အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ flexible cystoscopy ဆိုတာဘာလဲ။
သင့်ဆီးအိမ်ထဲမှာ ဘာပြဿနာရှိလဲသိနိုင်ဖို့ ဆီးအိမ်ထဲ မှန်ပြောင်းအပျော့လေးထည့်ပြီး စစ်ဆေးကြည့်ရှုတာကို flexible cystoscopy လို့ ခေါ်ပါတယ်။ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်းဟာ ဆီးအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သိရှိအဖြေရှာနိုင်ဖို့အတွက် အထူးသင့်တော်ပြီး အန္တရာယ်လည်း မရှိတဲ့ စစ်ဆေးမှုတမျိုး ဖြစ်ပါတယ်။