backup og meta

မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ

    မူးယစ်ဆေးဝါး ဆိုဟာ ဘယ်ပုံစံ ဘယ်အမျိုးအစားမဆို လူတွေကို အကျိုးမပြုတဲ့ အရာတွေဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် ဘေးထွက်ဆိုးကျိုးတွေ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ထိခိုက်နစ်နာမှုတွေသာ ချန်ရစ်ထားခဲ့လေ့ရှိပါတယ်။ ဒါပေမယ့်လည်း မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ကမ္ဘာပေါ်မှာ ထိန်းချုပ်ရခက်ခဲတဲ့ ပြဿနာတစ်ခုဖြစ်နေဆဲပါ။

    မူးယစ်ဆေးဝါးကြောင့် ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေကို နေ့စဉ်နဲ့အမျှ ကြားသိနေကြရပါတယ်။ လူတစ်ယောက်ဟာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို တစ်ကြိမ်တစ်ခါလောက်ပဲ စမ်းသပ်သုံးစွဲလိုက်ရင်တောင်မှ အချိန်အတော်ကြာအောင် ခန္ဓာကိုယ်ထဲမှာ တည်ရှိနေနိုင်ပြီး လူကို ဒုက္ခပေးဖို့ စောင့်ဆိုင်းနေတတ်ပါတယ်။ ပမာဏများပြားလာချိန်တွေမှာတော့ လူတွေကို ဒုက္ခအများအပြားပေးဖို့အတွက်ဖြစ်ပါတယ်။

    မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ

    လူတစ်ယောက် သုံးစွဲလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ အမျိုးအစားအလိုက် သင့်ခန္ဓာကိုယ်ထဲက ဆီး (ကျင်ငယ်ရည်) ၊ သွေးနဲ့ ဆံပင်တွေထဲမှာ ရှိနေနိုင်ပြီး အချိန် ဘယ်လောက်ကြာကြာရှိနေနိုင်ပြီး သင့်ကို ဒုက္ခပေးနိုင်သလဲဆိုတာကိုတော့ လူတော်တော်များများ သိရှိကြခြင်းမရှိကြပါဘူး။ ယေဘုယျအားဖြင့်တော့ သုံးစွဲတဲ့ ပမာဏနဲ့ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ကြာမြင့်ချိန်မတူညီပါဘူး။

    U.S. Food and Drug Administration ရဲ့ လေ့လာချက်တွေအရ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လိင်၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအခြေအနေတွေအပေါ်မူတည်ပြီး ခန္ဓာကိုယ်ထဲမှာ ကြာမြင့်ချိန် အနည်းငယ်ကွဲပြားတတ်တယ်လို့ သိထားရပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်ကနေ ၆ ပတ်အထိ ကြာမြင့်စွာ တည်ရှိနေတတ်တာပါ။

    တစ်ကြိမ်တစ်ခါ အသုံးပြုလိုက်ရင်တောင်မှ လူ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးဝါးရဲ့ ဓာတ်တွေ၊ ဘေးထွက်ဆိုးကျိုးတွေ ဆက်လက်တည်ရှိနေနိုင်တဲ့ အချိန်ပမာဏတွေကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

    မူးယစ်ဆေး အမျိုးအစားအလိုက် ခန္ဓာကိုယ်ထဲမှာ တည်ရှိနေနိုင်တဲ့ အချိန်ပမာဏများ

    • အယ်လ်ကိုဟော (Alcohol) : ၃ ရက် မှ ၅ ရက် (ဆီးထဲတွင်) ၊ ၁၀ နာရီ မှ ၁၂ နာရီ (သွေးထဲတွင်)
    • အန်ဖက်တမင်း (Amphetamines) : ၁ ရက် မှ ၃ ရက် (ဆီးထဲတွင်) ၊ ၁၂ နာရီ (သွေးထဲတွင်)
    • Barbiturates : ၂ ရက် မှ ၄ ရက် (ဆီးထဲတွင်) ၊ ၁ ရက် မှ ၂ ရက် (သွေးထဲတွင်)
    • Benzodiazepines : ၃ ပတ် မှ ၆ ပတ် (ဆီးထဲတွင်) ၊ ၂ ရက်မှ ၃ ရက် (သွေးထဲတွင်)
    • ဆေးခြောက်/မာရီယာနာ (Cannabis/Marijuana/THC) : ၇ ရက်မှ ၃၀ ရက် (ဆီးထဲတွင်) ၊ ၂ ပတ် (သွေးထဲတွင်)
    • ကိုကိန်း (Cocaine) : ၃ ရက် မှ ၄ ရက် (ဆီးထဲတွင်) ၊ ၁ ရက် မှ ၂ ရက် (သွေးထဲတွင်)
    • Codeine : ၁ ရက် (ဆီးထဲတွင်) ၊ ၁၂ နာရီ (သွေးထဲတွင်)
    • ဘိန်းဖြူ (Heroin) : ၃ ရက်မှ ၄ ရက် (ဆီးထဲတွင်) ၊ ၁၂ နာရီ (သွေးထဲတွင်)
    • LSD/ Lysergic Acid Diethylamide : ၁ ရက် မှ ၃ ရက် (ဆီးထဲတွင်) ၊ ၂ နာရီ မှ ၃ နာရီနှင့်အထက် (သွေးထဲတွင်)
    • MDMA/ Ecstasy or Molly : ၃ ရက် မှ ၄ ရက် (ဆီးထဲတွင်) ၊ ၁ ရက် မှ ၂ ရက် (သွေးထဲတွင်)
    • Methamphetamine (crystal meth): ၃ ရက် မှ ၆ ရက် (ဆီးထဲတွင်) ၊ ၂၄ နာရီ မှ ၇၂ နာရီ (သွေးထဲတွင်)
    • မက်သဒုံး (Methadone) : ၃ ရက် မှ ၄ ရက် (ဆီးထဲတွင်) ၊ ၂၄ နာရီ မှ ၃၆ နာရီ (သွေးထဲတွင်)
    • မော်ဖင်း (Morphine) : ၂ ရက် မှ ၃ ရက် (ဆီးထဲတွင်) ၊ ၆ နာရီ မှ ၈ နာရီ (သွေးထဲတွင်)

    လူ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးဝါးတွေ ရှိနေမနေ ဘယ်လိုသိရှိနိုင်မလဲ

    ကိုယ့်ပတ်ဝန်းကျင်က မူးယစ်ဆေးအသုံးပြုနေတယ်လို့ သံသယရှိနေသူတွေ တကယ်သုံးစွဲထားခြင်း ရှိမရှိသိနိုင်ဖို့ဆိုရင် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး သိရှိနိုင်မှာဖြစ်သလို ကာယကံရှင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လေ့လာပြီးလည်း သိရှိနိုင်ပါတယ်။  သုံးထားတဲ့ ပမာဏ၊ စိတ်အခြေအနေ (စိတ်မရှည်တာ၊ စိတ်တိုလွယ်တာ၊ သတိကင်းမဲ့နေတတ်တာ) ၊ ဆေးအာနိသင် ၊ ဇီဝဖြစ်ပျက်မှုအခြေအနေနဲ့ ဆေးဝါးအသုံးပြုနေမှု အခြေအနေ စတာတွေကို စောင့်ကြည့်လေ့လာပြီး စစ်ဆေးနိုင် ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement