backup og meta

Botox ထိုးတာ အသားအရေတစ်ခုတည်းအတွက်ပဲ ကောင်းကျိုးရှိတာ မဟုတ်ဘူးနော် ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Botox ထိုးတာ အသားအရေတစ်ခုတည်းအတွက်ပဲ ကောင်းကျိုးရှိတာ မဟုတ်ဘူးနော် ။ ။

    သက်လတ်ပိုင်း သက်ကြီးပိုင်း မမ တီတီတို့ကြားထဲမှာ ခေတ်စားနေတဲ့ Botox ထိုးတယ်ဆိုတာ လျော့ရဲနေတဲ့အသားအရေ၊ ထင်းနေတဲ့ အရေးအကြောင်းတွေကို ပြန်ပြီးတင်းရင်းအောင်လုပ်ပေးတဲ့ procedure တစ်ခုပါ။

    ခုမှသာ ခေတ်စားလာပေမယ့် တကယ်တော့ ရှေးခတ်တည်းက botoxဆိုတာ ရှိခဲ့ပါတယ်။ Botox ဆိုတာ Clostridium Botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားက ထုတ်ထားတာဖြစ်ပြီး ကြွက်သားနာကျင်တင်းရင်းခြင်းကို ကုသတဲ့နေရာမှာ အရင်တုန်းက သုံးခဲ့ကြပါတယ်။ ခုနောက်ပိုင်းမှ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေနဲ့အတူ Botox ကို အရေးအကြောင်းပျောက်ဖို့ အသားအရေလှဖို့တင်းရင်းဖို့အတွက် သုံးလာကြတာဖြစ်ပါတယ်။ ဒီတော့ ရှေးခေတ်တည်းက သုံးခဲ့တဲ့botox မှာ ဘယ်လို အကျိုးကျေးဇူးတွေမှာ ရှိသေးလဲ။

    Botox ကို သုံးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

    ( ၁ ) အရေးအကြောင်း တွေကို သက်သာစေပါတယ်၊

    ဒါကတော့ လူတိုင်း သိပြီးသားပါ။ FDA ကိုယ်တိုင်ကတောင် အသိအမှတ်ပြုထားတဲ့အထိ botox က အသက်ကြီးလို့ ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ကုသတဲ့နေရာမှာ ဆရာတစ်ဆူပါ။ မျက်နှာပေါ်ကအရေးအကြောင်းတွေရော၊ မျက်လုံးအောက်ကတွန့်နေတဲ့ အရေးအကြောင်းတွေ အားလုံးကို သူက ပြန်ပြုပြင်ပေးပြီး ငယ်ရွယ်နုပျိုမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

    အလှအပ အပြင် Botox ကနေရနိုင်တဲ့ အခြား အကျိုးကျေးဇူးတွေကတော့

    ( ၂ ) ေခါင်းတစ်ခြမ်းကိုက်ြခင်းကို သက်သာစေပါတယ်

    တော်ရုံ ဆေးတွေနဲ့ မပျောက်တဲ့ ခေါင်းတစ်ခြမ်းကိုက်ေဝဒနာကို botox သုံးပြီး သက်သာအောင်လုပ်လို့ရပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အာရုံကြောနာဗ်လေးတွေကို သွားပိတ်ပြီး တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့အောင်လုပ်လိုက်တာကြောင့် ေခါင်းကိုက်ြခင်း ပြဿနာတွေကို ပြေလည်စေတာဖြစ်ပါတယ်။

    ( ၃ ) ချွေးထွက်များခြင်ကို သက်သာစေပါတယ်။

    ခြေဖဝါးလက်ဖဝါးတွေ ချွေးစေးပြန်၊ ချိုင်းချွေးတွေ အရမ်းထွက်တတ်တဲ့သူတွေ ရှိကြမှာပါ။ ဒီလို ချွေးထွက်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမှန်း မသိတဲ့သူတွေအတွက် Botox က ကူညီပေးနိုင်မှာပါ။

    ( ၄ )Bells Palsy

    မျက်နှာတစ်ဝိုက်မှာရှိတဲ့ Facial nerve အာရုံကြောတွေကို ထိခိုက်မိပြီး မျက်နှာကြွက်သားတွေ အားနည်းတာမျိုးကို Bells Palsy လို့ခေါ်ပါတယ်။ ဒီလိုအားနည်းတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် Botox ကို အားနည်းတဲ့ ဘက်အခြမ်းမှာ ထိုးပြီး တင်းနေတဲ့ ကြွက်သားတွေပြေလျော့အောင်လုပ်လို့ရသလို အခြားကောင်းတဲ့ တစ်ဘက်ကိုထိုးပြီးလည်း ဘက်ညီအောင် ပြန်လုပ်ယူလို့ရပါတယ်။

    ( ၅ ) ဆီးကျိတ်ကြီးခြင်း

    Botox က ဆီးကျိတ်ြကီးနေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့နောက်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ကြီးနေတဲ့ ဆီးကျိတ်ထဲ botox ထိုးသွင်းလိုက်ရင် ဆီးကျိတ်ကြီး တာကြောင့် ဖြစ်တဲ့ ပြဿနာတွေ တစ်နှစ်လောက် သက်သာသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဆီးလမ်းကြောင်းခဏခဏ ပိုးဝင်စေတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးပြီးသားဖြစ်မှာပါ။

    ( ၆ ) ဆီးမထိန်းနိုင်ခြင်း

    ဆီးကျိတ်ကြီးတာကိုတောင်ထိန်းနိုင်ရင် ဆီးကျိတ်ကြီးတာရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ဆီးမထိန်းနိုင်တာ ဆီးမလုံတာ စတဲ့ ပြဿနာတွေကိုပါ botox က ဖြေရှင်းပေးဦးမှာပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement