backup og meta

သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ

သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ

ကော်ဖီဖျော်ပြီးရင် ကျန်တဲ့အမှုန့်အနှစ်တွေကို ချက်ချင်းလွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် သုံးပြီးသားကော်ဖီအနည်တွေက စွယ်စုံအသုံးဝင်တာကိုတော့ သိပ်မသိကြပါဘူး။ သုံးပြီးသားကော်ဖီအနှစ်တွေကို အိမ်အလုပ်တော်တော်များများမှာ စရိတ်မကုန်ဘဲအသုံးဝင်တဲ့နည်းလမ်းတွေနဲ့အသုံးချနိုင်ပါတယ်။ ကော်ဖီသောက်ပြီးရင် ကျန်တဲ့အနည်တွေကို အလှအပအတွက် အသုံးချလို့ရသလို ဆံပင်အတွက်လည်း အသုံးဝင်ပါတယ်။

ကော်ဖီကိုနေ့စဉ်သောက်ရင် အသက်ရှည်နိုင်တယ်၊ လေဖြတ်ခြင်းကိုကာကွယ်နိုင်တယ်၊ အမျိုးအစား ၂ ဆီးချိုရောဂါအန္တရာယ် ကာကွယ်နိုင်တယ်လို့တောင်လေ့လာမှုတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင်သောက်ပြီးကျန်ရှိတဲ့အနည်တွေဟာလည်း ပြန်လည်အသုံးပြုခြင်း(recycle) သဘောနဲ့ စွယ်စုံအသုံးချလို့ရနိုင်ပါတယ်။

သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ

သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ ကတော့

မြေသြဇာအဖြစ်သုံးမယ်

azaleas ပန်း၊hydrangeas (ခြောက်လပန်း)၊rhododendrons(တောင်ဇလပ်ပန်း)၊camellias ပန်း၊ နှင်းဆီပန်း တို့လို အပင်တွေစိုက်တဲ့အခါကော်ဖီကို မြေသြဇာအဖြစ်ပြောင်းလဲအသုံးချနိုင်ပါတယ်။ ကော်ဖီအနည်တွေကို အက်စစ်ဓာတ်ပြယ်စေဖို့ မြက်ခြောက်၊ ကောက်ရိုး၊ အရွက်ကြွေတွေနဲ့ ရောပြီးမှ အပင်ပတ်လည်မှာဖြန့်ထားပါ။ ကော်ဖီအနည်တွေက မြေဆီလွှာကို နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ်ဓာတ်အပြင် အပင်တွေရှင်သန်ဖြစ်ထွန်းဖို့လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။

ကော်ဖီမြေသြဇာက ဖော့စ်ဖရိတ်နဲ့ ကယ်လ်စီယမ်မပါတာကြောင့် အသီးအတွက် အားပေးနိုင်မှာတော့မဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့ ကော်ဖီမြေသြဇာကိုရရှိဖို့အတွက် သံပရာ သို့မဟုတ် ပြာ အနည်းငယ်ရောစပ်ဖို့ လိုပါလိမ့်မယ်။

ပိုးသတ်ဆေး

အပင်တွေမှာ ပုရွက်ဆိတ်၊ ခရု၊ ပက်ကျိ စတဲ့ အဖျက်ပိုးကောင်တွေကို ကာကွယ်ဖို့အတွက် အပင်တွေတစ်ဝိုက် ကော်ဖီအနှစ်ကို အနည်းငယ်ဖြူးပေးနိုင်ပါတယ်။ ကော်ဖီအနည်တွေကို လိမ္မော်ခွံခြောက်နဲ့ ရောလိုက်ရင် သတ္တဝါငယ်တွေပါ အပင်ကို ဝေးဝေးရှောင်စေတယ်လို့ ဆိုပါတယ်။

အသားနူး လွယ်စေတယ်

သုံးပြီးသား ကော်ဖီအနည်တွေက သဘာဝအက်စစ်ဓာတ် ပါဝင်မှုကြောင့် အသားတွေကို နူးစေတဲ့အစွမ်းရှိပါတယ်။ အသားအစိမ်းကို ကော်ဖီအနှစ်တွေအုံပြီး ပလတ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၃ နာရီ သို့မဟုတ် တစ်ညသိပ် ထားလိုက်ပါ။ အသားကို ချက်တော့မယ်ဆိုမှ ရေပြောင်စင်အောင်ဆေးလို့ရပါတယ်။

အနံ့အသက်တွေပျောက်စေတယ်

ကော်ဖီဟာမုန့်ဖုတ်ဆိုဒါလိုပဲ ရေခဲသေတ္တာထဲမှာ စွဲနေတဲ့ အစားအသောက်နံ့တွေကို စုပ်ယူပေးနိုင်ပါတယ်။ကော်ဖီအနည်တွေကို အဖုံးမပါတဲ့ ပုလင်းငယ်တစ်ခုထဲ ထည့်ပြီးရေခဲသေတ္တာအနောက်ထဲမှာ ထားလိုက်ပါ။ ဒီလိုထားပြီးလို့ ပြန်ဖယ်ထုတ်တဲ့အခါကျမှ မြေသြဇာအဖြစ်သုံးလိုက်လည်း ရပါတယ်။

သဘာဝကြေးချွတ်ဆေး

ကော်ဖီအနည်တွေကို ကြမ်းသုတ်ဝတ်မှာ ဖြူးပြီး ခုံတွေ၊ စားပွဲတွေမှာ အစားအစာတွေကနေ စွန်းပေသမျှကို ပွတ်သုတ်ပစ်လို့ရပါတယ်။ကော်ဖီအနည်တွေက ကြေးချွတ်နိုင်တဲ့ အာနိသင်ရှိပေမယ့် မီးဖိုချောင်ထဲက မျက်နှာပြင်တွေကို ထိခိုက်လောက်အောင် မပွန်းစေနိုင်ပါဘူး။

ကော်ဖီ ဖယောင်းတိုင်

ကော်ဖီအနံ့ကို ကြိုက်တယ်ဆိုရင် ကော်ဖီအနည်တွေနဲ့ ဖယောင်းတိုင်တွေ ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ စက္ကူကော်ဖီခွက်ငယ်တစ်ခွက်၊a paper towel အရည်စုပ် စက္ကူကြမ်းတစ်ရွက်၊ ဖယောင်း (wax candle ends)၊ မီးစာ၊ ကတ်ကြေးတို့ လိုပါတယ်။ အရင်ဆုံး ကော်ဖီအနည်တွေကို စက္ကူကြမ်းထဲထည့်ပြီး အရည်ခြောက်အောင်ညှစ်ထုတ်ပြီး ဖြန့်ထားပါ။ ဖယောင်းကို ဘေးကင်းစေဖို့ ရေနွေးအိုးမှာပေါင်းအိုးအကန့်ခံပြီး အရည်ပျော်အောင်လုပ်ပါ။ စက္ကူကော်ဖီခွက်ထဲမှာ မီးစာကိုထည့်၊ ကော်ဖီအနှစ်အနည်းငယ်ဖြူးထည့်ပါ။ ဖယောင်းကို တစ်ဝက်လောင်းထည့်ပြီး ကော်ဖီထပ်ထည့်ပါ။ နောက်ဆုံးဖယောင်းလောင်းထည့်ပြီး တစ်နာရီလောက် အအေးခံပါ။အေးခဲသွားပြီဆိုရင် ဖယောင်းတိုင်ထည့်လုပ်ထားတဲ့ စက္ကူခွက်ကို ကတ်ကြေးနဲ့ အသာအယာ ညှပ်ထုတ်လိုက်ပါ။ ကော်ဖီနံ့မွှေးတဲ့ ဖယောင်းတိုင်လေး ရရှိလာမှာဖြစ်ပါတယ်။

သန်းသတ်ဆေး

ခွေး သို့မဟုတ်ကြောင်ကိုရေချိုးပေးတဲ့အခါ ရှန်ပူထည့်ပြီးရေမဆေးချမီ အမွှေးကြားထဲကော်ဖီအနည်တချို့နဲ့ ပွတ်တိုက်ပေးပါ။ ပုံမှန်အတိုင်းရေချိုးချပြီးကော်ဖီနဲ့နောက်တစ်ခါထပ်ပွတ်တိုက်ပေးပါ။ပြန်ဆေးချပါ။ သန်းကင်းစင်စေတဲ့အပြင် ညဘက် ကိုယ်နဲ့အတူလာအိပ်ရင်ကော်ဖီနံ့လေးတောင်မွှေးနေဦးမှာပါ။

အရေးကြီးတာတစ်ချက်ကခွေးလေးတွေကိုကော်ဖီအဖတ်တွေမစားမိစေဖို့ပါပဲ။ခွေးတွေအတွက် ကဖင်းက အဆိပ်ဖြစ်စေတတ်လို့ပါ။

မျက်ရည်အိတ်တွဲခြင်းကို သက်သာစေတယ်

လက်ဖက်ရည်ခြောက်ထုပ်လေးတွေနဲ့ပဲအသုံးဝင်တာမဟုတ်ပါဘူး။ကော်ဖီကလည်း မျက်လုံးအောက်မှာ မျက်ရည်အိတ်တွဲခြင်းကို သက်သာစေနိုင်ပါတယ်။ကော်ဖီအနည်တွေကိုရေအနည်းငယ်နဲ့အနှစ်ဖြစ်အောင်လုပ်ပါ။ မျက်လုံးအောက်ဧရိယာမှာ တင်ပြီး ၁၅ မိနစ်လောက် နားလိုက်ပါ။

အသားအရေ ကြေးချွတ်ခြင်း

ကော်ဖီအနည်တွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝကြေးချွတ်ဆေးဖြစ်ပါတယ်။ ခန္ဓါကိုယ်အတွက်Coffee Body Scrub လုပ်မယ်ဆိုရင်ကော်ဖီမှုန့်ခွက်တဝက်၊coconut palm sugar ခွက်တဝက်၊ အုန်းဆီ သို့မဟုတ် သံလွင်ဆီ၊ သစ်ကြံပိုးခေါက် တစ်ဇွန်း၊လိုအပ်ပါတယ်။ ခွက်တစ်လုံးထဲမှာ အားလုံးထည့်ပါ။ရေခဲသေတ္တာထဲ အအေးခံပါ။Scrub က နှစ်ပတ်လောက်တော့ ထားလို့ခံပါတယ်။

ဆံသားအလှအတွက်

ဆံကေသာအလှကုန်တွေ အများကြီးသုံးထားတယ်ဆိုရင် ဒါမှမဟုတ် သဘာဝခေါင်းလျှော်ရည်ကိုပြောင်းသုံးထားတယ်ဆိုရင် သင့်ရဲ့ဆံပင်တွေမှာ လိုအပ်ချက်တွေဖြစ်နေနိုင်ပါတယ်။ ဆံပင်မှာမပြောင်စင်ဘဲ ကပ်ငြိနေတဲ့ အရာတွေကိုကော်ဖီနဲ့ ဖယ်ရှားနိုင်ပါတယ်။ခေါင်းလျှော်တဲ့အခါ ရှန်ပူမထည့်ခင်ကော်ဖီအနည်လက်တစ်ဆုပ်လောက်နဲ့ ပွတ်လျှော်ပေးပြီး နှိပ်နယ်ပေးပါ။ ဆံကေသာတောက်ပြောင်လှပလာပါလိမ့်မယ်။

ဆပ်ပြာ

အသားအရေအတွက် အာဟာရဖြည့်ပေးမယ့်၊ အညစ်အကြေးတွေသန့်စင်ပေးမယ့်ကော်ဖီဆပ်ပြာမွှေးကို ကိုယ့်ဘာသာဖန်တီးနိုင်ပါတယ်။ကော်ဖီမှုန့်ကို ခွက်ရဲ့လေးပုံတစ်ပုံ၊ ဂလစ်ဆရင်းဆပ်ပြာ ၈အောင်စ၊ အုန်းနို့အမှုန့် လက်ဖက်ရည်၁ ဇွန်း၊ ဗနီလာ ၂ ဇွန်း၊ လက်ကိုင်ပါတဲ့အိုး၊ ဖန်ပန်းကန်လုံးတစ်လုံး၊Muffin မုန့်လုပ်တဲ့အိုး၊ယောက်မတစ်ချောင်းတို့လိုအပ်ပါတယ်။ အိုးကိုရေတစ်ဝက်ထည့်ပါ။ ဖန်ပန်းကန်လုံးကို ထည့်ပါ။ရေဆူလာရင် ပန်းကန်လုံးထဲ ဆပ်ပြာကိုထည့်ပြီးအရည်ပျော်အောင်ထားပါ။ အရည်ပျော်လာရင် ဆီသုတ်ထားတဲ့ Muffin အိုးရဲ့ အခွက်လေးတွေထဲကော်ဖီမှုန့်ကိုထည့်ပါ။ အရည်ပျော်လာတဲ့ဆပ်ပြာကို မီးပိတ်ပြီး ဗနီလာ၊ကော်ဖီမှုန့်နဲ့ အုန်းနို့မှုန့်ကိုထည့်ပါ။ ဆပ်ပြာကို ယောက်မသုံးပြီး Muffin ခွက်လေးတွေထဲဖြည့်ပါ။ နာရီအတော်ကြာ အအေးခံပါ။

သုံးပြီးသားကော်ဖီအနှစ်တွေကို အခုလိုလေး သုံးပေးလို့ ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

14 Genius Ways To Recycle Used Coffee Grounds

http://www.naturallivingideas.com/14-genius-ways-recycle-used-coffee-grounds/

https://blog.paleohacks.com/coffee-grounds/#

 

ယခုပုံစံ

01/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ

ကော်ဖီ က ဘယ်လို ဆေးဖက်ဝင်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement