backup og meta

သေကြောင်းကြံလိုစိတ်ရှိတဲ့ သူငယ်ချင်းကို ကူညီရန်အဆင့်များ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သေကြောင်းကြံလိုစိတ်ရှိတဲ့ သူငယ်ချင်းကို ကူညီရန်အဆင့်များ

    အခြေအနေ အတော်များများမှာ သေကြောင်းကြံလိုသူဟာ အကူအညီမတောင်းတတ်ကြပါဘူး။ သူတို့ဟာ ဘဝကို အရှုံးပေးလိုက်ပြီး သင့်ကို အရမ်းနောက်ကျသွားချိန်အထိ ပြဿနာတွေကို ပြောပြမှာ မဟုတ်ပါဘူး။

    ဒါမျိုး သင့်သူငယ်ချင်းမှာ ဖြစ်လာရင် သင်က ထိန်းချုပ်ပြီး သင့်သူငယ်ချင်းကို ကူညီပေးနိုင်ပါတယ်။

    သေကြောင်းကြံခြင်းကို နားလည်ခြင်းနဲ့ ကာကွယ်ခြင်း

    လူတစ်ယောက် သေကြောင်းကြံခြင်းကို ကူညီခြင်း မပြုမီ သေကြောင်းကြံခြင်းရဲ့ သတိပေးလက္ခဏာတွေနဲ့ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သိထားသင့်ပါတယ်။ သေကြောင်းကြံခြင်းရဲ့ အဓိက အကြောင်းရင်းက စိတ်ဓါတ်ကျခြင်းကြောင့် ဖြစ်ပါတယ်။

    စိတ်ကျမှု ပြင်းထန်သူ အတော်များများက သူတို့ရဲ့ စိတ်ဖိစီးမှုများပြီး မျှော်လင့်ချက်မရှိတဲ့ဘဝကို သေကြောင်းကြံပြီး လွတ်မြောက်လိုကြပါတယ်။ သူတို့တွေဟာ သူတို့ကို ထိခိုက်နေတဲ့ နာကျင်မှုကို ရပ်တန့်လိုကြပါတယ်။

    တကယ်လို့ သင့်သူငယ်ချင်းက သေကြောင်းကြံဖို့ စဉ်းစားနေပြီဆိုရင် သူ့မှာ ကိုယ့်ကိုယ်ကို မနှစ်မြို့ခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အထီးကျန်ခြင်းတွေ ရှိနိုင်ပါတယ်။ သေခြင်းတရားအကြောင်း ပြောလာပြီး အခြားသူတွေနဲ့ ရှောင်ဖယ်လာနိုင်ပါတယ်။

    ပုံမှန်အားဖြင့် သေကြောင်းကြံချင်တွေဟာ အချိန်များများ ယူတတ်ပါတယ်။ ဒါကြောင့် သင်ကစောစီးစွာ ကူညီနိုင်လေလေ ရလဒ်ပိုကောင်းလေလေပဲဖြစ်ပါတယ်။

    သင်ချစ်ရသူ (သို့) သူငယ်ချင်းတစ်ယောက်ယောက်က သေကြောင်းကြံချင်တယ်ဆိုရင် ဘယ်လိုကူညီမလဲ။

    သင့်ရဲ့ စိုးရိမ်မှုတွေအကြောင်း ပြောပြပါ။

    သင့်သူငယ်ချင်းနဲ့ သေကြောင်းကြံခြင်းအကြောင်း ပြောခြင်းဟာ ခက်ခဲပါတယ်။ ဒါပေမယ့် တိုက်ရိုက်၊ ရိုးသားစွာ ပြောခြင်းဟာ တစ်ခုတည်းသော ကူညီနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သင်က အောက်ပါအတိုင်းပြောနိုင်ပါတယ် ။

    “ငါခုတလော နင့်ကို အရမ်းစိုးရိမ်နေမိတယ်” သို့မဟုတ် “နင်ခုတလော ပုံမှန်မဟုတ်တာကြောင့် မေးကြည့်တာ” အစရှိသဖြင့် မေးနိုင်ပါတယ်။ သင်က သူတို့ကို ကူညီချင်နေကြောင်းဖေါ်ပြပြီး သူတို့က သင့်ကိုမဖြေရင်လည်း သူတို့ကို အကဲဖြတ်ခြင်း၊ အငြင်းပွားခြင်းတွေ မပြုလုပ်သင့်ပါဘူး။ တည်ငြိမ်၊ စိတ်ရှည်ပြီး နားထောင်ကောင်းသူတစ်ယောက် ဖြစ်သင့်ပါတယ်။

    သူတို့ကို ဘဝရဲ့ တန်ဖိုးရှိပုံအကြောင်း ပြောပြခြင်း၊ သူတို့အတွက် အသုံးမဝင်တဲ့ အကြံတွေပေးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ သင့်သူငယ်ချင်းရဲ့ စိတ်ကျရောဂါကို မဖြေရှင်းနိုင်တဲ့အတွက် သင့်ကိုယ်သင် အပြစ်မတင်သင့်ပါဘူး။ သူတို့ဟာ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို နားလည်ပါစေ။

    အရေးပေါ်အခြေအနေဖြစ်လာရင် လျင်မြန်စွာ တုန့်ပြန်ပါ။

    သေကြောင်းကြံချင်တဲ့ အကြံရှိသူတွေဟာ သေကြောင်းကြံဖို့အတွက် အစီအစဉ် ပြုလုပ်တတ်ကြပြီး လုပ်မယ့်ပုံစံ၊ အချိန် အစရှိတာတွေကို ရွေးချယ်တတ်ကြပါတယ်။ စိတ်ရောဂါရှိသူတွေဟာ ပိုပြီး မြန်မြန်ပြုလုပ်တတ်ကြပါတယ်။

    တကယ်လို့ သင့်သူငယ်ချင်းက သေကြောင်းကြံဖို့ စဉ်းစားနေပြီလို့ပြောရင် သူတို့အတွက် ရုတ်တရက် ကျရောက်နိုင်တဲ့ အန္တရာယ်ကို စမ်းစစ်ဖို့ လိုပါတယ်။

    ကူညီပေးခြင်း၊ ထောက်ပံ့ပေးခြင်း

    သင့်သူငယ်ချင်းကို အကောင်းဆုံးကူညီပေးနိုင်တဲ့ နည်းလမ်းကတော့ ကိုယ်ချင်းစာခြင်းကို ပြသပါ။ သေကြောင်းကြံချင်နေသူကို ကူညီဖို့ဟာ သတ္တိအများကြီးလိုအပ်ပါတယ်။ သင့်သူငယ်ချင်းကို ကူညီနေစဉ်မှာ ပြဿနာတွေက သင့်ကို စိတ်ဒုက္ခမပေးသင့်ပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်ပါတယ်။

    ပညာရှင်ဆိုင်ရာ ကူညီပေးခြင်း၊ စိတ်ကျခြင်းအတွက် ကုသမှုယူဖို့ အကြံပေးခြင်းတွေ လုပ်နိုင်ပါတယ်။ ဆရာဝန်တွေက အကောင်းဆုံးကုသမှု၊ ဆေးတွေ ပေးခြင်းလုပ်နိုင်တာမို့ သင့်သူငယ်ချင်းကို ကုသမှုညွှန်ကြားချက်တွေအတိုင်းလိုက်နာဖို့ တိုက်တွန်းသင့်ပါတယ်။

    တကယ်လို့ သင့်သူငယ်ချင်းက သေကြောင်းကြံဖို့ ရာနှုန်းများနေပြီဆိုရင် သေကြောင်းကြံနိုင်တဲ့ အရာတွေဖြစ်တဲ့ ဆေး၊ ဓါး၊ ဘရိတ်ဓါး၊ သေနတ် အစရှိတာတွေကို သိမ်းထားပြီး သူတို့လိုအပ်တဲ့ အချိန်မှသာ ထုတ်ပေးသင့်ပါတယ်။

    သေကြောင်းကြံခြင်းကို ကာကွယ်ခြင်းဟာ သတိပေးလက္ခဏာတွေကို သိရှိခြင်းနဲ့ ဂရုစိုက်ခြင်းက စတင်ပါတယ်။ တကယ်လို့ သေကြောင်းကြံဖို့ကြိုးစားနေတဲ့ သင့်သူငယ်ချင်းက သင့်အကူအညီကို လိုတယ်ဆိုရင် သူတို့နဲ့ စကားသေချာပြောသင့်ပြီး စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှု လိုအပ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement