backup og meta

တကျော့ပြန်လာတဲ့ အိုမီခရွန်

တကျော့ပြန်လာတဲ့ အိုမီခရွန်

လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာ ကိုဗစ်လူနာတွေ ပြန်လည်မြင့်တက်လာပါတယ်။ အဓိကကတော့ စတုတ္ထလှိုင်းမှာ တော်တော်များများကို ကူးခဲ့တဲ့ အိုမီခရွန်ပဲ ဖြစ်ပါတယ်။ တကျော့ပြန်လာတဲ့ အိုမီခရွန် အတွက် ဘာတွေများ ကြိုတင်ပြင်ဆင်ထားကြမလဲ။

တကျော့ပြန်လာတဲ့ အိုမီခရွန် ရဲ့ လက်ရှိအခြေအနေ

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာလည်း လူနာတွေ ပြန်တွေ့လာရပါပြီ။ ဒေသတွင်းနိုင်ငံတွေမှာဆိုရင်လည်း ဘရူနိုင်းမှာ မတ်လနောက်ပိုင်းမှာ ဒီတစ်ခါ လူနာတွေ သိသိသာသာ များလာတယ်လို့ ဆိုပါတယ်။ စင်ကာပူမှာလည်း လွန်ခဲ့တဲ့ ၁၀ရက်အတွင်းမှာ ပိုးတွေ့လူနာတွေ များလာတယ်လို့ ပြောပါတယ်။ မကြာသေးခင်ကမှ ခရီးသွားတွေကို လက်ခံခဲ့တဲ့ အိမ်နီးချင်း ထိုင်းမှာလည်း လူနာတွေ များလာနိုင်ခြေ ရှိတာကြောင့် ကိုဗစ်စင်တာတွေ စပြင်နေပါပြီ။ လိုအပ်ရင် ကျောင်းတွေပိတ်ပြီး အွန်လိုင်းသင်ကြားမှုစနစ်စဖို့ ပြင်ဆင်ထားကြပါပြီ။

အနောက်နိုင်ငံတွေမှာလည်း ပိုးတွေ့လူနာတွေ သိသိသာသာများလာတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ပတ်အတွင်းမှာကိုပဲ တစ်ကမ္ဘာလုံးအနေနဲ့ ပြောရမယ်ဆို ပိုးတွေ့လူနာ ၃၀%လောက် တိုးလာတယ်လို့ WHOက ထုတ်ပြန်ခဲ့ပါတယ်။

အိုမီခရွန်ပိုး အသစ်ထွက်လာတာလား။

နိုင်ငံအများစုမှာတော့ အိုမီခရွန် BA.4 နဲ့ BA.5ပဲ ဖြစ်ပါတယ်။ ဒါက စတုတ္ထလှိုင်းမှာတုန်းက လူတော်တော်များများ အကူးခံခဲ့ရတဲ့ အိုမီခရွန်ရဲ့ တခြားမျိုးစိတ်ကွဲတွေပဲ ဖြစ်ပါတယ်။ BA. 2. 75 ဆိုတာလည်း ထပ်တွေ့ရပေမယ့် ဒါကိုတော့ လေ့လာနေဆဲပဲ ဖြစ်ပါတယ်။

အိုမီခရွန်က ပိုဆိုးလာနိုင်သလား။

အိုမီခရွန်က တခြားကိုဗစ်ပိုးတွေနဲ့ ယှဉ်ရင် လက္ခဏာက ထူးထူးခြားခြား ကွာလှတာမျိုး မရှိပါဘူး။ ကူးစက်နှုန်းနဲ့ ပြင်းထန်နှုန်းကတော့ နည်းနည်းကွာပါတယ်။

အမေရိကန် CDCရဲ့ အဆိုအရတော့ ဒီတစ်ခါဖြစ်တဲ့ BA.4နဲ့ BA.5က အရင်အိုမီခရွန် ပိုးအဟောင်းတွေထက် ကူးစက်နှုန်းမြန်မယ်လို့ ယူဆကြပါတယ်။ ရောဂါပြင်းထန်နှုန်းတွေ၊ ဆေးရုံတက်ရနှုန်းတွေ၊ သေနှုန်းတွေကတော့ အရင့်အရင် ဒယ်တာတို့လို ပိုးအဟောင်းတွေနဲ့ ယှဉ်ရင် နည်းမယ်လို့ ထင်ကြေးပေးထားကြပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ကာကွယ်ဆေး ထိုးထားသလား။ အရင်က ကိုဗစ်ဖြစ်ဖူးသလား။ အသက်အရွယ်နဲ့ ရောဂါအခံတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

တကျော့ပြန်လာတဲ့ အိုမီခရွန်

တကျော့ပြန်လာတဲ့ အိုမီခရွန် ကို ဘယ်လိုရင်ဆိုင်ကြမလဲ။

အရင်လို ဓာတ်ပြားဟောင်းပဲ ပြန်နားထောင်ကြရဦးမှာပါ။

  • ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးပါ။

ကိုဗစ်ကာကွယ်ဆေး လုံးဝမထိုးထားရသေးရင် ထိုးဖြစ်အောင် ထိုးပါ။ ထိုးထားတာ ၆လလောက်ကြာရင် ထပ်ဆောင်းကာကွယ်ဆေးထိုးပါ။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ ရောဂါအခံရှိသူတွေ၊ နာတာရှည်ခုခံအားကျနေတဲ့သူတွေကို ဦးစားပေး ထိုးထားပါ။

ထပ်ဆောင်းကာကွယ်ဆေးတွေက အရေးကြီးပါတယ်။ ထပ်ဆောင်းကာကွယ်ဆေး ထိုးထားရင် မတော်တဆ အကူးခံရရင်တောင် အခြေအနေမဆိုးအောင် ကာကွယ်ပေးနိုင်ပါတယ်လို့ Vanderbilt University Medical Centerက ကူးစက်ရောဂါပညာရှင် Dr. William Schaffnerက ဆိုပါတယ်။

ကာကွယ်ဆေး ၂ကြိမ် ပြည့်ပေမယ့် ထပ်ဆောင်းကာကွယ်ဆေး မထိုးထားသူတွေက ထိုးထားသူတွေထက် ချောင်းပိုဆိုးတာ၊ ပိုဖျားတာ၊ ပိုနုံးတာတွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် ရောဂါဒဏ်ကို ပိုခံရတယ်လို့ NewYork-Presbyterian/Columbia University Medical Centerက ဒါရိုက်တာ Dr. Craig Spencer က သတိပေးထားပါတယ်။

  • တစ်ကိုယ်ရည် ကာကွယ်မှုတွေ လိုက်နာပါ။

လူစုလူဝေးကို ရှောင်တာ၊ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာတွေကို ပြန်လုပ်ကြပါ။ ခုတလော နှာခေါင်းစည်းမပါဘဲ အပြင်ထွက်တဲ့သူတွေ အများကြီးတွေ့နေရတာကြောင့် သေသေချာချာ ပြန်တပ်ကြဖို့၊ အရင်လိုပဲ သတိထားကြဖို့ အကြံပေးလိုပါတယ်။

  • မိမိကိုယ်ကို သံသယရှိရင် ဆေးစစ်ပါ။

မိမိမှာ ကိုဗစ်လက္ခဏာတွေ ခံစားရရင် စောစောစီးစီး ကိုဗစ်စစ်ဆေးပါ။ ခုလို ရာသီမှာ တုပ်ကွေးလည်း ဖြစ်နိုင်ပေမယ့် သံသယရှိရင် ချက်ချင်းဆေးစစ်ပါ။ ပေါ့စတစ်ဆို မိသားစုနဲ့ ဝေးဝေးနေပါ။ အလုပ်က နားရက်ယူပါ။ ဒီလိုမှပဲ ပိုးကူးစက်မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အရင်က အိုမီခရွန်ဖြစ်ပြီးပြီ။ ခုထပ်ဖြစ်နိုင်သလား။

BA.5က ကူးစက်လွယ်ပြီး ခုခံအားစနစ်ကို ကျော်လွှားနိုင်တဲ့အတွက် အရင်က အိုမီခရွန်ဖြစ်ဖူးလည်း ပြန်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရင်က ဖြစ်ဖူးတာ ရက်၉၀ကျော်သွားရင် ခုခံအား နည်းသွားလို့ ပိုကူးနိုင်ပါတယ်။

အရင်က ဖြစ်ဖူးတာက ခုမဖြစ်အောင် ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူးလို့ New York, Mount Sinai Health Systemက ကူးစက်ရောဂါကာကွယ်ရေး ဒါရိုက်တာ Dr. Bernard Caminsက ဆိုပါတယ်။

တစ်ခုရှိတာက ထပ်အကူးခံရတဲ့အခါ အရင်ကလောက် မပြင်းထန်နိုင်ဘူးလို့ ယူဆရပါတယ်။

တကျော့ပြန် အိုမီခရွန်အတွက် ဘာတွေပြင်ကြမလဲ။


အဓိကကတော့
  • ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးထားပါ။
  • အရင်လိုပဲ လက်ဆေးပါ။ နှာခေါင်းစည်း တပ်ပါ။
  • သံသယရှိရင် ဆေးစစ်ပြီး လူတွေနဲ့ ဝေးဝေးနေပါ။
  • အရင်က ကူးဖူးတယ်ဆိုပြီး မပေါ့ဆဖို့ အကြံပြုချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Omicron and BA.5: A Guide to What We Know https://www.yalemedicine.org/news/5-things-to-know-omicron Accessed Date Jul 11, 2022

WHO Director-General’s opening remarks at the Member State Information Session on COVID-19 and other issues https://www.who.int/director-general/speeches/detail/who-director-general-s-opening-remarks-at-the-member-state-information-session-on-covid-19-and-other-issues Accessed Date Jul 11, 2022

Five things we’ve learned about the BA.4 and BA.5 Omicron variants https://www.gavi.org/vaccineswork/five-things-weve-learned-about-ba4-and-ba5-omicron-variants?gclid=Cj0KCQjwlK-WBhDjARIsAO2sErTMwtot4gG_J_KkANXkC_f1iBYWNgWQdJ3MYYzMXFW3YjqHe3ibVLYaAvX1EALw_wcB Accessed Date Jul 11, 2022

Coronavirus (COVID-19) Update: FDA Recommends Inclusion of Omicron BA.4/5 Component for COVID-19 Vaccine Booster Doses https://www.fda.gov/news-events/press-announcements/coronavirus-covid-19-update-fda-recommends-inclusion-omicron-ba45-component-covid-19-vaccine-booster Accessed Date Jul 11, 2022

Stay Up to Date with Your COVID-19 Vaccines https://www.cdc.gov/coronavirus/2019-ncov/vaccines/stay-up-to-date.html Accessed Date Jul 11, 2022

ယခုပုံစံ

11/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။

အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement