backup og meta

အရက်နာမကျအောင် ဘယ်လိုအထာကျကျ အရက်သောက်မလဲ


Ye Myo Myat မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်နာမကျအောင် ဘယ်လိုအထာကျကျ အရက်သောက်မလဲ

    ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။ ဒီတော့ မရှောင်နိုင်ဘူးဆိုရင်

    အရက်နာကျခြင်း

    ညလုံးပေါက် အပြတ်ကဲပြီးလို့ မနက်နိုးလာပြီဆိုရင် အရင်ဆုံးကြုံရတဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ လူတိုင်းမဟုတ်တောင် လူတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်မိတာကြောင့်ရော၊ အရက်သောက်နည်း မမှန်ကန်တာကြောင့် မနက်ခင်းမှာ အရက်နာကျတဲ့ ပြဿနာတွေ့ရတာပါ။

    အရက်နာကျတဲ့ လက္ခဏာတွေကတော့

  • မောပန်းတာ၊ အားနည်းတာ
  • ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ
  • ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကြွက်သား ကိုက်ခဲတာ
  • မူးဝေတာ၊ အန်တာ၊ ဝမ်းဗိုက်က နာကျင်တာ
  • အိပ်ရေးမဝသလို ခံစားရတာ
  • အလင်းစူးမခံနိုင်တာ၊ အသံကျယ်ကြားရင် နားမခံနိုင်တာ
  • အခန်းကလည်နေသလို ခေါင်းထဲ မူးဝေနေတာ
  • ခြေလက် တုန်တာ
  • အာရုံမစူးစိုက်နိုင်တာ
  • စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ
  • နှလုံးခုန်မြန်တာတို့ပဲ ဖြစ်ပါတယ်။
  • အရက်နာမကျအောင် ဘယ်လို အထာကျကျ သောက်ကြမလဲ။

    ကိုယ်က ဒီနေ့ညတော့ ဘော်ဒါတွေ၊ အပေါင်းအသင်းတွေနဲ့ သောက်ဖို့ရှိတယ်ဆိုတာ သိထားပြီဆိုရင် နောက်နေ့မနက်ကျ အရက်နာမကျအောင် ကြိုတင်ပြင်ဆင်လို့ ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

    ၁။ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်တော့မှ မသောက်ပါနဲ့။

    ဘီယာပဲဖြစ်ဖြစ်၊ အရက်ပဲဖြစ်ဖြစ် ကိုယ်က ဒီည သောက်တော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် အနည်းဆုံး ၂နာရီလောက်ကြိုတင်ပြီး ဗိုက်ကိုပြည့်နေအောင် စားထားပါ။ ကစီဓါတ်၊ အသားဓါတ်များတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ကြိုပြီး စားပေးထားနိုင်ရင် ပိုကောင်းပါတယ်။

    ၂။ အဆီများများစားပါ။

    အဆီများတဲ့ အစားအစာတွေ၊ အကြော်တွေ၊ အကင်တွေဟာ ခန္ဓါကိုယ်က အရက်ကိုစုပ်ယူအား နှေးစေလို့ တော်ရုံနဲ့လည်း မမူးနိုင်တဲ့အပြင် မနက်မှာလည်း အရက်နာကျနိုင်ခြေ လျော့နည်းစေပါတယ်။ ကစီဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးလို့လည်း ဖြစ်ပါတယ်။ အရက်မသောက်ခင်နဲ့ အရက်သောက်နေစဉ်မှာ ဒီလိုအစားအစာတွေကို များများစားပေးနိုင်ပါတယ်။

    ၃။ ရေသောက်ပါ။

    အရက်ချည်းပဲ ဒိုင်ခံမော့တတ်တဲ့ အကျင့်ဟာ မနက်ခင်းမှာ အရက်နာကျတဲ့ ဝေဒနာကို ကောင်းကောင်းကြီးခံရမှာပါ။ အရက်လေး တစ်ခွက် သောက်လိုက်၊ အမြည်းလေး နည်းနည်းစားလိုက်၊ ရေလေး တစ်ငုံလောက် သောက်လိုက် လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓါတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်လို့ မနက်နိုးတဲ့အခါမှာ ပုံမှန်လောက် အာခေါင်ခြောက်နေတော့မှာ မဟုတ်ပါဘူး။

    ၄။ ဆေးလိပ်လျှော့သောက်ပါ။

    ဆေးလိပ်တွေ အလွန်အကျွံသောက်တဲ့အခါမှာ အရက်နာကျတာ ပိုပြီးဖြစ်နိုင်သလို ခံစားရတဲ့ ဝေဒနာလည်း ပိုပြီးပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့် မဖြစ်မနေသောက်မယ်ဆိုလည်း တစ်လိပ်လောက်ပဲ သောက်တာ အကောင်းဆုံးပါပဲ။

    အရက်သောက်ပြီးရင်လည်းပြည့်ဝစွာ အနားယူပေးဖို့ လိုအပ်ပါတယ်။ မနက်ခင်းနိုးလာတဲ့အခါမှာ ကိုယ်လက်မအီမသာဖြစ်နေရင်တောင် အစာတစ်ခုခု စားထားပေးပါ။ပြီးမှ ခဏအနားယူပါ ဒါမှမဟုတ် တစ်ရေးတမောပြန်အိပ်ပါ။အရက်ကို မရှောင်နိုင်ဘူးဆိုရင်တောင် ကျန်းမာရေးအသိနဲ့လျှော့သောက်ဖို့ အရေးကြီးပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement