backup og meta

သူငယ်ချင်းအဆင့် (Friend Zone) ထဲက ရုန်းထွက်နိုင်စေမယ့် ခြေလှမ်း ၇ လှမ်း

သူငယ်ချင်းအဆင့် (Friend Zone) ထဲမှာ ပိတ်မိနေပြီလား။ ဘယ်လိုရှေ့ဆက်ရမယ် မသိတော့ဘူးလား။ ကိုယ်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆိုတဲ့အချက်က ကိုယ့်ရဲ့ အချစ်ရေးကို ချည်နှောင်ထားနေတာလား။ ဒီအချက်တွေက သင့်ရဲ့ စိတ်ကို လေးလံနေစေပြီလား။

သူငယ်ချင်းအဆင့် (Friend Zone) ထဲက ရုန်းထွက်နိုင်စေမယ့် ခြေလှမ်း ၇ လှမ်း

လူအတော်များများ ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူဘဝကို အဆင့်တက်ချင်ပြီး နောက်တစ်ယောက်က ဟင့်အင်းဆိုတဲ့ အခြေအနေမျိုးပေါ့။

သူငယ်ချင်းဘဝ ဆက်ဆံရေးဟာ အပေးအယူမျှပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမှာ အားလုံးဟာ သာတူညီမျှပါပဲ။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သင့်ရဲ့သူငယ်ချင်းလေးမှာရှိတဲ့ ထူးခြားဆန်းကြယ် ချစ်စဖွယ်ကောင်းလှတဲ့အချက်တွေကို သင်သတိထားမိလာတဲ့အခါ ဇာတ်လမ်းစပါပြီ။ သင်ချစ်မိနေပါပြီ။ ဒါပေမယ့် ဒါဟာ တစ်ဖက်သတ်အချစ်လို့ခေါ်ပါတယ်။

တကယ်တော့ အချစ်မှာ ချစ်ခြင်းမေတ္တာကသာ အရေးအကြီးဆုံးပါ။ သူငယ်ချင်းဖြစ်ခြင်းမဖြစ်ခြင်းထက် သူ့ကိုကိုယ် ဘယ်လို မေတ္တာထားပြီး ကြင်နာပေးနိုင်မလဲဆိုတာက ပိုအရေးပါပါတယ်။

ကိုယ့်ရဲ့ မေတ္တာတရားကို ပြသနိုင်ဖို့၊ ကိုယ့်ရဲ့ အနာဂတ်ခရီးဆီ ဆက်လျှောက်ဖို့ဆိုရင် Friend Zone ထဲကနေ ရုန်းထွက်နိုင်ဖို့တော့ လိုတယ်နော်။ Friend Zone ထဲကထွက်မယ်ဆိုတာနဲ့ပဲ သင်မျှော်လင့်ထားသလို ရွှေလက်တွဲပြီးထွက်ခွင့်ရလိမ့်မယ်လို့ ယတိပြတ် မမျှော်လင့်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

Friend Zone ထဲကနေလည်း ထွက်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာလည်း မသိဘူး၊ ဒီအခြေအနေကြီးကနေ မဖြစ်မနေ ရုန်းထွက်တော့မယ်ကွာလို့ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ဒီစာကို ဆက်ဖတ်လိုက်ပါတော့။

