အရိုး၏သိပ်သည်းဆကို တိုင်းတာသော စက်ကိရိယာများ ခေတ်စားလာသည်နှင့် အမျှ၊ ယခုအခါတွင် အရိုးပွခြင်းကို လွယ်ကူသောနည်းများဖြင့် ရောဂါရှာဖွေနိုင်ပြီဖြစ်သည်။
အရိုးသည် အရိုးဆဲလ်များ ဖြစ်ပေါ်ခြင်း၊ပျက်စီးခြင်း အားဖြင့် အမြဲပြောင်းလဲနေသည်။ အရိုးပွခြင်းသည် သွေးဆုံးပြီးနောက် အမျိုးသမီးများတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းသည် အရိုးဆဲလ်များ ပျက်စီးခြင်းများပြီး ဖြစ်ပေါ်ခြင်းနည်းသောကြောင့်ဖြစ်သည်။ ထို့နောက် အရိုးသည် ပါးပြီး အားနည်းလာပြီး ကျိုးလွယ်သည့် အခြေအနေသို့ရောက်လာခြင်းဖြစ်သည်။ ယခုခေတ်တွင် အရိုးပွခြင်းသည် အမျိုးသားများတွင်လည်း ဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။ ကြိုတင်သိရှိခြင်းသည် ကာကွယ်မှုများပြုလုပ်နိုင်သောကြောင့် အရိုးပွခြင်းကို ကာကွယ်နိုင်သည်။
အရိုး၏ သိပ်သည်းဆကို တိုင်းတာခြင်းသည် အရိုးပွခြင်းကို သိရှိနိုင်ရန် များစွာအထောက်အကူပြုသည်။ သို့သော် သမားတော်များသည် အရိုး၏ ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွင် အသေးစား ပြောင်းလဲမှုများကို သတိမပြုမိကြပေ။ အရိုးသိပ်သည်းဆကို စစ်ဆေးခြင်းကို ကုသမှုတွင် တိုးတက်မှုရှိ၊ မရှိ သိနိုင်ရန် အသုံးပြုသော်လည်း အရိုးသပ်သည်းဆတွင် ပြောင်းလဲမှုရှိရန် နှစ်ပေါင်းများစွာ ကြာနိုင်ပါသည်။ turnover maker [BTM] အရိုးတွင် အပြောင်းအလဲကို ပြသောပစ္စည်းသည် အောင်မြင်သော ကုသမှုတွင် လအနည်းငယ်ကြာလျှင် ပြောင်းလဲမှုကို သိရှိနိုင်သည်။
သို့သော် turnover maker [BTM] သည် စစ်ဆေးသောအချိန်နှင့် အရိုး၏ ပမာဏပေါ်မူတည်ပြီး ပြောင်းလဲနိုင်သောကြောင့် အရိုးပွခြင်းကို စစ်ဆေးရန် များစွာ အသုံးမပြုကြပေ။ ထို့ကြောင့် သမားတော်များသည် ထိုစစ်ဆေးမှုကို ကုသမှုမတိုင်မီ မလုပ်ကြပဲ ကုသမှု၏ တိုးတက်မှုကို စစ်ဆေးရန်သာ အသုံးပြုကြသည်။ turnover maker [BTM] ပမာဏသည် ကဲ့သို့သော အရိုးပျက်စီးမှုကို နည်းစေသော ဆေးများကြောင့် နည်းနိုင်ပါသည်။ turnover maker [BTM] သည် အရိုးသိပ်သည်းဆတွင် တိုးတက်မှုရှိကြောင်းနှင့် အရိုးကျိုးခြင်းကို ကုသခြင်းတွင် တိကျစွာခန့်မှန်းချက်များကို အကူအညီဖြစ်စေနိုင်သည်။ ထို့အပြင် turnover maker [BTM] ကိုကုသမှုသည် သင့်တော်မှု ရှိ၊မရှိ ကို သိရှိနိုင်ရန် စစ်ဆေးနိုင်သည်။
N- and C-telopeptide cross-linking (NTX and CTx) သည် အရိုးထဲတွင် ရှိသော ပရိုတင်းပါဝင်မှု ကို ပြသော ကိန်းဂဏာန်းဖြစ်သည်။ ၎င်းသည် အရိုး၏ သန်မာမှုကို ဖြစ်စေရန် အားပေးသော ပရိုတင်းများနှင့် ဆက်စပ်မှုရှိသည်။ အရိုးပျက်စီးသော အခါ ၎င်းပရိုတင်းများ သည် သွေးထဲမှတဆင့် ဆီးထဲတွင် စွန့်ထုတ်ပစ်သည်။ စစ်ဆေးမှုသည် ကုသမှုကို တုံ့ပြန်ကြောင်းကို ၃ လမှ ၆ လအတွင်း စစ်ဆေးသိရှိနိုင်သည်။ စစ်ဆေးသည့် နည်းလမ်းပေါ်မူတည်ပြီး ရလဒ်များသည် ကွဲပြားနိုင်ပါသည်။
Propeptide procollagen type 1 amino ending (P1NP) သည် အရိုးဆဲလ်များမှ ထုတ်သော ပရိုတင်းဖြစ်သည်။ ထိုပရိုတင်းပမာဏ သည် အရိုးဖြစ်ပွားမှုကို များစေသော ရောဂါများတွင် တိုးလာသည်။ ၎င်းသည် အရိုးဖြစ်ပေါ်ခြင်းကို သိရှိနိုင်ရန် နှင့် ကုသမှုများကို စောင့်ကြည့်အကဲဖြတ်ရန် အရေးပါသည်။
Osteocalcin, or bone G1A protein (BGP), သည် အရိုးဆဲလ်များမှ ထုတ်သော အခြားသော ပရိုတင်းတစ်မျိုးဖြစ်သည်။ ၎င်းသည် အရိုးများ ပျက်စီးခြင်း၊ဖြစ်ပေါ်ခြင်းနှင့် သက်ဆိုင်ပြီး အရိုးတွင်း သတ္ထုဓါတ်များသိပ်သည်းဆနှင့် လည်း သက်ဆိုင်သည်။၎င်းသည် ဗီတာမင် ကေ ပေါ်တွင် မူတည်သောကြောင့် အရိုးပွခြင်းသည် ဗီတာမင်ကေ ချို့တဲ့ခြင်းနှင့် ဆက်စပ်မှုရှိပါသည်။
Pyridinium (PYD) cross-links သည် အရိုးဖြစ်ပေါ်မှုတွင် ပါဝင်သော ပရိုတင်းတစ်မျိုးဖြစ်ပါသည်။
Bone specific alkaline phosphatase (BSAP) သည် အင်ဇိုင်းတစ်မျိုးဖြစ်ပြီး အရိုးဆဲလ်များ၏ အခွံတွင် တွေ့ရသည်။ ထို့ကြောင့် ထိုအင်ဇိုင်းသည် အရိုးဖြစ်ပေါ်ခြင်းတွင် တိုင်းတာနိုင်သော အရာတစ်ခုလည်းဖြစ်ပါသည်။
Bone turnover makers သည် bone densitometry ကဲ့သို့သော အရိုးကျိုးခြင်းကို တိကျစွာ မညွှန်ပြနိုင်ပါ။ ၎င်းကို Paget’s disease ရောဂါကို ကုသခြင်းနှင့် ခွဲစိတ်ခြင်းတွင် စောင့်ကြည့်ရန် တိုင်းတာနိုင်သည်။ သည် ကလေးများတွင် ကြီးထွားမှုဖြစ်စဉ်ကြောင့် များသော အားဖြင့် တက်နေနိုင်သည်။ ပမာဏသည် အသက် ၁၄ နှစ်တွင် ထိပ်ဆုံးရောက်နိုင်ပြီးနောက် ပြန်ကျသွားသည်။ အီစထရိုဂျင်ဟော်မုန်းသည် အရိုးပျက်စီးခြင်းကို တားဆီးနိုင်သောကြောင့် သွေးဆုံးပြီးနောက်တွင် အရိုးသိပ်သည်းဆလျော့နည်းလာသည့်အတွက် Bone turnover makers သည် ထိုအချိန်တွင် တက်လာသည်။ benchmark ကို တိုင်းတာရန် ဆီးထဲတွင် urine creatinine clearance ကို စစ်ဆေးရသည်။
ယခုစစ်ဆေးမှုကို သွေးထဲရှိ ကယ်စီယမ်ပမာဏစစ်ခြင်း၊ ဗီတာမင် ဒီ ပမာဏစစ်ခြင်း၊ သိုင်းရွိုက်ဂလင်းကို စစ်ဆေးခြင်း နှင့် ပါရာသိုင်းရွိုက်ဟော်မုန်းကို စစ်ဆေးခြင်း ကဲ့သို့သော အခြားသော စစ်ဆေးမှုများနှင့် တွဲဖက်ပြုလုပ်သည်။
bone densitometry tests ကိုစစ်ဆေးခြင်းအားဖြင့် သိရှိရသော သင့်အရိုးတွင် အားနည်းနေခြင်းကြောင့်လည်းကောင်း၊ အရိုးကျိုးခြင်းကြောင့်လည်းကောင်း ဤ စစ်ဆေးမှုကို ပြုလုပ်ရသည်။
စစ်ဆေးမှုသည် ၃ လမှ ၆ လအကြာတွင် ကုသမှု၏ အကျိုးရလဒ်ကို သိရှိနိုင်ရန်ထပ်မံပြုလုပ်ရသည်။
Bone turnover makers စစ်ဆေးမှုမပြုလုပ်ခင် သိထားရမည့် အရာများ
ဆီးထဲတွင် bone turnover makers ကို စစ်ဆေးခြင်းသည် တစ်နေ့ထဲတွင် လုပ်သည့်တိုင်အောင် ပြောင်းလဲနိုင်ပါသည်။ မနက်ဘက်တွင် ပထမဆုံးထွက်သော ဆီးကိုမယူပဲ ဒုတိယအကြိမ်ဆီးကို ယူခြင်းဖြင့် အမှားနည်းနိုင်ပါသည်။
ဆေးများ၊ဟော်မုန်းများ သုံးခြင်းသည် NTX ကို နည်းစေသည်။
သတိပြုရမည့်အချက်များကို နားလည်ရန်လိုအပ်ပြီး သင့်တွင် မေးမြန်းလိုသည်များရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
စစ်ဆေးမှုမပြုလုပ်ခင် သင်သည် အောက်ပါတို့ိုကို ပြုလုပ်သင့်ပါသည်။
• စစ်ဆေးမှုပုံစံ အဆင့်ဆင့်ကို နားလည်ရမည်။
• စစ်ဆေးမှုမလုပ်ခင် ၈နာရီကြိုတင် အစားမစားရ။
• အချို့ဓါတ်ခွဲခန်းများတွင် ၂၄ နာရီ ဆီးယူရန်လိုအပ်ပါသည်။
Bone turnover makers စစ်ဆေးမှု ပြုလုပ်နေစဉ် မည်သည်တို့ ဖြစ်နိုင်ပါသနည်း။
တိကျသော ရလဒ်ကို ရစေရန် ဆီးယူသည့်အခါတွင် ပထမဆီးကို မယူပဲ ဒုတိယအကြိမ်ဆီးကို ယူပါ။
• ဓါတ်ခွဲခန်းမှ လိုအပ်သောအချိန်ထက် ၃၀မိနစ်-၄၀မိနစ် စောပြီး ဆီးကို ယူပါ။
• ပထမဆီးကို ပစ်လိုက်ပါ။
• ရေတစ်ဖန်ခွက်သောက်ပါ။
• ဒုတိယ ဆီးကို ယူပါ။
သွေးစစ်လျှင်
• ဆရာဝန်မှ သွေးစီးဆင်းမှုရပ်စေရန် လက်မောင်းကို ပတ်တီးစည်းပေးလိမ့်မည်။
• သွေးဖောက်သောနေရာကို အရက်ပြန်နှင့် ပိုးသတ်သည်။
• သွေးပြန်ကြောမှ သွေးဖောက်ယူသည်။
• သွေးရလျှင် စည်းထားသည်ကို ဖြေပြီး အပ်နေရာကို ပတ်တီးစည်းပေးထားလိမ့်မည်။
အပ်ထိုးနေချိန်တွင် မနာသည့်သူလည်းရှိသည်။ နာသည့်သူလည်းရှိသည်။ ဆရာဝန်သို့မဟုတ် သူနာပြုမှ သွေးဖောက်ယူပြီး ကျန်းမာရေးဝန်ထမ်း၏ ကျွမ်းကျင်မှု၊ သင့်သွေးကြောအနေအထား၊နှင့် နာကျင်တတ်မှုပေါ်မူတည်ပြီး နာကျင်မှုကွဲပြားနိုင်သည်။
သွေးယူပြီးလျှင် ခဏအနားယူပြီးနောက် ပုံမှန်လှုပ်ရှားနိုင်ပါသည်။
သင့်တွင် စစ်ဆေးမှု အတွက် မေးမြန်းလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်အတွက် အကောင်းဆုံး ညွှန်ကြားချက်များ ရယူပါ။
N-telopeptide
ဆီးစစ်ခြင်း (nm BCE * / mm creatinine)
• အမျိုးသား- ၁၂-၈၃
• အမျိုးသမီး (သွေးမဆုံးမီ) – ၁၇-၉၄
• အမျိုးသမီး (သွေးဆုံးပြီးနောက်) – ၂၆-၁၂၄
သွေးရည်ကြည်စစ်ဆေးခြင်း (nm BCE *)
• အမျိုးသား – ၅.၄ – ၂၄.၂
• အမျိုးသမီး – ၆.၂ -၁၉ .၀ (equivalent * BCE = bone collagen).
C-telopeptide
ဆီးစစ်ခြင်း (ng / mL)
• လူကြီး – ၁.၀၃± ဝ.၄၁
• ကလေး – ၈.၀၀ ± ၃.၃၇
သွေးရည်ကြည်စစ်ဆေးခြင်း (pg / mL)
• အမျိုးသမီး၊ သွေးမဆုံးမီ – ၄၀-၄၆၅
• အမျိုးသမီး သွေးဆုံးပြီးနောက်- ၁၀၄-၁၀၀၈
• အမျိုူးသား – ၆၀-၇၀၀
Propeptide procollagen type 1 amino ending
သွေးရည်ကြည်စစ်ဆေးခြင်း (lig / L)
• အမျိုးသား – ၂၂-၁၀၅
• အမျိုးသမီး၊သွေးမဆုံးမီ- ၁၉ -၁၀၁
• အမျိုးသမီး၊ သွေးဆုံးပြီးနောက် – ၁၆-၉၆
Osteocalcin
သွေးရည်ကြည်စစ်ဆေးခြင်း (ng / mL)
• လူကြီး- ၂၂ နှစ်အထက်
• အမျိုးသား – ၅.၈-၁၄.ဝ
• အမျိုးသမီး – ၃.၁-၁၄.၄
Pyridium
ဆီးစစ်ခြင်း (nm / mm)
• အမျိုူသား – ၆.၅ -၂၀.၁
• အမျိုးသမီး – ၁၅.၃ – ၃၃.၆
Bone specific alkaline Phosphatase
သွေးရည်ကြည် စစ်ဆေးခြင်း (mg / L)
• အမျိုးသား – ၆.၅ – ၂၀.၁
• အမျိုးသမီး၊သွေးမဆုံးမီ – ၄.၅ – ၁၆.၉
• အမျိုးသမီး ၊သွေးဆုံးပြီးနောက် – ၇.၀ – ၂၂.၄
ပမာဏများခြင်း
• အရိုးပွခြင်း
• အရိုးတွင် Paget’s disease ရောဂါဖြစ်ခြင်း
• အရိုးကင်ဆာ
• ဦးနှောက်ကင်ဆာ
• Hyperparathyroidism
• Hyperthyroidism
ပမာဏနည်းခြင်း
• Hypoparathyroidism
• Thyroid insufficiency
•
• cortisol နှင့် ကုသမှု
ဆေးရုံနှင့် ဓါတ်ခွဲခန်းပေါ်မူတည်ပြီး စစ်ဆေးမှု အဖြေသည် ကွဲပြားနိုင်ပါသည်။ သင့်စစ်ဆေးမှု အဖြေကို ပိုမို နားလည်နိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Bone markers.https://labtestsonline.org/understanding/analytes/bone-markers/tab/test/. Accessed Jul 18 2016
ယခုပုံစံ
19/09/2019
Dr. Su Sandy မှ ရေးသားသည်။
Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။