-သတိလစ်လျင်
အကြောင်းရင်းများ
Insect Bites (ပိုးမွှားကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
Hymenoptera မျိုးစုဝင်ပိုးမွှားများကိုက်လျှင် ပိုမိုပြင်းထန်သော လက္ခဏာများတွေ့ရသည်။ ပျားတုပ်ခြင်းကြောင့် သေဆုံးခြင်းသည် မြွေကိုက်ခြင်းကြောင့် သေဆုံးခြင်းထက် သုံးလေးဆပိုများသည်။
တုပ်တတ်သောအကောင်များတွင် ပိတုန်း၊ ဝတ်ရည်စုပ်ပျား၊ နကျယ်ကောင်၊ ပုရွက်ဆိတ်အကောင်ကြီးများနှင့် ပျားနကျယ်ကောင်များ ပါဝင်သည်။
ကိုက်ပြီးသွေးစုပ်တတ်သော ပိုးမွှားများတွင် ကြမ်းပိုး၊ လှေး၊ ယင်ကောင်၊ ဖြုတ်၊ သန်း၊ ခြင်၊ ပင့်ကူတို့ဖြစ်သည်။
ဖြစ်နိုင်ခြေများ
Insect Bites (ပိုးမွှားကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာaတွက မြင့်တက်စေသလဲ
ပိုးကောင်ကိုက်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းများစွာတွင် အောက်ပါတို့ပါဝင်သည်။
-မဲနက်သော အဝတ်များဝတ်ခြင်း
-အပြင်ထွက်အစားထွက်စားခြင်း။
-ပိုးကောင်နေသောတောင်ပို့များ၊အသိုက်များ နားသို့သွားခြင်း။
-ပန်းနံ့ရေမွှေးစွတ်ခြင်း
-ချောင်ချိသော အဝတ်များဝတ်ခြင်း
-အပြင်ထွက်ပြီး အပန်းဖြေခြင်း
-အပြင်တွင် အလုပ်လုပ်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Insect Bites (ပိုးမွှားကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
များသောအားဖြင့် ရောဂါရှာဖွေခြင်းသည် သင့်ကို အကောင်ကိုက်လျင် သိနိုင်သောကြောင့် ရှင်းလင်းပါသည်။ တခါတရံ နောက်ကျမှ သိသည်လည်းရှိနိုင်ပါသည်။ ထိုအခါတွင်မည်သည့် ပိုးကောင်ကိုက်သည်ကို မသိနိုင်သောကြောင့် ရောဂါအမည်တပ်ရန်ခက်ပါသည်။ သို့သော် ကိုက်သည့်နေရာနှင့် အရွယ်အစားကိုကြည့်ပြီး ဖြစ်နိုင်ချေကို ခန့်မှန်းနိုင်ပါသည်။
ပိုးကောင်ကိုက်လျှင် လူနာကိုရာဇဝင်မေးခြင်းနှင့် စပ်သပ်စစ်ဆေးခြင်းတို့ကို အရင်ဆုံးပြုလုပ်ပါသည်။ စမ်းသပ်စစ်ဆေးချက်များ ပြုလုပ်လေ့မရှိပါ။ စစ်ဆေးချက်များသည် ပိုးကောင်မှ ရောဂါပိုးသယ်လာသည်ကိုသိရှိရန် များသောအားဖြင့် စစ်ဆေးခြင်းဖြစ်သည်။ သင့်ဆရာဝန်မှ အခြားဖြစ်နိုင်ချေများကို ခွဲခြားပြီးနောက် ပိုးကောင်ကိုက်ခြင်းကို ကုသပါလိမ့်မည်။
အခြားသော ရောဂါရှာဖွေသည့် စစ်ဆေးချက်များတွင်-
-ပိုးမွှား၏ အဆိပ်ကို တုံ့ပြန်မှုကို စစ်ဆေးခြင်းသည် အရေပြားတွင် အဆိပ်ကို ခြစ်လိုက်ခြင်းဖြင့် အရေပြားမှ တုံ့ပြန်မှုကိုစစ်ဆေးခြင်းဖြစ်သည်။
-Lyme ရောဂါကို စစ်ဆေးခြင်းသည် အရေပြားအောက်မှ ပိုးမွှားကို ယူပြီး Borrelia burgdorferi ပိုးရှိ၊မရှိ စစ်ဆေးခြင်းဖြစ်သည်။
Insect Bites (ပိုးမွှားကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ပိုးကောင်ကိုက်ခြင်းတွင်အများစုသည် အနည်းငယ်သာ လက္ခဏာပြတတ်သောကြောင့် ကုသရန် လွယ်ကူပါသည်။ အိမ်တွင်သာ ပိုးမွှားကိုက်ခြင်းကို အသေးစားကုသမှုလုပ်ကြသည်။
ပိုးမွှားကိုက်ခြင်းကြောင့် ဓါတ်မတည့်သော တုံ့ပြန်မှုဖြစ်လျှင် Immunotherapy (desensitization) ဖြင့် ကုသခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ အဆိပ်ကို ခုခံအားထွက်ခြင်းဖြင့် ပိုးမွှားကိုက်ခြင်းကြောင့် တုံ့ပြန်မှုများကို ကာကွယ်နိုင်ပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ
ပိုးမွှားကိုက်ခြင်းကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။
ပိုးမွှားကိုက်ခြင်းကိုသက်သာစေရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။
– အရေကြည်ဖုများကို မဖောက်ပါနှင့်။ ထိုမှတဆင့်ပိုးဝင်နိုင်သောကြောင့်ဖြစ်သည်။ တကမ်တမ်းတွင် အရေကြည်ဖုပေါက်သွားလျှင် နာတတ်သောကြောင့် အရေကြည်ဖုနေရာကို ပတ်တီးနှင့်အုပ်ထားပါ။
-အနီစက်များထွက်ပြီးယားခြင်း ကို သတိပြုမိလျင် ဆရာဝန်မှ အယားပျောက်ပြီး၊ အရောင်ကျစေရန် ဆေးများပေးပါလိမ့်မည်။ လက္ခဏာများပိုဆိုးလာလျှင် ဆေးကုသမှုခံယူပါ။
-ဖြစ်သည့်နေရာကြီးလျှင် အယားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးများသောက်နိုင်သည်။ အလွန်ရောင်ရမ်းနေလျင် ဆရာဝန်မှ စတီးရွိုက်ပါသော အရောင်ကျဆေးပေးနိုင်သည်။
-ကိုက်ခံရသည့်နေရာသေးလျှင် အအေးဝတ်ကပ်ပေးခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်းတို့ဖြင့် ကုသနိုင်သည်။ ကွဲနေသောအရေပြားပေါ်တွင်လိမ်းဆေးများ မလိမ်းရပါ။ ကိုက်ခံရသည့်နေရာသည် ယားယံနေသော်လည်း မကုတ်ပါနှင့်၊ ထိုနေရာမှ ရောဂါပိုးများဝင်နိုင်သည်။
-သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