ဖို့အတွက် အဓိက ပိုတက်ဆီယမ်၊ sodium ဆားဓာတ်၊ ကယ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် စတဲ့ electrolyte တွေပါဝင်တဲ့ အာဟာရဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေကို စားပေး ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင် D နဲ့ အချို့ ဗီတာမင် B တွေချို့တဲ့မယ်ဆိုရင်လည်း ကြွက်တက်ဖို့ ပိုဖြစ်နိုင်ချေများတဲ့အတွက် အဲဒီ ဗီတာမင်တွေပါဝင်အောင်လည်း စားသောက်သင့်ပါတယ်။

    ကြွက်တက် ခြင်း အတွက် အစားအစာများ

    ၁။ သစ်သီးများ

  • ထောပတ်သီး – ထောပတ်သီးမှာ ကြွက်သားတွေရဲ့ ကျန်းမာသန်စွမ်းမှုကို အထောက်အကူဖြစ်စေတဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်နှစ်မျိုး ပါဝင်ပါတယ်။
  • ဖရဲသီး – ကြွက်တက်ခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံးအကြောင်းအရင်းက ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်တဲ့အတွက် ရေဓာတ် ၉၀% ကျော်လောက်ထိ ပါဝင်ပြီး ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်လည်းကြွယ်ဝတဲ့ ဖရဲသီးလိုမျိုးအသီးဟာ အစားသင့်ဆုံးအသီး တစ်မျိုးပဲ ဖြစ်ပါတယ်။
  • သင်္ဘောသီး – ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ သင်္ဘောသီးဟာလည်း ကြွက်တက်ခြင်းကို သက်သာစေနိုင်တဲ့ အစားအစာတစ်ခုထဲမှာ ပါဝင်ပါတယ်။
  • ငှက်ပျောသီး – ငှက်ပျောသီးစားပေးမယ်ဆိုရင် ကြွက်တက်တာကို သက်သာအောင် ကူညီပေးနိုင်တဲ့ electrolyte လေးမျိုးထဲက ကယ်ဆီယမ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ဓာတ် ၃မျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
  • Melon သခွားမွှေးသီး – ချွေးထွက်များတဲ့အခါ ရေနဲ့ ဆားဓာတ်ဆုံးရှုံးပြီး ကြွက်တက်တာတွေ ဖြစ်လာပါတယ်။ သခွားမွှေးက ရေနဲ့ ဆားဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့အပြင် အခြားကယ်ဆီယမ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝတာကြောင့် ကြွက်တက်ခြင်းအတွက် သင့်တော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
  • ၂။ နို့

    နို့မှာ အားလုံးသိထားတဲ့အတိုင်း အရိုးတွေ ကြံ့ခိုင်စေတဲ့ ကယ်ဆီယမ်ဓာတ်တွေ ပြည့်ဝတဲ့အပြင် potassium နဲ့ sodium တွေလည်းပါတာကြောင့် ကြွက်သားတွေကိုလည်း ကျန်းမာစေပါတယ်။

    ၃။ ဆယ်လမွန်ငါး

    တစ်ခါတစ်လေမှာ သွေးလှည့်ပတ်မှု မကောင်းရင်လည်း ကြွက်တက်တာတွေ ဖြစ်နိုင်ပါတယ်။ အဲလို ပြသနာတွေမှာ ဆယ်လမွန်ငါးစားပေးခြင်းက အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် sodium နဲ့ potassium လည်းပါဝင်တာကြောင့် ကြွက်တက်ခြင်းကို ကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။ ဆယ်လမွန်ငါးမကြိုက်တဲ့ သူတွေဆိုရင် ကယ်ဆီယမ်၊ သံဓာတ်၊ Phosphorous၊ potassium၊ sodium၊ magnesium နဲ့ ဗီတာမင် D တွေ ကြွယ်ဝတဲ့ sardine လို့ခေါ်တဲ့ ငါးသေတ္တာငါးကို စားပေးနိုင်ပါတယ်။

    ၄။ ကန်စွန်းဥ

    ကန်စွန်းဥဟာ calcium, potassium နဲ့ magnesium စတဲ့ electrolyte ဓာတ်တွေတင်မကဘဲ ဗီတာမင်ဓာတ်တွေပါ ပြည့်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ကန်စွန်းဥမှာ ပါတဲ့ ကယ်ဆီယမ်ဓာတ်ဟာ ဆိုရင် ငှက်ပျောသီးထက် ၆ဆ လောက်များတာကိုတွေ့ရပါတယ်။

    ၅။ အုန်းရည်

    အုန်းရည်ဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ electrolytes ဓာတ်တွေအားလုံးကို သဘာဝအတိုင်းဖြည့်ပေးနိုင်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ အုန်းရည်မှာ ဆိုဒီယမ်၊ ကယ်ဆီယမ် ၊ potassium နဲ့ magnesium ဓာတ်တွေအားလုံး လုံလုံလောက်လောက်ပါဝင်ပါတယ်။ ဒါ့ကြောင့် ကြွက်တက်တာတွေကို ကာကွယ်နိုင်ဖို့၊ တိုက်ထုတ်နိုင်ဖို့ အုန်းရည်က ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့ အခါမှာလည်း အုန်းရည်ကို သောက်သုံးပေးသင့်ပါတယ်။

    ၆။ အရိုးပြုတ်ရည်

    ကြက်ရိုး၊ ဝက်အရိုးစတဲ့ အရိုးတွေကို ရေနဲ့ အက်ဆစ်ဓာတ်ပါဝင်တဲ့ ရှာလကာရည်လိုမျိုး အသုံးပြုပြီး အနည်းဆုံး ရှစ်နာရီလောက် ချက်ပြုတ်ပြီးရတဲ့ အာဟာရဓာတ်ပြည့်ဝနေတဲ့ အရိုးပြုတ်ရည်ကလည်း ကြွက်တက်တာကို တိုက်ထုတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

    ၇။ အစိမ်းရင့်ရောင် ရှိသော ဟင်းသီးဟင်းရွက်များ

    ဂေါ်ဖီစိမ်း၊ မုန်ညင်းစိမ်း စတဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း calcium နဲ့ magnesium ဓာတ်တွေပါဝင်ပါတယ်။

    Hello ဆရာဝန် ပရိသတ်ကြီးလည်း ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ ဖော်ပြပါ အစားအစာတွေကို ဂရုတစိုက်လေး စားသုံးပေးပြီး နေ့ရက်တိုင်းမှာ ကြွက်တက်ခြင်း ပြသနာတွေ ကင်းဝေနိုင်ကြပါစေနော်။

    ရေးသားသူ – Khine Phoo Ngon

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement