၄။ ညအချိန်အမြင်အာရုံအားနည်းခြင်း
ဗီတာမင်အေ ချို့တဲ့ရင် ညအချိန် ဒါမှမဟုတ် အမှောင်ထဲမှာ မြင်နိုင်စွမ်း လျော့ကျသွားပါတယ်။ ဗီတာမင် အေ ချို့တဲ့တယ်လို့ သံသယရှိရင် ကလီစာ၊ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ဥအမျိုးမျီုး၊ ငါးအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊ အဝါရောင်ရှိသော အသီးအနှံများစတဲ့ ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ဗီတာမင်အေ အားဆေးတွေကိုလည်း သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဗီတာမင်အေ လွန်ကဲသွားရင်လည်း ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ အရိုးအဆစ်များနာခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
ကိုယ်ခန္ဓာရဲ့ အဆီထွက်တဲ့နေရာတွေကို ထိခိုက်စေတဲ့ အရေပြားပြဿနာကြောင့် ဖြစ်တတ်ပါတယ်။ အရေပြားမှာ အကွက်များထပြီး ယားယံတတ်ပါတယ်။ ဦးရေပြားမှာလည်း ဗောက်ထတတ်ပါတယ်။ ဒီပြဿနာဟာ အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဇင့်၊ ဗီတာမင် B3၊ ဗီတာမင် B2 နဲ့ ဗီတာမင် B6 စတာတွေ နည်းပါးလို့ ဖြစ်နိုင်ပါတယ်။ ဗီတာမင် B အုပ်စုဝင်တွေများပြားတဲ့ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ကလီစာ၊ ပဲအမျိုးမျိုး စတာတွေ စားသုံးသင့်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပင်လယ်စာ၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ အခွံမာသီး စတာတွေ ဖြစ်ပါတယ်။
လူအများစု ကြုံတွေ့နေကြ ပြဿနာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူများရဲ့ ၅၀%ဟာ အသက် ၅၀ လောက်မှာ ဆံပင်တွေ ကျွတ်လာတတ်ပါတယ်။ အာဟာရဓာတ်အချို့နည်းရင်လည်း ဆံပင်ကျွတ်လွယ်ပါတယ်။ အဓိကအားဖြင့် အောက်ဖော်ပြပါ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။
• သံဓာတ် – ဒီအန်အေဖွဲ့စည်းခြင်းမှာ ပါဝင်တဲ့ အာဟာရဓာတ်ဖြစ်ပြီး ဆံပင်အရင်းနေရာက ဒီအန်အေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ်နည်းလွန်းရင် ဆံပင်ပေါက်ဖို့ခက်ပြီး ကျွတ်လွယ်ပါတယ်။
• ဇင့် – ပရိုတိန်းဖွဲ့စည်းခြင်းအတွက် အသုံးပြုတဲ့အတွက် ဆံပင်ပေါက်ခြင်းအတွက် အရေးပါပါတယ်။ ဇင့်ဓာတ်ချို့ယွင်းရင် ဆံပင်ပေါက်ဖို့ ခက်ပါတယ်။
• Linoleic acid (LA) နှင့် alpha-linolenic acid (ALA) – ဖက်တီးအက်ဆစ်တွေဖြစ်ပြီး ဆံပင်ရှည်ထွက်ဖို့၊ ဆံသားကို ထိန်းသိမ်းထားဖို့ အရေးပါပါတယ်။
• ဗီတာမင် B3 – ဆံသားကို သန်စွမ်းအောင် ထိန်းသိမ်းထားပါတယ်။ ဆံပင်ကွက်ပြီး ကျွတ်တတ်ခြင်းဟာ ဗီတာမင် B3 ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
• ဗီတာမင် B7 – Biotin လျော့နည်းခြင်းဟာလည်း ဆံပင်များကျွတ်ရခြင်းရဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။
၇။ အရေပြားပေါ် အနီဖု၊ အဖြူဖုများပေါက်ခြင်း
ပါး၊ လက်မောင်း၊ ပေါင်၊ တင်ပါး စတာတွေမှာ ဖြစ်တတ်ပါတယ်။ မွေးကျွတ်နာပုံစံမျိုးပါ တွေ့ရပါတယ်။ ဗီတာမင် အေနဲ့ ဗီတာမင် စီ ချို့တဲ့ရင်ဖြစ်တတ်ပါတယ်။ အသားငါး၊ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊ အဝါရောင် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ စတာတွေကို ပိုမိုစားသုံးသင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။