“ကိုယ့်ခန္ဓါကိုယ်က မှတ်သားထားတဲ့အချိန်စက်ဝန်းနဲ့မကိုက်ညီတဲ့ အချိန်ဇယားမှာ အလုပ်ချိန်၊ကျောင်းချိန်အတွင်း စွမ်းဆောင်မကောင်းနိုင်ကြလို့ ရုန်းကန်ပင်ပန်းနေရသူတွေ အများကြီးရှိပါတယ်” လို့ဒေါက်တာဖေဆာချိုင်းစ်ကပြောပါတယ်။ သည်လေ့လာတွေ့ရှိမှုကိုSLEEPဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
ဇီးကွက်တို့ရဲ့ ဦးနှောက်အလုပ်လုပ်ပုံ
ဒီလေ့လာမှုမှာ ပါဝင်သူ ၃၈ဦးကိုသုတေသနအဖွဲ့က နှစ်ဖွဲ့ခွဲပြီး လေ့လာခဲ့တာပါ။ မနက်စောစောထသူ ၁၆ ဦးကတစ်စု၊ ညအိပ်နောက်ကျသူ ၂၂ ဦးက တစ်စုဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် နောက်ကျသူတွေက မနက် ၂နာရီခွဲမှာ အိပ်စက်ကြပြီး မနက်၁၀နာရီ ၁၅ မိနစ်လောက်မှာ အိပ်ရာထကြပါတယ်။
ပါဝင်သူတွေကို MRI scanတွေသုံးပြီး ဦးနှောက်လုပ်ဆောင်ချက်စစ်ဆေးခဲ့တဲ့အခါ ညအိပ်နောက်ကျသူအဖွဲ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေ စွမ်းဆောင်ရည်မှာ ထိခိုက်မှုရှိနေတာတွေ့ရပါတယ်။ သူတို့ဟာ အသိဉာဏ်အာရုံနဲ့ဆက်စပ်တဲ့ ဦးနှောက်အပိုင်းနဲ့ ချိတ်ဆက်မှုနည်းတာတွေ့ရပါတယ်။ ဒါ့အပြင် တခုခုကို စိတ်ဝင်စားမှု၊အာရုံစိုက်မှုလည်း ခဏသာရပြီး တုံ့ပြန်မှုနှေးတယ်၊ အားနည်းတယ်လို့လေ့လာတွေ့ရှိရပါတယ်။
စောစောအိပ်၊ စောစောထသူတွေကတော့ မနက်ပိုင်းအလုပ်တာဝန်တွေကို ပိုမြန်မြန်၊ပိုကောင်းကောင်းလုပ်နိုင်တာတွေ့ရပါတယ်။ အိပ်ရာဝင်နောက်ကျသူတွေဟာ ဉာဏ်ကောင်းတဲ့အချိန်တွေရှိပေမယ့် သွက်လက်မှု၊ လုပ်ဆောင်နိုင်စွမ်းတွေမှာ ပုံမှန်မယှဉ်နိုင်တာဖြစ်နိုင်ပါတယ်။
နောက်တစ်နေ့ လုပ်သမျှတွေမှာနှေးဖင့်နေတတ်ပြီးရေရှည်မှာဆို ဆုတ်ယုတ်မှုတွေရှိလာနိုင်တယ်လို့ သုတေသနကထောက်ပြခဲ့ပါတယ်။ ညဘက်အေးဆေးတိတ်ဆိတ်ချိန်မှာ အာရုံစိုက်လို့၊ အလုပ်လုပ်လို့ကောင်းတယ်၊ အိုင်ဒီယာသစ်တွေထွက်တယ်ဆိုပြီး ညဉ့်နက်မှအလုပ်လုပ်တဲ့ စာရေးသူတွေ၊ တီထွင်ဖန်တီးသူတွေဟာ ကျန်းမာရေးအတွက်မကောင်းတဲ့သက်ရောက်မှုတွေဖြစ်လာနိုင်သလို ဖန်တီးနိုင်စွမ်း၊လုပ်ဆောင်နိုင်စွမ်းမှာ ဆုတ်ယုတ်စေပါတယ်။
ဒါ့ကြောင့် ကျန်းမာရေးအတွက်ရော၊ ဘဝအောင်မြင်မှုအတွက်ရော အရေးကြီးတဲ့ အချိန်ကိုစီမံခန့်ခွဲမှုကို ဂရုစိုက်သင့်ပါတယ်လို့ သုတေသီတွေက အကြံပြုခဲ့ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]