backup og meta

အဆီချခြင်း နဲ့ ငှက်ပျောသီး

အဆီချခြင်း နဲ့ ငှက်ပျောသီး

ငှက်ပျောသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ခပ်လတ်လတ်အရွယ်အစားရှိတဲ့ ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓါတ် ၃ ဂရမ်ကျော် ပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် စားသုံးသင့်တဲ့အာဟာရထဲမှာ အမျှင်ဓါတ်က ၂၅ ဂရမ်လောက် ပါဝင်သင့်ပါတယ်။

အမျှင်ဓါတ်များများစားသုံးခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတို့ရဲ့ ဆက်နွှယ်မှုကို သုတေသနကတွေ့ရှိထားပါတယ်။ အမျင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကိုလည်းလျော့ကျစေတယ်၊ ပုံမှန်ထိန်းညှိပေးနိုင်တယ်။ အမျှင်ဓါတ်ကြောင့် လူကိုဗိုက်ပြည့်တင်းတိမ်စေပြီး ကယ်လိုရီစားသုံးမှုကိုလျော့နည်းစေနိုင်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း ကျစေပြီး နှလုံးရောဂါအန္တရာယ်လည်းလျော့နည်းစေပါတယ်။

ပိုတက်စီယမ်

ခပ်လတ်လတ်အရွယ် ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ် ၄၂၂ မီလီဂရမ်ပါဝင်ပြီး ဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ပိုတက်စီယမ်က ခန္ဓါကိုယ်အတွင်း ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးလို့သွေးတိုးကိုကျစေပြီး နှလုံးရောဂါနဲ့လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့အပြင်ကျောက်မတည်အောင်လည်း ကာကွယ်ပေးပါတယ်။

မဂ္ဂနီဆီယမ်

ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်ပမာဏလည်း ပါဝင်မှုမနည်းပါဘူး။ ငှက်ပျောသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် မဂ္ဂနီဆီယမ် ၃၂ မီလီဂရမ်လောက်ပါဝင်ပြီးဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၈ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်က ခွန်အားဖြစ်ပေါ်မှု၊ အာရုံကြောစနစ်လုပ်ဆောင်ချက် နဲ့သွေးဖိအားထိန်းညှိမှု၊သွေးတွင်းသကြားဓါတ်ထိန်းညှိမှုတို့အတွက် မရှိမဖြစ်အရေးပါနေတာပါ။ ငှက်ပျောသီးမှာပါတဲ့ ဖလေဗာနွိုက်နဲ့ မဂ္ဂနီဆီယမ်တို့က အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုကောင်းစေပြီးသွေးချိုအတက်အကျကို တည်ငြိမ်စေဖို့ အထောက်အကူပေးပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/nutrition/bananas-and-weight

Accessed Aug 1, 2019.

https://www.medicalnewstoday.com/articles/325879.php

Accessed Aug 1, 2019.

https://www.verywellfit.com/do-bananas-cause-weight-gain-1087898

Accessed Aug 1, 2019.

ယခုပုံစံ

16/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ငှက်ပျောသီးလိုပဲ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ

ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ်



Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement