သားဖွားဆရာဝန်တွေရဲ့ အမှားတွေ ကြောင့်လဲ လူနာတွေမှာ အချင်းကွာခြင်းတွေ ဖြစ်နိုင်ပါတယ်။
Risk factors
ငါ့ဆီမှာ Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
- အချင်းကွာခြင်း ရာဇဝင်ရှိနေခြင်း။ ။ သင်ဟာ အရင်ကိုယ်ဝန်တွေတုန်းက အချင်းစောကွာခြင်း ဖြစ်ဖူးလျှင် နောက်ကိုယ်ဝန်တွေမှာလဲ ဖြစ်လာနိုင်ချေရှိပါတယ်။
- သွေးတိုးခြင်း။ ။ သွေးပေါင်ချိန်များခြင်း ကြောင့် အမျိုးသမီးတွေမှာ အချင်းကွာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
- ဝမ်းဗိုက်ထိခိုက်ခြင်း။ ။ ဝမ်းဗိုက်ကို မတော်တဆ ထိခိုက်မှုတွေကြောင့်လဲ အချင်းကွာခြင်းဖြစ်နိုင်ချေတိုးပွားစေနိုင်ပါတယ်။
- မူးယစ်ဆေးသုံးခြင်း။ ။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း သို့ ကိုကင်းသုံးခြင်းတို့ကြောင့်လဲ အချင်းကွာခြင်းတွေ ဖြစ်နိုင်ပါတယ်။
- ရေမွှာအိတ်စောပေါက်ခြင်း။ ။ ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သွေးငယ်ကလေးအား ရေမွှာလို့ခေါ်တဲ့ အကာအကွယ်အလွှာလေးတစ်ခုနှင့် ကာကွယ်ပေးထားပါတယ်။ ကလေးမမွေးမီမှာ ၎င်းအလွှာလေးစောပေါက်ခြင်းကြောင့်လဲ အချင်းစောကွာခြင်းကိုဖြစ်စေနိုင်ပါတယ်။
- သွေးခဲခြင်းရောဂါများ။ ။ သွေးခဲခြင်းကို သက်ရောက်စေနိုင်တဲ့ မည့်သည့် ရောဂါမှဆို အချင်းစောကွာခြင်းကို ဖြစ်စေနိုင်ပါတယ်။
- Multiple pregnancies။ ။ သင်ဟာ တကယ်လို့ အမွှာ သို့ သုံးမွှာပူးမွေးထားလျှင် ပထမဆုံးမွေးမယ့်ကလေးက သားအိမ်ပြဲခြင်းဖြစ်ပေါ်နိုင်ပြီး ဒုတိယကလေးမမွေးခင်မှာ အချင်းကွာ ခြင်းဖြေပွားနိုင်ပါတယ်။
- အသက်အရွယ်။ ။ အချင်းစောကွာခြင်းက အသက် ၄၀ နောက်ပိုင်း အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အချင်းကွာခြင်းကို အောက်ပါနည်းလမ်းတွေနဲ့ အဖြေရှာနိုင်ပါတယ်။
- ကျန်းမာရေးအခြေအနေများ မေးမြန်းခြင်း
- လက်တွေ့စမ်းသပ်ခြင်း
- သွေးစစ်ခြင်းနှင့် တခြားဓါတ်ခွဲ စမ်းသပ်ခြင်းများ
Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသမှုကတော့ ဆေးရုံမှာပဲလုပ်ပါတယ်။ ဆရာဝန်တွေနဲ့ ဆရာမတွေ ပါဝင်တဲ့ ဆေးဝါးကူသရေးအဖွဲ့တွေက အရင်ဆုံး သင့်ရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ပါမယ်။ သင့်ရဲ့ သွေးပေါင်နဲ့ ဆေးပုံမှန်သွားနိုင်ရန် အရည်ဓါတ်တွေ သွင်းပါလိမ့်မယ်။ အရေးပေါ်အခြေအနေတွေမှာ ဆိုလျှင် ဆရာဝန်က သင့်ရဲ့ကလေးကို ခွဲစိပ်မွေးထုတ်ပြီး သွေးသွင်းရပါမယ်။ နေ့စေ့ လစေ့ကလေးတွေကိုတော့ ရိုးရိုးမွေးလို့ရနိုင်သော်လည်း ကလေးဆရာဝန်တော့ ခေါ်ထားရပါမယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက placental abruption ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် placental abruption ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
- ကိုယ်ဝန်နုစဉ်ကစပြီး ကိုယ်ဝန်ကို ပုံမှန် ဆရာဝန်နဲ့ ပြခြင်းဖြင့် အချင်းကွာခြင်းကို စောစောစီးစီး သိနိုင်ပြီး ကုသနိုင်ပါလိမ့်မယ်။
- သွေးတိုးနှင့် ဆီးချိုရောဂါတွေကို ကုသခြင်းဖြင့် အချင်းကွာခြင်းကို ကာကွယ်နိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။