  • ၁။ Friend Zone ထဲမှာ ရှိနေတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အသိပေးပါ – Friend Zone ထဲမှာ ရှိနေကြောင်း မသိပဲ လည်နေသူတွေ ရှိနေပါတယ်။ ဒါမှမဟုတ်လည်း “Special Person” ဆိုတဲ့ အခြေအနေလေးကို သာယာနေမိတာမျိုးပေါ့။ ဒီထဲက ထွက်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့က အရေးကြီးတဲ့အချက်ပါ။
  • ၂။ သူ ကိုယ့်ကို ဘယ်လိုမြင်လဲ ဆန်းစစ်ပါ – သူ ကိုယ့်အပေါ် ဘယ်လိုမြင်လဲဆိုတာကို သိနားလည်ဖို့ လိုပါတယ်။ ကိုယ်ကချည်း တွယ်ကပ်မိနေတာဆိုရင်တော့ ပြန်စဉ်းစားဖို့သင့်ပါတယ်။ ပိုးပန်းတာပဲဖြစ်ဖြစ်၊ ချစ်သူဘဝကိုတက်လှမ်းသွားရင်ပဲဖြစ်ဖြစ် တစ်ဖက်သက်ဖြစ်နေသရွေ့ ဘာမှမကောင်းပါဘူး။
  • ၃။ ခံစားချက်ကို ဖွင့်ဟပါ – ဖွင့်မပြောပဲ။ ဘာမှမဖြစ်လာနိုင်ပါဘူး။ ဒီထက်ပိုမှန်ကန်တဲ့ နိယာမလည်း လောကမှာမရှိဘူးလေ။ ကိုယ့်ခံစားချက်ကို ရင်ဖွင့်လိုက်ပါ။ မဟုတ်ရင်တော့ Friend Zone ကနေထွက်နိုင်ဖို့ ခက်နေဦးမှာပါပဲ။
  • ၄။ ခွဲထုတ်ပစ်ပါ – ဟုတ်တယ်။ ဖွင့်ပြောပြီးရင် ကိုယ်နဲ့သူနဲ့ကြားမှာ ခြားနားချက်တွေရှိတယ်။ အရင်လို သူငယ်ချင်း အခြေအနေမဟုတ်တော့ဘူးဆိုတာကို သိအောင်လုပ်ဖို့ လိုအပ်တယ်လေ။ ခွဲခြားပစ်တာက Friend Zone ကနေထွက်ဖို့ သိပ်ကို အရေးကြီးတဲ့အချက်ပါ။ သူ့ဘက်က ခံစားချက်ကို သိအောင်လုပ်ဖို့ ဒီအဆင့်ကို ဖြတ်ကို ဖြတ်သန်းရမှာပါ။
  • ၅။ ဘဝတစ်ခုစပါ – ဟန်ဆောင်ပန်ဆောင် ခံစားချက်မျိုးနဲ့ မဟုတ်ပါဘူး။ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ခြေလှမ်းသစ်တွေစဖို့ လိုပါတယ်။ Friend Zone ထဲကနေ ထွက်ဖို့ဆိုရင် အကောင်းနဲ့ထွက်တာလည်းဖြစ်နိုင်သလို အဆိုးနဲ့ ထွက်တာလည်းဖြစ်နိုင်တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဘဝသစ် တစ်ခုစပါ။ မရေရာမှုတွေအကြားမှာ ပိတ်လှောင်ခံမနေပါနဲ့။
  • ၆။ ပုံစံ ပြောင်းပါ – ကိုယ့်ကိုယ်ကို အသွင်အပြင်တစ်မျိုးဖြစ်လာအောင် ဖန်တီးပစ်လိုက်ပါ။ ပိုပြီးတက်ကြွတဲ့လူ၊ ပိုကောင်းတဲ့လူပေါ့။ အီလည်လည် အခြေအနေကြီးကနေ ရုံးထွက်ပြီး ပိုပြီး စိတ်လှုပ်ရှားစရာ လူတစ်ယောက်ဖြစ်အောင် လုပ်ပစ်လိုက်။
  • ၇။ ခံယူချက်ကို ပြင်ပါ – ကိုယ့်ရဲ့နောက်ဆုံး ရပ်တည်မှု၊ စိတ်ခံယူချက်က ဘာလဲ? သေချာပြန်ဆန်းစစ်ကြည့်။ ပြီးရင် ဝမ်းနည်းတာတွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်မနေနဲ့။ ရှေ့ကို လှမ်းတက်လိုက်။ တကယ်လို့ ကိုယ့်ဘေးမှာ ဘယ်သူမှမပါလာဘူးဆိုရင်တောင်မှ တစ်ယောက်တည်း ရပ်တည်နိုင်တယ်ဆိုတာကို ပြလိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.huffpost.com/entry/7-tips-for-getting-out-of_b_4066968?guccounter=1

 

ယခုပုံစံ

15/08/2020

Ye Zon Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား

ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement