- နာကျင်မှုသက်သာစေတဲ့ဆေးတွေကို သေချာစွာ အသုံးပြုပါ။
လူအချို့ဟာ ကုသမှုအပြီးမှာ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ ခဏတာ မျက်နှာ နာကျင်မှုတွေဟာ အဖြစ်အများဆုံး ဆိုးကျိုးနှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ aspirin နဲ့ ibuprofen တွေကို နာကျင်မှုသက်သာစေဖို့ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးသင့်ပါဘူး။ တကယ်လို့ နာကျင်မှု ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ကိုပြသပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးကို သောက်သင့်ပါတယ်။
- အညိုအမည်းစွဲခြင်းတွေကို လျှော့ချပါ။
Botox ကုသမှု အပြီးမှာ အညိုအမည်းတွေ ပေါ်လာတတ်ပြီး ရက်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ သူတို့ဟာ ပုံမှန် ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် စိတ်မပူသင့်ပါဘူး။ ဒါဆို သူတို့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ။
ရေခဲကို ကုသထားတဲ့နေရာတွေကို ကပ်ပေးခြင်းဟာ Botox ထိုးထားတဲ့နေရာမှာ အညိုအမည်းစွဲခြင်းကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ vitamin K နဲ့ arnica လိမ်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။
- အခြားမျက်နှာကုသမှုတွေကို ရွှေ့ဆိုင်းပါ။
တကယ်လို့ အခြားမျက်နှာကုသမှုတွေဖြစ်တဲ့ microdermabrasion နဲ့ chemical peels တွေကို လုပ်လိုတယ်ဆိုရင် Botox ထိုးပြီး အနည်းဆုံး ၂၄ နာရီကြာမှ ပြုလုပ်သင့်ပါတယ်။ Botox ကုသမှု အပြီး ပထမ ၄၈ နာရီအတွင်း အခြား skin care ထုတ်ကုန်တွေကို သုံးစွဲဖို့ စိတ်ချရလားဆိုတာ သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။
- လေ့ကျင့်ခန်းလုပ်ခြင်းကို ကန့်သတ်ပါ။
အချို့ဆရာဝန်တွေက လေ့ကျင့်ခန်းလိုအပ်မှုကို အငြင်းပွားကြပေမယ့် ကုသမှုအပြီး ပထမ တစ်ရက်နှစ်ရက်အတွင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ တကယ်လို့ Botox ကို မေးစေ့၊ လည်ပင်းစေရှိတဲ့နေရာတွေမှာ ထိုးထားတယ်ဆိုရင် ဒါတွေကို နေရာရွေ့သွားပြီး လည်ချောင်းပိတ်နိုင်ကာ အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
Botox ကုသမှု အပြီး နောက်ပိုင်းရက်တွေမှာ အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကျဉ်သင့်ပါတယ်။ အရက်ဟာ သင့်ယေဘုယျကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရေပြား ရောင်ရမ်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်စေပြီး အရေပြားကို လျော့ရဲစေနိုင်ပါတယ်။ အရက်ဟာ Botox ရဲ့ အာနိသင်ကိုလည်း လျော့ကျစေနိုင်ပါတယ်။
တကယ်လို့ သင်က Botox ထိုးအပြီး သေချာ ဆက်တိုက်ဂရုစိုက်တယ်ဆိုရင် အာနိသင် အပြည့်အဝရနိုင်ပါတယ်။ ဒါ့ပြင် တကယ်လို့ Botox နဲ့ ဆက်နွယ်နိုင်တဲ့ ဆိုးကျိုးတွေကိုတွေ့ပြီဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်ပြီး ကျန်းမာရေးအကြံဉာဏ် တောင်းခံသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။