brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခန္ဓါကိုယ်ပေါ်က မထိသင့်တဲ့နေရာလေးများ

ကိုယ့်ခန္ဓါကိုယ် ပိုင်တာပဲ ထိချင်တဲ့နေရာထိမှာပဲလို့များတွေးနေလား။ ထိသင့်လို့ထိတာကပြဿနာမဟုတ်ပေမယ့် မထိသင့်တဲ့နေရာကို ထိမိရင်တော့ရှော့ခ် ရှိတယ်နော်။ ကဲ ဘယ်နေရာတွေကိုများ မထိသင့်တာလဲ။ ဆက်ကြည့်လိုက်ကြမလား။

ခန္ဓါကိုယ်ပေါ်က မထိသင့်တဲ့နေရာလေးများ

ခန္ဓါကိုယ်ရဲ့ မထိသင့်တဲ့ အစိတ်အပိုင်းတွေက

မျက်နှာ

မျက်နှာကို တစ်နေ့တာမှာ မကြာခဏဆိုသလို ထိတွေ့တယ်ဟုတ်။ ဒါဆို ခုကစပြီး မထိမိအောင် စကြိုးစားပါတော့မျက်နှာကို လက်နဲ့ထိတာက မျက်နှာပေါ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သယ်ပို့လိုက်တာပါပဲ။ မျက်နှာမှာ ဓါတ်မတည့်တာတွေဖြစ်တယ်။ ဝက်ခြံတွေထွက်တယ်၊အသားအရေပြဿနာမျာတယ်ဆိုတာ မျက်နှာကို လက်နဲ့ခဏခဏထိနေလို့ပါ။ ထိဖို့တောင် မထိနဲ့ဆိုတော့ ကုတ်တာဖဲ့တာအတွက်ကတော့မေးနေစရာမလိုအောင်ကို နိုးပါနော်။

ပါးစပ်

ပါးစပ်ထဲကို လက်ထည့်တတ်လား။ စဉ်းစားနေချိန်မှာ လက်သည်းကိုက်တာမျိုးလေ။ ဒါမှမဟုတ် သွားမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး လက်ချောင်းလေးတွေကို အလါယတကူသုံးတာမျိုးပေါ့။ ဒါမျိုးက တကယ်ကို အဆင်မပြေပါဘူးနော်။ လက်ချောင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေက ပါးစပ်ကနေတဆင့် ဝမ်းထဲရောက်သွားပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။

အနာပေါက်ပွင့်နေတဲ့ အနာ

ဒါကတော့ အထွေအထူးပြောနေစရာမလိုလောက်ပါဘူးနော်။ အနာကိုသေချာအောင်ကာကွယ်မှ ဘက်တီးရီးယားတွေလက်ကနေ လွတ်မှာပါ။ ဒါကြောင့် အနာရင်းတာ၊ အနာရှိန်ကြောင့်ဖျားနာတာမျိုးမဖြစ်စေဖို့ အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးလုပ်ပေးပါ။ အနာကို ကိုယ်ပိုင်တာပဲ ဆိုပြီး ခဏခဏသွားထိမနေပါနဲ့နော်။

နှာခေါင်းအတွင်းပိုင်း

အောက်ပိုင်းဆိုတာက စအိုနေရာကိုပါနော်။ ဝမ်းကရောဂါပိုးတွေက လက်မှာကပ်ငြိပြီး အစားအစာတွေမှာ ပါသွားပြီးရောဂါဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် ခန္ဓါကိုယ်အောက်ပိုင်းကို လုံးဝမထိပါနဲ့။ ထိမိရင်လည်း လက်ကိုသေချာဆေးကြောပေးပါ။

မျက်လုံး

မျက်လုံးကို လက်နဲ့ပွတ်တဲ့အခါ မျက်ကြည်လွှာထိခိုက်နိုင်သလို မျက်လုံးထဲကို ပိုးတွေ အလုံးအရင်းနဲ့ ဝင်ရောက်သွားနိုင်ပါတယ်။ မျက်လုံးက ပုံမှန်အတိုင်းရောဂါကူးစက်ခံရနိုင်ခြေနည်းပေမယ့် ဘက်တီးရီးယားတွေအလွယ်တကူကပ်ငြိနေတဲ့ လက်ချောင်းတွေ၊လက်ဝါးတွေနဲ့ ပွတ်မယ်၊ ထိမယ်ဆိုရင်တော့ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်နော်။

နားအတွင်းပိုင်း

နားကို လက်နဲ့ ကလော်ခဲတယ်ဆိုပေမယ့် တစ်ခါတလေဆိုတာရှိနိုင်ပါတယ်။ နားအတွင်းပိုင်း အရေပြားက နူးညံ့ထိခိုက်လွယ်ပါတယ်။ ဒီလိုထိခိုက်လွယ်တဲ့ အစိတ်အပိုင်းကို ဘက်တီးရီးယားတို့ ခိုအောင်းရာလက်နဲ့ ကလော်မယ်ဆိုရင်တော့ရောဂါပိုးတွေကပျော်ပျော်ကြီးနားထဲဝင်သွားမှာပါ။ နားကိုက်တာ နားနာတာတွေဖြစ်စေနိုင်ပါတယ်နော်။

ဒီအချက်လေးတွေကို သတိထားလိုက်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်မှာပါနော်။ ဒီတော့ အခုကစပြီး သတိထားဖို့ပြောပါရစေနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။