
ချမ်းတတ်လိုက်တာ၊ သူများတွေအိုက်နေချိန် ကိုယ့်မှာ အနွေးထည်လေးနဲ့။ သူများတွေ အရမ်းချမ်း နေချိန်ဆိုရင်တော့ ကိုယ့်မှာမေးရိုက်အောင် တဆတ်ဆတ်တုန်နေရော။ လူကောင်က အကြီးကြီးနဲ့ ချမ်းတတ်နေလိုက်တာ၊ အဖြစ်သည်းမနေနဲ့လို့တော့ မထင်လိုက်ကြပါနဲ့။ ဒီလို အအေးဒဏ်ကို ခံနိုင်ရည်မရှိတာက ပိန်တာ ဝတာနဲ့ သိပ်တော့မဆိုင်ပါဘူး။ ဘာတွေနဲ့ဆိုင်လဲ ချင့်ချိန်လို့ရအောင် ဖြစ်နိုင်ခြေတွေပြောပြမယ်နော်။
ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတဲ့အခါ လူက ပင်ပန်းလွယ်တယ်၊ အားနည်းတယ်၊ အသက်ရှူမဝဖြစ်တယ်၊ အရမ်းချမ်း လွယ်တယ်၊ အထူးသဖြင့် ခြေဖျားလက်ဖျားအေးတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးစစ်၊ အားဆေးသောက်သင့်သောက်၊ စားသင့်တာစားရပါမယ်။