backup og meta

စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ

    နေက တစ်နွေလုံး အားရပါးရ ပူထားပြီး မကြာသေးခင်က မုတ်သုံရဲ့ အငွေ့အသက်အနေနဲ့ မိုးလေး နည်းနည်း စရွာလာတော့ ပတ်ဝန်းကျင်မှာ စိုစွတ်မှုလေးတွေကို ခံစားရပါတယ်။ ဒါပေမယ့် အပူဒဏ် လုံးဝပျောက်သွားတာတော့ မဟုတ်ပါဘူး။ နေကျဲကျဲ မပူတော့တာကြောင့် ချွေးတဒီးဒီး မကျတော့တာမျိုးတော့ ရှိပါတယ်။ ဒီနေရာမှာ တစ်ခု သတိပေးချင်တာက စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိသေးတာကို သတိရပါ လို့ပါ။ ဘာကြောင့် ဒီလို သတိပေးရတာလဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားပါမယ်။

    စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ

    စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ လို့ ပြောရတာက နွေကနေ မိုးကို စကူးချိန်မှာ မိုးရွာလာပြီ ဆိုပေမယ့် အပူရှိန်က လုံးဝကြီး ကုန်မသွားသေးပါဘူး။ ဒီလို စပ်ကူးမတ်ကူး ကာလမှာ  လေထုထဲမှာ စိုထိုင်းဆက များနေပါတယ်။ ဒီလို စိုထိုင်းဆ များနေခြင်းကို ဘယ်လိုမျိုး သိနိုင်မလဲဆိုရင် ခန္ဓာကိုယ်မှာ အိုက်စပ်စပ် ဖြစ်တာ၊ ချွေးစေးတွေ ပြန်နေတာ၊ ခန္ဓာကိုယ်မှာ ချွေးနဲ့ စေးကပ်ကပ် ဖြစ်နေတာမျိုးတွေကို ခံစားရနိုင်သလို နွေရာသီမှာ မိတ်ထွက်ထားပြီး မိတ်မပျောက်သေးတဲ့သူတွေမှာဆိုရင် မိတ်ကိုက်တယ်လို့ ခေါ်တဲ့ မိတ်စူးတာမျိုးကို ခံစားရနိုင်ပါတယ်။

    ဒီလို စိုထိုင်းထိုင်း ရာသီဥတုမှာ အပူဒဏ်က ကျန်နေသေးပေမယ့် အရမ်းမပြင်းထန်တော့သလို ဖြစ်နေတာကြောင့် အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်မိတာ၊ ရေသိပ်မသောက်ဖြစ်တာတွေ ဖြစ်နိုင်သလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရတာကို နှစ်သက်တဲ့သူတွေမှာဆိုရင်လည်း လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မိတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီအခြေအနေတွေက ဘာဖြစ်လာသလဲဆိုတော့ ခန္ဓာကိုယ်မှာ ချွေးထွက်စေပြီး ရေနဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးတာ၊ ရေဓာတ်ခမ်းခြောက်တာမျိုးတွေကို ဖြစ်စေနိုင်သလို အပူကြောင့် ခြေကုန်လက်ပမ်းကျတာ၊ ကြွက်တက်တာတွေကို ဖြစ်စေနိုင်သလို အဆိုးဆုံးအနေနဲ့ အပူလျှပ်တာမျိုးကို ခံစားရနိုင်ပါတယ်။

    ဒါကြောင့် မိုးစရွာပြီဆိုတိုင်း အပူက လုံးဝပျောက်သွားတာ မဟုတ်ပါဘူး။ အပူကလျော့ဖို့ အစပြုစပဲ ရှိနေသေးပြီး လုံးဝ လျှော့မသွားသေးပါဘူး။ ဒါကြောင့် ရာသီဥတုက စိုထိုင်းထိုင်း ဖြစ်လာပြီဆိုပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် လုပ်တာ အလုပ်တွေကို ပြင်းပြင်း ထန်ထန် လုပ်တာမျိုး မလုပ်ပါနဲ့ဦး။ ဒီလိုရာသီဥတုမှာ ရေသောက်နည်းတာ၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်တာက ကျန်းမာရေးကို နွေရာသီမှာလိုပဲ ထိခိုက်စေနိုင်ပါတယ်။

    စိုထိုင်းဆ များနေတဲ့ ရာသီဥတုမှာ ကျန်းမာစေဖို့ရာ

    လေထုထဲမှာ စိုထိုင်းဆ များနေတာက ချွေးတွေ အငွေ့ပျံဖို့ ခက်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အေးသင့်မသလောက် မအေးဘဲ အပူချိန် တက်နေနိုင်ပါတယ်။ စိုထိုင်းဆ များတဲ့ ရာသီအခြေအနေမှာ ကျန်းမာနေစေဖို့ဆိုရင်

  • ရေများများ သောက်ပါ – ရေဓာတ်ခမ်းခြောက်မှုက မလိုလားအပ်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာ သောက်ပေးပါ။ ဒီလို သောက်ပေးတာက ရေဓာတ်ပြည့်ဝစေဖို့ရော စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းနေစေဖို့ပါ အားဖြည့်ပေးမှာပါ။
  • နားနားနေနေ နေပါ – နွေအပူလျှော့ သွားပြီလို့ ထင်ရပေမယ့် လေထုထဲမှာ စိုထိုင်းဆ များနေတာက ပတ်ဝန်းကျင်အပူချိန်ကို မြင့်တက်နေစေတုန်းပါပဲ။ ဒါကြောင့် စိုထိုင်းဆ များနေတဲ့ ရာသီဥတု အခြေအနေမှာလည်း ကျန်းမာစေဖို့ဆိုရင် တတ်နိုင်သမျှ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နားနားနေနေ နေပေးပါ။
  • ပွပွချောင်ချောင် ဝတ်ဆင်ပါ – ဒီလို အခြေအနေမှာ ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေတာမျိုးတွေကို ရှောင်ဖို့ လိုမှာပါ။ ဒါကြောင့် အဝတ်အစားတွေကို ထူထူထဲထဲ ဝတ်တာမျိုး မလုပ်ဘဲ ပွပွချောင်ချောင် ချည်သားလေးတွေ ဝတ်ပေးပါ။ ဒါမှ လေဝင်လေထွက် ကောင်းစေပြီး ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်မှာပါ။
  • အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးပါ – အပူဒဏ်ကို ခံစားနေရဆဲ ဖြစ်တာကြောင့် နေ့စဉ် စားသုံးမှုကနေ အာဟာရတွေကိုရော ရေဓာတ်ကိုပါ ရရှိစေဖို့အတွက် အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေကို စားပေးပါ။ ဥပမာ – ပန်းသီး၊ လိမ္မော်သီး၊ မာလကာသီး စတာမျိုးတွေပါ။
  • ဓာတ်ဆားဖြည့် အချိုရည် သောက်ပါ – တကယ်လို့ အိုက်စပ်စပ် ရာသီဥတုကြောင့် ချွေးစေးတွေ ပြန်လာတာမျိုး ဖြစ်မယ်ဆိုရင်ဖြစ်ဖြစ်၊ ခြေကုန်လက်ပမ်းကျသလို ခံစားလာရရင် ဖြစ်ဖြစ်၊ ခေါင်းကိုက်တာမျိုး ခံစားရရင် ဖြစ်ဖြစ် ဓာတ်ဆားဖြည့်အချိုရည်လေး သောက်ပေးပါ။
  • အုန်းစိမ်းရည် သောက်ပေးပါ – အုန်းစိမ်းရည်က နွေရာသီရဲ့ သောက်စရာ တစ်ခုပါ။ ခန္ဓာကိုယ်ကို အပူဒဏ်ကြောင့် ထိခိုက်မှု နည်းစေဖို့ ကာကွယ်ပေးတာပါ။ ဒါကြောင့် အပူဒဏ် မကုန်ဆုံးသေးတဲ့ စိုထိုင်းထိုင်း ရာသီမှာ ကျန်းမာစေဖို့အတွက်လည်း အုန်းစိမ်းရည် သောက်ပေးလို့ ရပါတယ်။
  • ဒီနေရာမှာ ထပ်ပြီး သတိပေးချင်တာက စိုထိုင်းထိုင်း ရာသီဥတုကလည်း နွေရာသီလိုပဲ အပူဒဏ်ရှိနေသေးတာကြောင့် အပူဒဏ်ပြဿနာတွေကို ခံစားရနိုင်ဆဲပါ။ ဒါကြောင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ၊ ပြင်းထန်တဲ့ ကာယအားသုံးရတဲ့ အလုပ်တွေ လုပ်တာ၊ ရေမသောက်တာ၊ အဝတ်အစားတွေကို ထူထူထဲထဲ ဝတ်တာမျိုးတွေ မလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement