backup og meta

မေးနှစ်ထပ် ဖြစ်လို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ ။

မေးနှစ်ထပ် ဖြစ်လို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ ။

V- shaped လိုမျိုး သွယ်လျ အချိုးကျတဲ့ မျက်နှာ လေးတစ်ခု ပိုင်ဆိုင်ချင်ကြတာ တို့မိန်းကလေးတိုင်းပါ။ ခက်တာက လောကကြီးမှာ လိုတာမရ ရတာမလိုဖြစ်နေတာတွေကများတော့ လိုချင်တာက သွယ်လျတဲ့မျက်နှာ ဖြစ်နေတာက မေးနှစ်ထပ် နဲ့ တွဲတွဲကြီးဖြစ်နေတော့ မှန်ထဲ ကြည့်လိုက်တိုင်း စိတ်ညစ်ကြတယ်လေ။

ခုလို ပျိုမေတို့ စိတ်ညစ်နေရတဲ့ မေးနှစ်ထပ်ပြဿနာကို အိမ်တွင်းဆေးနည်းလေးတွေနဲ့ သက်သာအောင် လုပ်လို့ရနေပြီဆိုတာ သိပါသလား။ မသိလိုက်ဘူး မဖြစ်ရလေအောင် ခုပဲ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြနော်။ ။

မေးနှစ်ထပ် ကို အပြတ် တိုက်ထုတ်မယ့် အိမ်တွင်းဆေးနည်းလေးများ ။ ။

ကြက်ဥ အကာ ။ ။

  • ကြက်ဥအနှစ် မပါဘဲ အကာချည်းသက်သက်ကို ပျားရည်သံပရာရည်၊ နို့ စားပွဲတင်ဇွန်း တစ်ဇွန်းဆီနဲ့ ရောခေါက်ပြီး မေးစိနားတစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။
  • မိနစ် ၃၀ ကြာအောင် ထားပြီး ရေပြန်ဆေးချပါ။
  • တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။

ကက်ဥအကာရဲ့ အသားအရေ တင်းရင်းမှု အစွမ်းကြောင့် တွဲကျနေတဲ့ သင့်မေးနှစ်ထပ် ပျောက်သွားပါလိမ့်မယ်။

လက်ဖက်စိမ်း လက်ဖက်ရည် ။ ။

  • လက်ဖက်စိမ်း( green tea ) လက်ဖက်ခြောက်ကို ရေနွေးထဲ ထည့်ခတ်ပြီး ပျားရည်လေးရောပြီး ပူပူလေးသောက်ပေးပါ။

လက်ဖက်စိမ်းရဲ့ ကိုယ်အလေးချိန်ကျစေတဲ့အစွမ်းကြောင့် နှစ်ထပ်ဖြစ်နေတဲ့သင့် မေးကြီးလည်း အဝေးကို ထွက်ပြေးသွားပါလိမ့်မယ်။

သံလွင်ဆီ ။ ။

သံလွင်ဆီကို အပူလေးပေးပြီး နှစ်ထပ်ဖြစ်နေတဲ့ မေးစေ့နေရာကို တစ်ညလုံး လိမ်းထား( ဒါမှမဟုတ် ) တစ်နာရီ ၂ နာရီလောက် လိမ်းထားပြီး ရေဆေးချပါ။

  • တစ်နေ့ တစ်ကြိမ်လောက် လုပ်ပေးပါ။
  • သံလွင်ဆီမှာပါတဲ့ ဗီတာမင် E ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် သင့်အသားအရေ ထိခိုက်ပျက်စီးတာကို တားဆီးပေးမယ့်အပြင် အရေပြားအတွက် လိုအပ်တဲ့ အစိုဓါတ်လည်း ရစေတာကြောင့် အသက်အရွယ်အရဖြစ်တဲ့ အသားအရေလျော့တွဲလာခြင်းကို အကောင်းဆုံး ကာကွယ်ပေးမှာပါ။

ပီကေဝါးပါ။

ကိုယ်ပေါ်ကအဆီတွေ ကျစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ရပါတယ်။ ဒါဆို နှစ်ထပ်ဖြစ်နေတဲ့ မေးစေ့က အဆီတွေ ကျဖို့ဆိုရင်ရော ဘာလုပ်ရမလဲ ။ လွယ်ပါတယ် ။ ပီကေဝါးပါ။ ပီကေဝါးနေတဲ့အချိန်ဆို မေးစေ့ကလည်း အငြိမ်မနေရတဲ့အတွက် မေးကို နှစ်ထပ်ဖြစ်စေတဲ့ အဆီတွေ လောင်ကျွမ်းသွားမှာပါ။

နှိပ်နယ်ပေးပါ။ ။

မေးစေ့နားတစ်ဝိုက်ကို နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု တွေ ကောင်းသွားပြီး မေးစေ့မှာ စုနေတဲ့ အဆီတွေ လောင်ကျွမ်းသွားမှာပါ။ လက်ချည်းပဲနှိပ်နှိပ် အဆီ တစ်မျိုးလိမ်းပြီးပဲ နှိပ်နှိပ် အဆင်ပြေပါတယ်။

ကဲ မေးနှစ်ထပ် ဖြစ်နေရင် စိတ်မညစ်နဲ့တော့နော် ။ ခုပြောထားတဲ့ နည်းလေးတွေ လိုက်လုပ်ကြည့်။ မှန်ထဲကြည့်လိုက်တာနဲ့ စိတ်ပြန်ချမ်းသာစေဖို့ တာဝန်ယူတယ်။ တစ်ခုပဲ။ စိတ်ရှည်ဖို့တော့ လိုတယ်နော်။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.stylecraze.com/articles/how-to-get-rid-of-double-chin/#gref Accessed Date 18.1.2019

https://www.curejoy.com/content/home-remedies-to-get-rid-of-double-chin/Accessed Date 18.1.2019

http://www.ba-bamail.com/content.aspx?emailid=6318Accessed Date 18.1.2019

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

ပီကေဝါးတာ ကောင်းလား၊ မကောင်းဘူးလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement