နိုင်ငံတကာ ကျန်းမာရေးတက္ကသိုလ်များ၏ ဥပဒေအရ အောက်ပါအချက်များ သုံးခုနှင့်အထက်ရှိသော် သို့မဟုတ် အောက်ပါရောဂါများထိန်းချုပ်ရန်ဆေးသောက်နေရသူဖြစ်လျင် ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစုရှိသည်ဟုသတ်မှတ်သည်။
- သွေးပေါင်ချိန် ၁၃၀/ ၈၅ သို့မဟုတ် ဒီထက်များလျင်
- မစားခင်သွေးထဲရှိအချိုဓါတ်သည် ၁၀၀ mg/dl နှင့်တူလျင် သို့မဟုတ် ထိုသည်ထက်များလျင်
- ခါးပတ်ပတ်လည် ကြီးသော် ( ယောကျာ်းလေး ၄၀လက်မ သို့မဟုတ် အထက် မိန်းကလေး ၃၅ သို့မဟုတ် အထက်)
- HDLနည်းခြင်း(ကောင်းသော အဆီဓါတ်) ယောကျာ်းလေး ၄၀ mg/dl သို့မဟုတ် ထိုထက်နည်းနေခြင်း မိန်းကလေး ၅၀ mg/dl သို့မဟုတ် ထိုထက်နည်းခြင်း
- သွေးတွင်းအဆီ ၁၅၀mg/dl သို့မဟုတ် ထိုသည်ထက်များခြင်း
Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ကို ဘယ်လိုကုသပါသလဲ
ဆေးကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ နှလုံးရောဂါ နှင့် ဆီးချိုရောဂါတို့ဖြစ်စေသောနှုန်း လျော့ချလိုခြင်းဖြစ်သည်။ ဆရာဝန်က ရောဂါထိန်းရန်ဆေးပေးပါလိမ့်မည်။ ဆီးချို နှလုံး လေဖြတ်ဖြစ်ဖူးသူများနှင့် သွေးတွင်းမကောင်းသော အဆီဓါတ်များနေသူများအတွက် သွေးသွင်းအဆီကျဆေးအား ပေးကောင်းပေးလိမ့်မည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု ကိုကုသတဲ့နေရာမှာဲ့ အကူအညီပေးနိုင်ပါတယ်။
- စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ
- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သည် ရောဂါအခြေအနေကိုပိုဆိုးစေသည်။
- အစားအသောက်ဆင်ခြင်ပါ။ ကျန်းမာရေးနှင့်မညီသော အဆီများရှောင်၍ အသီးအရွက် ငါးနှင့် ဂျုံ မျှတအောင်စားပါ။
- သွေးတိုးသက်သာနိုင်ရန် ဆားလျော့စားပါ
- ကိုယ်အလေးချိန်လျော့ချပါ။ လက်ရှိအလေးချိန်ထက် ၇% ၁၀% ထိလျော့ချပါ
- လေ့ကျင့်ခန်းလုပ်ပါ။ မိနစ် ၃၀မှ ၆၀ထိ ပုံမှန် သို့မဟုတ် ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်ပါ။ (ဥပမာ တပါတ် ၅ရက် မှ၇ရက် ထိ လမ်းလျောက်ပါ)
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။