backup og meta

ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။

ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။

ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။ ဖိနပ်က လူတစ်ယောက် ကျန်းမာရေးအတွက် တော်တော်လေး အရေးပါပါတယ်။ ဖိနပ်ရွေးချယ်တဲ့အခါ ဖိနပ်က ခိုင်ခန့်ရဲ့လား။ မြဲမြံရဲ့လား ဆိုတာ အပြင် ဖိနပ်ကို ချုပ်လုပ်ထားတဲ့ အသားက သက်သောင့်သက်သာ ရှိရဲ့လားဆိုတာကိုပါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

နောက်ထပ် သတိထားရမှာ တစ်ခုက ဖိနပ်က ဆိုဒ်မှန်ရဲ့လားဆိုတာပါ။ ဖိနပ်ဆိုဒ်ကို ကြီးနေရင်လည်း ထိခိုက်နိုင်သလို ဖိနပ်ဆိုဒ် သေးနေရင်လည်း မကောင်းပြန်ပါဘူး။

ဒါများ ဘာအရေးလဲ။ ခြေထောက်နဲ့ တိုင်းဝယ်မှာပေါ့လို့တော့ မပြောပါနဲ့။ ဖိနပ်လေးက လှတယ်။ အွန်လိုင်းကနေပဲ မှာလို့ရမယ်ဆိုရင် ဆိုဒ်မှန်ပြီး ခြေထောက် ထိခိုက်မှု မဖြစ်အောင် ဘယ်လိုများ ဝယ်မလဲပြော။ မသိဘူးဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။

ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။

ဖိနပ်ဆိုဒ် မှန်မှန်စီးတာက လှပဖို့ရော ကျန်းမာဖို့ပါ အထောက်အကူပြုနိုင်ပါတယ်။ ဖိနပ်က ဆိုဒ်မှန်မှန် စီးရင်တောင် ဖိနပ်ပေါက်တဲ့ ဒဏ်ကို ခံရတာပဲလေ။

ဒီလိုမှ မဟုတ်ဘဲ ဆိုဒ်သေးတာကို စီးတဲ့ အခါ ခြေချောင်းလေးတွေ ခေါက်နေတာ၊ ကျပ်တာကြောင့် အသားပွန်းတာ၊ အရေပြား ပွန်းပဲ့တာကနေ ပိုးဝင်တာတွေ ဖြစ်နိုင်သလို ခြေထောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတား ဖြစ်စေတာမျိုး တွေ ခံစားရနိုင်ပါတယ်။

ဖိနပ်ဆိုဒ်က ကြီးနေမယ်ဆိုရင်တော့ ချော်လဲတာ၊ ထိခိုက်မိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ လေဒီလေးအနေနဲ့ ထိခိုက်မှု ကင်းပြီး ဖိနပ်ဆိုဒ် မှန်မှန်လေးကို လှလှပပ စီးနိုင်စေဖို့ ဒီနည်းလေးအတိုင်း တိုင်းကြည့်ပါနော်။

ဖိနပ်ဆိုဒ် မှန်မှန် ဒီလို တိုင်းမယ်။

ခြေထောက်နဲ့ ကွက်တိကျပြီး သက်သောင့်သက်သာဖြစ်အောင် ဖိနပ်ဆိုဒ်ကို အမှန်ကန်ဆုံး ဖြစ်အောင် ရွေးတော့မယ်ဆိုရင်

  • စာရွက်ဖြူပေါ်မှာ ခြေထောက်ကို သေချာ ချပါ။
  • ပြီးရင် ခြေမ ကစလို့ ဖနောင့်ထိ ပါအောင် ခြေထောက်ပုံ ဆွဲပါ။
  • ပြီးရင် ၁၂ လက်မ ပေတံကိုယူပါ။
  • ခြေမထိပ်ကနေ ခြေဖနောင့်ထိ အကွာအဝေးကို စင်တီမီတာ (cm) နဲ့ တိုင်းပါ။

ဘယ်ဆိုဒ်လဲ။

ရလာတဲ့ စင်တီမီတာ (cm) က

  • ၂၂ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၄
  • ၂၂.၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၅
  • ၂၃ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၆
  • ၂၃.၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၇
  • ၂၄ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၈
  • ၂၄.၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၉
  • ၂၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၄၀
  • ၂၅.၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၄၁ ပါ။ တိုင်းတဲ့အခါ စာရွက်အဖြူပေါ်မှာ ခြေထောက်ပုံကို သေချာ ချဆွဲပြီး တိုင်းမှ ဆိုဒ်မှန်ပါမယ်။

ကဲ …… ကိုယ်တိုင်ရွေးရွေး၊ အွန်လိုင်းကမှာမှာ ဖိနပ်ဆိုဒ် မှန်မှန်လေး မှာပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖိနပ်တစ်ရံကို လှလှပပလေး စီးကြဦးစို့နော်….. လေဒီတို့ရေ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

04/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖိနပ်ရွေးချယ်နည်း

ခြေနင်းတော် ရွှေဖိနပ်ကြောင့် ခြေထောက်မထိခိုက်စေဖို့ဆိုရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 04/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement