backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း

ဆီးချို ဆိုတာဘာလဲ

ဆီးချို ဆိုတာ သင့်ခန္ဓာကိုယ်မှာ အင်ဆူလင်ဓာတ် မထုတ်နိုင်တော့ခြင်း၊ အင်ဆူလင်အထွက်နည်းခြင်း ဒါမှမဟုတ် အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်တော့တဲ့အခါ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးတဲ့ ဇီဝဖြစ်ပျက်မှုရောဂါတစ်ခုကို ဆိုလိုပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က ဆဲလ်တိုင်းဟာ သကြား (ဂလူးကို့စ်) ကို စွမ်းအင်အတွက် လိုအပ်ပါတယ်။ အင်ဆူလင်ဟာ သကြားဓာတ်ကို ဖြိုခွဲဖို့နဲ့ ဆဲလ်တွေဆီကို ပို့ဆောင်ပေးဖို့ လုပ်ဆောင်ပါတယ်။

သင့်မှာ အင်ဆူလင်အလုံအလောက်မရှိရင် သွေးတွင်းသကြားဓာတ်တွေ များလာပါတယ်။ အဲ့ဒီအခြေအနေကို hyperglycemia လို့ ခေါ်ပါတယ်။ Hyperglycemia ဟာ မျက်လုံးအပါအဝင် သင့်ကိုယ်ခန္ဓာ အစိတ်အပိုင်းအားလုံးအတွက် အဖျက်သဘောဆောင်ပြီး ဆိုးကျိုးသက်ရောက်ပါတယ်။

အမြင်ဝေဝါးခြင်းဟာ ဆီးချိုရောဂါရဲ့ ရှေးဦးသတိပေးချက် သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သင့်မျက်လုံး ကြည့်ရတာ ဝါးလာခြင်းဟာ မျက်လုံးအိမ်ထဲက မှန်ဘီလူးထဲကို အရည်တွေ စိမ့်ဝင်လာလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအခါ မှန်ဘီလူးရောင်လာပြီး ပုံစံပြောင်းလာပါတယ်။ မျက်လုံးဟာ ပုံရိပ်တွေကို စူးစိုက်ရခက်လာပြီး မသဲမကွဲမြင်လာရပါတယ်။

အင်ဆူလင်ကုသမှုကို စတင်ခံယူချိန်မှာလည်း အမြင်အာရုံဝါးတတ်ပါတယ်။ အဲ့ဒါဟာ အရည်ဓာတ်တွေ ပြောင်းလဲသွားလို့ဖြစ်ပြီး များသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာရင် ပြန်ကောင်းသွားတတ်ပါတယ်။ လူအတော်များများမှာတော့ သွေးတွင်းသကြားဓာတ် တည်ငြိမ်လာရင် အမြင်လည်း ပြန်ကောင်းလာတတ်ပါတယ်။

ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း ဘယ်လိုဖြစ်သလဲ။

ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ Diabetic Retinopathy ဆိုတဲ့အသုံးအနှုန်းဟာ ဆီးချိုကြောင့် မျက်စိအမြင်လွှာ ပျက်စီးလာခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ အချို့ပြဿနာတွေမှာ အမြင်လွှာတဝိုက်ရောင်ရမ်းခြင်း (macular edema) နဲ့ မျက်စိအမြင်လွှာ လျင်မြန်စွာ ပျက်စီးလာခြင်း (proliferative retinopathy) စတဲ့အခြေအနေတွေ ပါဝင်ပါတယ်။

Macular edema ကတော့ macula လို့ခေါ်တဲ့ မျက်လုံးအိမ်အလွှာထဲမှာ အရည်တွေစုဝင်လာပြီး ရောင်ရမ်းခြင်းဖြစ်ပါတယ်။ Macula ဟာ အမြင်လွှာရဲ့ အမြင်အာရုံတွေကို ပြတ်သားအောင် စုစည်းပေးတဲ့အပိုင်း ဖြစ်ပါတယ်။ Macular edema ရဲ့ တခြားလက္ခဏာကတော့ အမြင်အာရုံတွေ လှိုင်းထလာခြင်းနဲ့ အရောင်တွေပြောင်းမြင်ခြင်းပဲ ဖြစ်ပါတယ်။

Proliferative retinopathy ကတော့ သွေးကြောတွေပေါက်ပြီး မျက်စိအတွင်းပိုင်းကို စိမ့်ဝင်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ အမြင်အာရုံဝေဝါးခြင်းဟာ ဒီလိုဖြစ်လာရတဲ့ လက္ခဏာများထဲမှ တချက် ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် သင့်အနေနဲ့ အစက်အပြောက်လေးတွေ ပေါလောမျောနေသလို မြင်နေရပြီး ညဖက်တွေမှာ မမြင်နိုင်တာတွေ ဖြစ်လာပါတယ်။

အမြင်အာရုံဝေဝါးခြင်းဟာ ​ရေတိမ်ရောဂါရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ အဲဒီရောဂါဟာ မျက်လုံးအတွင်းဖိအားများလို့ အမြင်အာရုံကြောထိခိုက်ပြီး ဖြစ်လာရခြင်းပါပဲ။ အမျိုးသားမျက်စိသိပ္ပံရဲ့ အဆိုအရ ဆီးချိုရောဂါရှိရင် ရေတိမ်ဖြစ်လာနိုင်ခြေက တခြားအရွယ်ရောက်ပြီးသူများရဲ့  ၂ဆ ရှိပါတယ်။ ရေတိမ်ရဲ့ အခြားလက္ခဏာတွေကတော့

  • မြင်ကွင်းနံဘေးပိုင်း အမြင်ချို့ယွင်းခြင်း (သို့) အမြင်ကျဉ်းမြောင်းခြင်း
  • အလင်းရောင်များတဝိုက် ရောင်စဉ်တန်းများ၊ အလင်းကွင်းများ မြင်နေခြင်း
  • မျက်လုံးအိမ်နီရဲခြင်း
  • မျက်လုံးအိမ်အောင့်ခြင်း
  • ပျို့အန်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။
  • အတွင်းတိမ်ရောဂါဖြစ်လာရင်လည်း အမြင်အာရုံချို့ယွင်းလာတတ်ပါတယ်။ အတွင်းတိမ်ဟာ သင့်မျက်စိရဲ့ မှန်ဘီလူးကို ဝေဝါးလာစေပါတယ်။ ဆီးချိုရောဂါသမားတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ တိမ်ဖြစ်လာပါတယ်။ အတွင်းတိမ်ရောဂါရဲ့ လက္ခဏာတွေကတော့

    • အရောင်များ ဖျော့တော့ခြင်း
    • အုံ့ဆိုင်းဝေဝါးစွာ မြင်ရခြင်း
    • ပုံရိပ်နှစ်ထပ်မြင်ရခြင်း
    • အလင်းရောင်ကြောက်ခြင်း
    • အလင်းရောင်တဝိုက်တွင် ရောင်စဉ်တန်းများ၊ အလင်းကွင်းများ မြင်နေရခြင်း
    • မျက်မှန်အသစ်များ မကြာခဏပြောင်းလဲပေးသော်လည်း အမြင်အာရုံတိုးတက်မလာခြင်း

    အမြင်မကြည်ရတဲ့အကြောင်းတွေက ဘာတွေလဲ

    အမြင်မကြည်လင်ခြင်းဟာ ဆီးချိုကြောင့်လို့ ဆိုနိုင်ပေမယ့် တခြားအကြောင်းရင်းတွေ အများကြီးရှိပါသေးတယ်။ အဖြစ်များတဲ့အကြောင်းတွေကတော့

    • မျက်စိခြောက်သွေ့ခြင်း
    • အဝေးမှုန်ခြင်း
    • သွေးပေါင်ကျခြင်း
    • မျက်လုံးဒဏ်ရာရခြင်း၊ ရောင်ခြင်း၊ ပိုးဝင်ခြင်း
    • အချို့ညွှန်းဆေးများကြောင့် ဖြစ်ခြင်း

    အကယ်၍ သင့်အနေနဲ့ ကွန်ပျူတာမော်နီတာ ဒါမှမဟုတ် အီလက်ထရောနစ်ပစ္စည်းတစ်ခုခုကို အကြာကြီးကြည့်နေရရင် အမြင်အာရုံဝေဝါးလာပါလိမ့်မယ်။ အဲ့ဒါကို ဒစ်ဂျီတယ်မျက်လုံးဒဏ် (digital eye strain)လို့ ခေါ်ပါတယ်။ သင့်မျက်လုံးများဟာ အလင်းရောင်ကို ကောင်းစွာမမြင်နိုင်တော့တာ ဒါမှမဟုတ် ဒစ်ဂျီတယ်မျက်နှာပြင်ဟာ အရောင်တွေမသဲကွဲတော့တာ ဖြစ်လာနိုင်ပါတယ်။

    သင်ဟာ သင့်တော်တဲ့ အကွာအဝေးကနေ ထိုင်ပြီး သုံးတာမဟုတ်ဘူးဆိုရင် ဒီကိစ္စဟာလည်း ပြသနာတရပ်ပါပဲ။ ဒစ်ဂျီတယ်မျက်နှာပြင်ကြောင့် မျက်လုံးထိခိုက်ရခြင်း လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ မျက်စိခြောက်သွေ့ခြင်း၊ လည်ပင်းဇက်ကြောနဲ့ ပခုံးနာခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့ သင့်အနေနဲ့ အလုပ်လုပ်တဲ့ နေရာထိုင်ခင်းကို ပြုပြင်ခြင်း၊ မကြာခဏအနားယူခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။

    အမြင်မကြည်လင်ခြင်းဟာ ကိုယ်ခံအားချို့ယွင်းခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောပျက်စီးတဲ့ရောဂါတစ်မျိုး (Multiple sclerosis)နဲ့ ကိုယ်ခံအားစနစ်ယိုယွင်းမှုကြောင့် အရေပြားထိခိုက်ပျက်စီးတဲ့ရောဂါ (lupus) တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါကိုကုသရင်တော့ အမြင်ဝေဝါးတဲ့လက္ခဏာကိုပါ သက်သာစေနိုင်ပါတယ်။

    ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း ကို ကုသနည်း

    သင့်မှာ ဆီးချိုရှိနေပြီဆိုရင် မျက်လုံးပြဿနာဖြစ်လာနိုင်ခြေများပါတယ်။ မျက်လုံးကို ပုံမှန်စစ်ဆေးနေဖို့ အရေးကြီးပါတယ်။ မျက်လုံးစစ်တဲ့အခါ သူငယ်အိမ်ကျယ်တာ စစ်သလိုမျိုး အားလုံးကို ခြုံငုံစစ်ဆေးသင့်ပါတယ်။

    ဆရာဝန်ကို သင့်မှာဖြစ်သမျှ လက္ခဏာတွေရော၊ ဘာဆေးတွေသောက်နေရတယ် ဆိုတာပါ ပြောပြဖို့ လိုပါတယ်။ အမြင်မကြည်ခြင်းဟာ မျက်စဉ်းခပ်တာ၊ မျက်မှန်အသစ်လုပ်တာစတဲ့နည်းလမ်းတွေနဲ့ မြန်မြန်ကုနိုင်တဲ့ ပြဿနာအသေးအဖွဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆိုးရွားတဲ့ မျက်လုံးရောဂါ ဒါမှမဟုတ် ဆီးချိုကြောင့်မဟုတ်တဲ့ တခြားပြဿနာလည်း ဖြစ်နေနိုင်ပါသေးတယ်။ ဒါကြောင့် အမြင်မကြည်တာ၊ အမြင်အာရုံပြောင်းလဲတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

    တော်တော်များများမှာတော့ စောစောကုသမယ်ဆိုရင် အမြင်အာရုံပြန်ကောင်းလာအောင်၊ ပိုဆိုးမသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ – သင်ဟာ သွေးတွင်းသကြားဓာတ်ကို မထိန်း နိုင်လို့ ဖြစ်တာဆိုရင် ဆရာဝန်က သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ကူညီပေးပါလိမ့်မယ်။  ဒါပေမယ့် ကုသမှုမစခင်မှာ ဖြစ်ပွားရတဲ့အကြောင်းရင်းကို အရင်ရှာဖွေရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement