backup og meta

မီးသတ်ပိုက် နဲ့ အထိုးခံရရင်


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးသတ်ပိုက် နဲ့ အထိုးခံရရင်

    ငယ်ငယ်က သင်္ကြန်လည်လို့ ရှေ့မှာ မီးသတ်ပိုက် ပါတယ်လို့ ပြောလိုက်ရင် တဘက်​တွေ အထပ်အထပ် ခြုံလို့ လူကြီးတွေ ရင်ဘတ်ထဲ ပြေးဝင်ရင်း နာတော့မှာပဲ။ ကြောက်လိုက်တာဆိုပြီး ဖြစ်ရတဲ့ ခံစားချက်ကို သင်္ကြန်လည်ဖူးသူတိုင်း သိမှာပါ။

    မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။ ဒီလို ပိုက်မျိုးနဲ့ ရေထိုးပက်တာက ထိခိုက်မှုတွေ ရှိစေမလား။ ဘယ်လို ထိခိုက်မှုတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။

    မီးသတ်ပိုက် ဆိုတာ

    မီးသတ်ပိုက်ဆိုတာ ရေအရှိန်ကို တင်ချင်ရင် တင်လို့ရသလို လျှော့ချင်တဲ့အခါ လျှော့လို့ရတဲ့ ရေပိုက် အကြီးစား တစ်မျိုးပေါ့။ မီးသတ်ပိုက်တွေကို မီးငြှိမ်းသတ်ဖို့အပြင် ဆန္ဒပြပွဲတွေမှာ လူစုခွဲဖို့ အသုံးပြုကြပါတယ်။

    မီးသတ်တယ်ဆိုလို့ ရေနဲ့ငြှိမ်းတာလို့ အများက ထင်နိုင်ပါတယ်။ တကယ်ကတော့ မီးသတ်ပိုက်ကနေ ထွက်လာတဲ့ အရာတွေက ရေတွေပဲ မဟုတ်ပါဘူး။ မီးငြှိမ်းသတ်ရာမှာ အထိရောက်ဆုံး ဖြစ်စေမယ့် ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ အဆိုပါ ဓာတုပစ္စည်းတွေက ရေထဲမှာ ပျော်ဝင်နေပြီး ဆိုးဆေးတွေက အရေပြားကို ထိခိုက်စေသလို အခြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    မီးသတ်ပိုက်ရဲ့ သမိုင်းကြောင်း

    မိးသတ်ပိုက်တွေကို လူထုစုဝေးပွဲတွကို လူစုခွဲ ထိန်းချုပ်ဖို့အတွက် ၁၉၃၀ ခုနှစ်တွေက ဂျာမနီနိုင်ငံမှာ စတင် အသုံးပြုခဲ့ကြပါတယ်။ ၁၉၆၀ ခုနှစ်တွေမှာတော့ အမေရိကန်ပြည်ထောင်စုမှာ လူစုလူဝေးတွေကို ဖြိုခွင်းဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ အခုနာက်ပိုင်းမှာတော့ မီးသတ်ပိုက်တွေကို မီးသတ်ဖို့အပြင် နိုင်ငံ အများစုမှာ လူစုလူဝေးတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ချက်နဲ့ အသုံးပြုလာကြပါတယ်။

    မီးသတ်ပိုက်တွေက ရေထွက်နှုန်း တစ်မိနစ်ကို  ၆၇ မီတာလောက်အထိ ရောက်ရှိနိုင်ပါတယ်။

    မီးသတ်ပိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်လား။

    မီးသတ်ပိုက်​ကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက အများကြီးပါ။

    ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းတာ (hypothermia) နဲ့ နှင်းကိုက်တာ

    ရာသီဥတု အရမ်း အေးတဲ့အချိန်မှာ မီးသတ်ပိုက်နဲ့ ထိုးပက်ခံရတာက ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းတာ (hypothermia) နဲ့ နှင်းကိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ နှင်းကိုက်တာက အအေးပိုင်းဒေသတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

    ကိုယ်တွင်း ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်

    ရေအရှိန်ကြောင့် ကိုယ်တွင်းမှာ ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါတွေက နာတာရှည်လို ဖြစ်စေနိုင်ပါတယ်။

    လဲကျတာ၊ ချော်ကျတာတွေ ဖြစ်စေနိုင်တယ်

    ရေအရှိန်ကြောင့် နောက်ပြန်လဲကျတာ ကြောင့် ဦးခေါင်းထိခိုက်မိတာမျိုး ဖြစ်စေနိုင်သလို ချော်လဲတာကြောင့် အရိုးကျိုးတာအရိုးအက်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။

    ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိခြင်း

    မီးသတ်ပိုက်တွေထဲမှာ ဓာတုပစ္စည်းတွေ ထည့်ထားမယ်ဆိုရင် ဓာတုပစ္စည်းတွေကြောင့် အရေပြား ထိခိုက်တာ အပါအဝင် အခြားသော ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

    မျက်လုံး ထိခိုက်စေနိုင်တယ်

    ရေအားကြောင့် မျက်လုံးကို ထိခိုက်စေတာ ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန် တပ်ထားသူတွေအတွက်လည်း အန္တရာယ် များပါတယ်။

    နား ထိခိုက်စေနိုင်တယ်

    နားထဲကို ရေဝင်တာကြောင့် နားပြည်ယိုတာ ဖြစ်စေနိုင်သလို ရေအား ပြင်းတာကြောင့် နားစည် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    မီးသတ်ပိုက်နဲ့ ထိုးပက်ခံရတာက ကျန်းမာရေးကို အခုလို ထိခိုက်စေနိုင်ပါတယ်။

    မီးသတ်ပိုက် ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင်

    မီးသတ်ပိုက်နဲ့ ရေပက်ခံရတဲ့အခါ ထိခိုက်မှု မဖြစ်စေဖို့ဆိုရင်

    • အဝတ်အစားကို ခပ်ထူထူ ဝတ်ပါ။
    • ဦးထုပ် အမာဆောင်းပါ။
    • နားကို ရေမဝင်နိုင်အောင် ကာကွယ်ပါ။
    • မျက်ကပ်မှန် မတပ်ပါနဲ့။ မျက်မှန်ပဲ တပ်ပါ။
    • ရေထဲမှာ ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ ယူဆပါက ရေသန့်သန့်နဲ့ ချက်ချင်းဆေးချပါ။
    • ဖိနပ်ကို မြဲမြံတာမျိုး ဝတ်ပါ။
    • ရေနဲ့ အပက်ခံရပြီဆိုရင် ခေါင်းကို သေချာ ကာကွယ်ပါ။
    • ထီးနဲ့ကာလို့လည်း ရပါတယ်။

    ဒီအချက်​လေးတွေက မီးသတ်ပိုက်နဲ့ သည်းသည်းမည်းမည်း ထိုးခံရရင် အသုံးတည့်စေမှာ အသေချာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement