backup og meta

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကဘာလဲ။

  • Adrenal ဂလင်းဆိုတာ ကျောက်ကပ်တစ်ခုစီအပေါ်မှာ ကပ်နေတဲ့ သစ်ကြားသီးပုံစံရှိတဲ့ ဂလင်းတွေဖြစ်ပြီး Cortisol နဲ့ Aldosterone ကဲ့သို့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ထိုဟော်မုန်းတွေက ခန္ဓါကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်ခြင်း၊ ကိုယ်ခံအားစနစ်၊ သွေးဖိအားနဲ့ တခြားလိုအပ်တဲ့လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။
  • မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါ ရှိသူတွေအတွက်တော့ အင်ဇိုင်းလုံလောက်မရှိဘဲ steroid ဟော်မုန်းသုံးမျိုးထဲမှ တစ်မျိုးဒါမှမဟုတ် တစ်မျိုးထပ်ပိုတဲ့ ထုတ်လုပ်ခြင်းကို ထိခိုက်စေပါလိမ့်မယ်။ Cotisol ဟော်မုန်းတွေဟာ ခန္ဓါကိုယ်ရဲ့ဖျားနာခြင်းနဲ့ ဖိစီးမှုတွေကိုတုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးတယ်။ Aldosterone ကဲ့သို့ mineralocorticoid တွေကတော့ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ပမာဏတွေကို ထိန်းညှိပေးတယ်၊ testosterone ကဲ့သို့ androgen ဟော်မုန်းတွေကတော့ လိင်ဟော်မုန်းတွေဖြစ်ပါတယ်။ မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါက များသောအားဖြင့် cortisol ဟော်မုန်းနည်းပြီး androgen အထုတ်များခြင်းဖြစ်တယ်။
  • အခြေအနေနှစ်မျိုးရှိပါတယ်။ ပိုတွေ့ရလေ့ရှိတာကတော့ Non-classic အမျိုးအစားဖြစ်ပြီး သိပ်မဆိုးပါဘူး။ Classic အမျိုးအစားကတော့ ပိုပြင်းထန်ပြီး မွေးကင်းစကလေးတွေမှာ စစ်ဆေးတွေ့ရှိရတတ်တယ်။ တချို့သောရောဂါအခြေအနေတွေမှာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးခြင်းကိုအနှောင့်အယှက်ဖြစ်နိုင်ပြီး အသက်အန္တရာယ်ပင်ထိခိုက်နိုင်ပါတယ်။
  • လုံးဝပျောက်ကင်းအောင်ကုနည်းသေချာမရှိသေးပေမယ့် ကုသမှုတွေနဲ့ ပုံမှန်ဘဝတစ်ခုကိုရှင်သန်နေထိုင်နိုင်ပါတယ်။

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်အဖြစ်များတယ်။ Autosomal recessive ရောဂါအမျိုးအစားဖြစ်တဲ့အတွက် ကျား၊ မ မရွေး တူညီစွာဖြစ်နိုင်တယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ ရောဂါကိုအားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်ပြီး အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာတွေကတော့ ယိုယွင်းနေတဲ့ဗီဇနဲ့ မလုံလောက်တဲ့ အင်ဇိုင်းပမာဏပေါ်မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။

အဓိကအားဖြင့်နှစ်မျိုးနှစ်စားရှိတယ်-

  • Classic CAH – ပိုပြင်းထန်ပြီး ကလေးဘဝကတည်းက တွေ့ရှိရတတ်သော အမျိုးအစားဖြစ်တယ်။
  • Non-classic CAH – ပိုသက်သာပြီး၊ အဖြစ်လည်းပိုများတယ်။ ကလေးဘ၀ သို့ လူငယ်ဘဝလောက်မှ သိသာလာတတ်ပါတယ်။

Classical CAH

မွေးကင်းစကလေးတွေ မိန်းကလေးတွေမှာ မိန်းမင်္ဂါကြီးနေတတ်ပြီး ယောက်ျားလေးတွေမှာလည်း ယောက်များအင်္ဂါတွေကြီးနေတတ်တယ်။ တခြားသော လက္ခဏာတွေကတော့ –

  • အလေးချိန်ကျခြင်း
  • အလေးချိန်တက်မလာခြင်း
  • အန်ခြင်း
  • ရေဓါတ်ဆုံးရှုံးခြင်း
  • ကလေးတွေဟာများသောအားဖြင့် တခြားကလေးတွေထက် အပျို၊ လူပျိုစောဖြစ်ပြီး ပိုမြန်မြန်ကြီးထွားတတ်ကြတယ်။ ဒါပေမယ့် လူငယ်ဘဝမှာ တခြားလူငယ်တွေထက် ပိုညှပ်ပြီးကျန်ခဲ့ပါတယ်။
  • အမျိုးသမီးတွေမှာ လစဉ်ရာသီမမှန်တတ်ဘဲ အမျိုးသားရော အမျိုးသမီးရောမှာ မျိုးပွားနိုင်စွမ်းထိခိုက်နိုင်တယ်။

Non-classical ဒါမှမဟုတ် နောက်ကျတတ်သော CAH

များသောအားဖြင့် ဒီအမျိုးအစားမှာတော့ လက္ခဏာသိပ်မပေါ်တတ်ပါဘူး။

အမျိုးသမီးတွေမှာတော့ –

  • လစဉ်ဓမ္မတာမမှန်တတ်ခြင်း
  • မျက်နှာအမွှေးအမျှင်ထူခြင်း
  • အသံသြခြင်း
  • မျိုးမပွားနိုင်ခြင်း
  • ငယ်စဉ်မှာအလျင်အမြန်ကြီးထွားပြီး နောက်ပိုင်းမှာတော့နှေးသွားကာ နောက်ဆုံး သာမန် လူငယ်တွေထက် ပိုသေးညှက်သွားတတ်ပါတယ်။

အမျိုးသားရော အမျိုးသမီးမှာပါရှိနိုင်တဲ့ တခြားလက္ခဏာတွေကတော့ –

  • အရိုးပါးခြင်း
  • ဝက်ခြံများဆိုးရွားစွာပေါက်ခြင်း
  • အဝလွန်ခြင်း
  • ကိုလက်စရောများခြင်း

တခြားသောလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

၉၅ ရာခိုင်နှုန်းလောက်မှာ လိုအပ်နေတဲ့အင်ဇိုင်းက 21-hydroxylase ဖြစ်တာကြောင့် CAH ကို 21-hydroxylase လိုအပ်သောရောဂါလို့လည်းခေါ်တယ်။

Autosomal recessive လို့ခေါ်တဲ့ မျိုးရိုးလိုက်ရောဂါပုံစံဖြစ်ပြီး ထိုရောဂါရှိတဲ့ကလေးတွေမှာ မိဘနှစ်ယောက်ထဲက တစ်ယောက်ကိုယ်တိုင်က CAH ရှိနိုင်သလို၊ နှစ်ယောက်စလုံးက CAH သယ်ဆောင်ထားတဲ့ ဗီဇပိုင်ရှင်တွေဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • မိဘနှစ်ပါးစလုံးတွင် CAH ရှိခြင်း သို့ နှစ်ဦးစလုံးက CAH ဖြစ်စေသောဗီဇကိုသယ်ဆောင်ထားသူများ ဖြစ်ခြင်း။
  • တချို့သောလူမျိုးစုများ – ဂျူးလူမျိုးများ၊ အီတလီလူမျိုးများ၊ အမေရိကန်လက်တင်လူများမျိုးများ၊ အက်စကီးမိုးများ စသည်တို့မှာ ပိုဖြစ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

  • မမွေးခင်စစ်ဆေးခြင်း

မိသားစုဝင်တွေမှာ ဒါမှမဟုတ် မောင်နှမသားချင်းမှာ တူညီတဲ့ရောဂါရှိပါက သန္ဓြေသားလောင်းကို မမွေးခင်ကတည်းက စစ်ဆေးလို့ရပါတယ်-

  • ရေမွှာရည်စစ်ခြင်း – အပ်တစ်မျိုးဖြင့် ရေမွှာရည်ယူကာ ဆဲလ်များကိုစစ်ဆေးခြင်းဖြစ်တယ်။
  • အချင်းမှဆဲလ်တစ်မျိုးစစ်ဆေးခြင်း ။

မွေးကင်းစကလေး၊ နှင့် ကလေးငယ်များ

မွေးကင်းစကလေးတိုင်းကို အင်ဇိုင်းစစ်ဆေးခြင်းဖြင့် စစ်နိုင်ပါတယ်။ ထိုစစ်ဆေးမှုဟာ ကိုတော့မပြနိုင်ပါဘူး။ ရောဂါရှာဖွေမှုမှာ ဒါတွေပါပါတယ် –

  • ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ချက်များ
  • သွေးနှင့်ဆီးစစ်ခြင်း
  • ဗီဇစစ်ခြင်း
  • ကလေးငယ်လိင်ပိုင်းဆိုင်ရာနှင့်ပတ်သတ်ပြီးစစ်ဆေးခြင်းတို့ပါတယ်။

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆေးဝါးကုသမှု

တေ့ွရအများဆုံးနည်းကတော့ ဟော်မုန်းအစားထိုးနည်းဖြစ်တယ်။ လျော့နည်းနေတဲ့ဟော်မုန်းကို ပုံမှန်ပမာဏရောက်အောင်၊ လကဏာတွေသက်သာအောင် ပြန်လုပ်ပေးတယ်။

ခွဲစိတ်မှု

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

အကူအညီဖြစ်စေမယ့် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ ကတော့ –

မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါ ကိုကာကွယ်နည်းမရှိတာကြောင့် တကယ်လို့ သင့်ကလေးမှာ ဖြစ်နိုင်ချေရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ မျိုးရိုးဗီဇဆိုင်ရာနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ဖို့တော့ အကြံပေးပါလိမ့်မယ်။

တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Congenital Adrenal Hyperplasia http://emedicine.medscape.com/article/919218-overview#a2. Accessed April 7, 2017
Congenital adrenal hyperplasia http://www.mayoclinic.org/diseases-conditions/congenital-adrenal-hyperplasia/manage/ptc-20309491. Accessed April 7, 2017
Congenital Adrenal Hyperplasia http://www.healthline.com/health/congenital-adrenal-hyperplasia#prenatal-screening7. Accessed April 7, 2017

ယခုပုံစံ

04/12/2019

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement