အဓိပ္ပါယ်ဖွင့်ဆိုချက်
Hypotension (သွေးပေါင်ကျခြင်း) ကဘာလဲ။
သွေးပေါင် ၉၀/၆၀ အောက်ရုတ်တရတ်ကျဆင်းသွားခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ကျခြင်းဟာ နှလုံးညှစ်အားနည်းသွားခြင်းကြောင့် သွေးပမာဏလည်း လျော့ကျသွားစေပါတယ်။
သွေးပေါင်ဖတ်ရာမှာ အပေါ်သွေး၊ အောက်သွေး ဆိုပြီးနှစ်မျိုးရှိတယ်။ အပေါ်သွေးမှာ နှလုံးခုန်ပြီး သွေးများဖြည့်လိုက်ခြင်းကြောင့် သွေးလွှတ်ကြောထဲတွင် ဖြစ်ပေါ်သွားသော ဖိအားဖြစ်ပြီး အောက်သွေးမှာတော့ နှလုံးခေတ္တနားနေစဉ် သွေးလွှတ်ကြောထဲမှာရှိသော ဖိအားဖြစ်ပါတယ်။
သွေးဖိအား ၉၀/၆၀ တနည်းအားဖြင့် အပေါ်သွေး ၉၀ နဲ့အောက်၊ အောက်သွေး ၆၀ နဲ့အောက်ရှိနေပါက သွေးပေါင်ကျတယ်လို့ ခေါ်နိုင်ပါတယ်။
သွေးပေါင်ကျခြင်းဟာ ကျန်းမာရေးအခြေအနေ တော်တော်များများရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အထူးသဖြင့် အသက်ကြီးသူတွေမှာ သက်ရောက်မှုများစွာလည်းဖြစ်စေပါတယ်။ ဒါပေမယ့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ၊ အချိန်ကြာမတ်တပ်ရပ်ခြင်း၊ ထိုင်နေရာ အိပ်နေရာမှ မတ်တပ်ရပ်လိုက်ခြင်းတွေဟာလည်း သင့်သွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကို orthostatic hypotension ခေါ် ကိုယ်နေဟန်ထားကြောင့် သွေးပေါင်ကျရခြင်း လို့ခေါ်လေ့ရှိတယ်။
Hypotension (သွေးပေါင်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ
လူတိုင်းမှာဖြစ်နိုင်ပြီး သွေးပေါင်ကျခြင်းကိုအားပေးသော အခြေအနေတွေကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။
လက္ခဏာများ
Hypotension (သွေးပေါင်ကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
သွေးပေါင်ကျခြင်းကြောင့်ဖြစ်သော လက္ခဏာတွေက ဦးနှောက်ဆီသွေးထောက်ပံ့မှုနည်းသောအခါ ဖြစ်ပေါ်တတ်ပြီး လက္ခဏာတွေကတော့-
- မူးဝေခြင်း
- မူးမေ့ခြင်း
- အာရုံမစိုက်နိုင်ခြင်း
- အမြင်အာရုံေဝဝါးခြင်း
- ပျို့ခြင်း
- အသားရောင်ဖျော့တော့ အေးစက် ချွေးထွက်ခြင်း
- အသက်ရှူမြန်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- စိတ်ဓါတ်ကျခြင်း
- ရေငတ်ခြင်း
လက္ခဏာမပြတတ်သော အချိန်ကြာသွေးပေါင်ကျတတ်ခြင်းတွေကတော့ များသောအားဖြင့် အန္တရာယ်သိပ်မရှိတတ်ပါဘူး။ ကျန်းမာနေသောလူတချို့မှာလည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ပါက သွေးပေါင်ကျတတ်ပါတယ။် ဒါပေမယ့် ရုတ်တရတ်သွေးဆောင့်ကျခြင်းကတော့ အဓိကအင်္ဂါတွေ အထူးသဖြင့်ဦးနှောက်ဆီ သွေးရောက်မှုမလုံလောက်ခြင်းဖြစ်စေနိုင်ပါတယ်။ သွေးပေါက်ကျခြင်းဟာ အင်္ဂါအစိတ်အပိုင်းအများစုကို အာဟာရမလုံလောက်ခြင်းဖြစ်စေနိုင်တယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။