အဆီချခြင်း နဲ့ ငှက်ပျောသီး


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီချခြင်း နဲ့ ငှက်ပျောသီး

    ငှက်ပျောသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ခပ်လတ်လတ်အရွယ်အစားရှိတဲ့ ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓါတ် ၃ ဂရမ်ကျော် ပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် စားသုံးသင့်တဲ့အာဟာရထဲမှာ အမျှင်ဓါတ်က ၂၅ ဂရမ်လောက် ပါဝင်သင့်ပါတယ်။

    အမျှင်ဓါတ်များများစားသုံးခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတို့ရဲ့ ဆက်နွှယ်မှုကို သုတေသနကတွေ့ရှိထားပါတယ်။ အမျင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကိုလည်းလျော့ကျစေတယ်၊ ပုံမှန်ထိန်းညှိပေးနိုင်တယ်။ အမျှင်ဓါတ်ကြောင့် လူကိုဗိုက်ပြည့်တင်းတိမ်စေပြီး ကယ်လိုရီစားသုံးမှုကိုလျော့နည်းစေနိုင်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း ကျစေပြီး နှလုံးရောဂါအန္တရာယ်လည်းလျော့နည်းစေပါတယ်။

    ပိုတက်စီယမ်

    ခပ်လတ်လတ်အရွယ် ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ် ၄၂၂ မီလီဂရမ်ပါဝင်ပြီး ဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ပိုတက်စီယမ်က ခန္ဓါကိုယ်အတွင်း ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးလို့သွေးတိုးကိုကျစေပြီး နှလုံးရောဂါနဲ့လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့အပြင်ကျောက်မတည်အောင်လည်း ကာကွယ်ပေးပါတယ်။

    မဂ္ဂနီဆီယမ်

    ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်ပမာဏလည်း ပါဝင်မှုမနည်းပါဘူး။ ငှက်ပျောသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် မဂ္ဂနီဆီယမ် ၃၂ မီလီဂရမ်လောက်ပါဝင်ပြီးဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၈ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။

    မဂ္ဂနီဆီယမ်က ခွန်အားဖြစ်ပေါ်မှု၊ အာရုံကြောစနစ်လုပ်ဆောင်ချက် နဲ့သွေးဖိအားထိန်းညှိမှု၊သွေးတွင်းသကြားဓါတ်ထိန်းညှိမှုတို့အတွက် မရှိမဖြစ်အရေးပါနေတာပါ။ ငှက်ပျောသီးမှာပါတဲ့ ဖလေဗာနွိုက်နဲ့ မဂ္ဂနီဆီယမ်တို့က အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုကောင်းစေပြီးသွေးချိုအတက်အကျကို တည်ငြိမ်စေဖို့ အထောက်အကူပေးပါတယ်။

    ငှက်ပျောသီးက အချိုမများဘူးလား

    အစားအသောက်တွေမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ညွှန်းကိန်း(glycemic index)ဆိုတာ သွေးတွင်းသကြားဓါတ်ကိုသက်ရောက်မှုအရ အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။ GI လို့ခေါ်တဲ့ ဒီညွှန်းကိန်း ၅၅ နဲ့အောက် ရှိရင်သွေးတွင်းသကြားဓါတ်ကို ပုံမှန်ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အသီးအနှံတွေမှာက ပိုမှည့်လေ GI ညွှန်းကိန်းပိုမြင့်လေမို့ ငှက်ပျောသီးမှည့်တွေကသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုပိုများနိုင်ပါတယ်။

    ဒါ့ကြောင့် ငှက်ပျောသီးက စိမ်းလေ၊ အလုံးသေးလေ သကြားဓါတ်နည်းလေဖြစ်ပါတယ်။ မမှည့်သေးတဲ့ ငှက်ပျောသီးမှာအူသိမ်ထဲမှာချေဖျက်လို့မလွယ်တဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်တဲ့ resistant starch ဆိုတာတွေပါဝင်ပါတယ်။

    Resistant Starchတွေက အူမကြီးထဲကိုရောက်ရှိသွားတာဖြစ်လို့သွေးတွင်းသကြားဓါတ်ကို မတက်စေပါဘူး။ အူမကြီးထဲရောက်မှအူတွင်းကအကျိုးပြုဘက်တီးရီးယားတွေဖွံ့ဖြိုးမှုကို နှိုးဆွပေးတာဖြစ်ပါတယ်။

    သူက အမျှင်ဓါတ်နဲ့ အာနိသင်ချင်းဆင်တူတာမို့ ဝိတ်ကျလိုသူတွေresistant starch ကို စားပေးလို့ရပါတယ်။resistant starchကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်တင်းတိမ်နေစေနိုင်လို့ စားချင်စိတ်ကိုလျော့ကျစေမှာပါ။

    တကယ်တော့ အဆီချချင်တဲ့သူတွေဟာ ကိုယ်လောင်ကျွမ်းပစ်နိုင်လောက်တဲ့အတိုင်းအတာနဲ့ တွက်ဆပြီး ကယ်လိုရီကိုစားသုံးသင့်ပါတယ်။ ဒီလိုတွက်ချက်စားသုံးတဲ့နေရာမှာ ငှက်ပေျာသီးက အထောက်အကူတော့ဖြစ်နိုင်ပါတယ်။ သို့သော် သူ့ချည်းပဲဖိစားလို့ မသင့်တော်ဘူးဆိုတာလေး သတိချပ်စေချင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement