backup og meta

သင့်ခြေထောက်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

သွယ်လျလှပတဲ့ ခြေချောင်းလှလှလေးတွေ၊ ခြေထောက်လှလှလေးတွေ ပိုင်ဆိုင်ထားတာကို လူတိုင်း သဘောကျတတ်ပါတယ်။ လူတွေအမြင်မှာ လှပနေတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်ထားမှတော့ လူတိုင်း ကျေနပ်ကြတာမဆန်းဘူးလေ။

ဒါပေမယ့် ခြေချောင်းလေးတွေ လှပနေတယ်ဆိုတာဟာ လှတပတအနေအထားတစ်ခုတည်းတင်မဟုတ်ပါဘူး။ သင့်ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်နေတယ်ဆိုတဲ့ သတင်းစကားတစ်ခုဖြစ်ပါတယ်။

တကယ်လို့များ သင့်ရဲ့ခြေထောက်ဟာ ကျန်းမာသန်စွမ်းမှုမရှိဘူး၊ အနာတွေ၊ ဝေဒနာတွေ အမျိုးမျိုးကြုံဆုံနေရမယ်ဆိုရင် သင့်ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ တစ်စုံတစ်ရာရှိနေပြီဆိုတဲ့ သဘောပါပဲ။

ဒါကြောင့် ခြေထောက်မှာ တစ်စုံတရာဖြစ်နေပြီဆိုရင် ကိုယ့်ခြေထောက်လေးတွေက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပြီး ဒါမှလည်း ဘယ်လို ကုသရမယ်ဆိုတာကို သိနားလည်မှာ ဖြစ်ပါတယ်။

သင့်ခြေထောက်လေးတွေက သင့် ကျန်းမာရေး အခြေအနေကို ဘယ်လိုပြောပြနေသလဲ ကြည့်ရအောင်

ခြေမွေးတွေ ပါးလာတာ

ယောက်ျားတွေက မိန်းမတွေထက် ခြေမွေးထူတာ သဘာဝပါပဲ။ ဒါပေမယ့် အမျိုးသမီးတော်တော်များများမှာလည်း ခြေမွေးရေးရေးလေးတွေ ရှိတတ်ကြပါတယ်။ ခြေမွေးတွေက သူ့ဟာသူ အလိုလို ပါးနေမယ်။ ကျွတ်နေမယ်ဆိုရင် ခြေထောက်ကို သွားတဲ့ သွေးကြောမှာ ရောဂါတစ်ခုခု ဖြစ်နေနိုင်တယ်လို့ American College of Foot and Ankle Surgeonsက ဆိုပါတယ်။ အထူးသဖြင့် peripheral arterial disease (PAD)လို့ ခေါ်တဲ့ ရောဂါပါ။

ခြေဖဝါးမှာ ဖက်ခွက်နာပေါက်တာ

ခြေဖဝါးမှာ ဖက်ခွက်နာ၊ ပြည်တည်နာမျိုးတွေပေါက်ပြီး ကုရခက်ခဲနေမယ်ဆိုရင် ဆီးချိုဝေဒနာရဲ့ လက္ခဏာဖြစ်ပါတယ်။ ဆီးချို ဝေဒနာသည်တွေရဲ့ ၂၄% လောက်က ဒီအနာပေါက်လေ့ရှိပါတယ်။

ခြေဖျားအေးစက်တာ

ခြေဖျားလက်ဖျားတွေ အေးစက်နေတတ်တာဟာ သွေးမလျှောက်တာကြောင့်ဖြစ်နိုင်သလို သိုင်းရွိုက် လုပ်ဆောင်ချက် လွဲမှားတာ၊ သွေးလွှတ်ကြောနဲ့သက်ဆိုင်တဲ့ (Peripheral artery disease) ဝေဒနာတွေကြောင့်ဖြစ်ပါတယ်။

ခြေသည်းတွေ ဝါလာတာ

ခြေသည်းတွေ ဝါပြီး ကျစ်လာတာဟာ တစ်ကိုယ်ရေသန့်ရှင်းရေးမလုပ်လို့ မဟုတ်ပါဘူးနော်။ ခြေသည်းတွေ ဝါလာမယ်၊ ကျစ်လာမယ်၊ အသားလည်း အရောင်ပြောင်းလာမယ်ဆိုရင် ဒါက မှိုရောဂါတစ်မျိုးမျိုးစွဲကပ်နေတာဖြစ်ပါတယ်။

ခြေမရောင်ရမ်းတာ

ခြေမကြီး ရောင်ရမ်းပြီး ကြီးလာတာဟာ ဂေါက်ရောဂါ စွဲကပ်နေတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဂေါက်ရောဂါ စွဲကပ်နေသူတွေဟာ ခြေမနာကျင်တာ၊ ရောင်ရမ်းတာတွေ ခံစားရမှပါ။

ခြေထောက် နှစ်ဘက်လုံး ထုံကျဉ်နေတာ

အာရုံကြောတစ်ချို့ ပုံမှန်အလုပ်မလုပ်တဲ့အခါမျိုးတွေမှာ ခြေထောက်နှစ်ဖက်လုံး ထုံကျဉ်နေတတ်ပါတယ်။ ဒီဝေဒနာဟာ ဆီးချိုဝေဒနာအခံရှိသူတွေမှာဆိုရင် diabetic neuropathy ဝေဒနာခံစားနေရတယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်။

ခြေသည်းများ ချိုင့်ဝင်နေတာ

ခြေသည်းတွေ ချိုင့်ဝင်နေတာဟာ psoriasis ယားနာဝေဒနာ ရှိနေတဲ့ သဘောပါ။ အထူးသဖြင့် ခြေသည်းမှာ psoriasis စွဲကပ်တာဖြစ်ပါတယ်။ ချိုင့်ဝင်တာအပြင်၊ အရောင်ပြောင်းတာ၊ ကြွပ်ဆတ်တာ၊ ပါးတာတွေလိုမျိုး လက္ခဏာတွေလည်း ပြပါတယ်။

ခြေသည်းအောက်ခြေမှာ အရောင်ဖျော့ဖျော့ အဝိုင်းကြီးပေါ်လာတာ

ခြေသည်း၊ လက်သည်းတွေရဲ့ အခြေဘက်မှာ အဖြူရောင် ဒါမှမဟုတ် အရောင်ဖြော့ဖြော့ စက်ဝိုင်းခြမ်းသဏ္ဍာန်ပုံရိပ်ထင်လာပြီဆိုရင် သွေးအားနည်းရောဂါ ဒါမှမဟုတ် သံဓာတ်ချို့တဲ့နေတာဖြစ်နိုင်ပါတယ်။

ဂျိုင်းဆက်တွေ နာကျင်တာ၊ မာနေတာ

ခြေချောင်းလေးတွေရဲ့ အဆစ်ကလေးတွေ၊ ဂျိုင်းဆက်တွေ နာကျင်နေမယ်ဆိုရင် ဆေးယဉ်ပါး အဆစ်အမြစ်ရောဂါစွဲကပ်နေနိုင်တဲ့ လက္ခဏာပါ။

ခြေထောက် မ မရရင်

တစ်ခါတစ်ရံမှာ ခြေထောက်ရဲ့ အစိတ်အပိုင်းတချို့ကို ကောင်းကောင်းမွန်မွန် မလို့ ကြွလို့ မရတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရဲ့ အကြောင်းအရင်းကတော့ ကြွက်သားတစ်ချို့ သွပ်ချာပါဒလိုက်တဲ့ Foot Drop ဝေဒနာစွဲကပ်လာလို့ဖြစ်ပါတယ်။ ဒါ့အပြင် ခြေထောက်အာရုံကြောဆိုင်ရာ ဝေဒနာတွေ၊ လေဖြတ်၊ ပိုလီယို၊ ဦးနှောက်အာရုံကြောနဲ့ဆိုင်တဲ့ ဝေဒနာတွေနဲ့ Amyotrophic lateral sclerosis (ALS) ရောဂါတွေရဲ့ ကနဦးလက္ခဏာလည်းဖြစ်ပါတယ်။

ခြေချောင်းတွေ ပြာနေရင် ဒါမှမဟုတ် နီရဲနေရင်

ခြေချောင်းလေးတွေ အေးစက်ပြီး ပြာနှမ်းနေရင် Raynaud’s disease လို့ ခေါ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ဆီကို သွေးမလျှောက်တဲ့ ဝေဒနာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ခြေချောင်းနဲ့ လက်ချောင်းတွေဆီကိုဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ စိတ်ဖိစီးမှုများတာကြောင့်နဲ့ ပြင်ပအပူချိန် အလွန်အမင်းကျဆင်းပြီး အေးလွန်းနေတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthcentral.com/slideshow/what-your-feet-say-about-your-health

https://www.urmc.rochester.edu/patients-families/health-matters/march-2017/head-to-toe-checkup-why-does-my-doctor-do-that.aspx

https://www.webmd.com/diabetes/ss/slideshow-what-your-feet-say

https://www.webmd.com/diabetes/qa/how-often-will-the-doctor-check-someones-feet

ယခုပုံစံ

03/05/2022

Ye Zon Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

‌ခြေထောက်များ ထုံကျဉ်ခြင်း  

အားကစားလုပ်ပြီးနောက် ကိုက်ခဲနေတဲ့ခြေထောက်ကို ဘယ်လိုကုသမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/05/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement