backup og meta

မေ့ဆေး သို့မဟုတ် ထုံဆေးကြောင့် အသိ၊ အထိကင်းခြင်းနဲ့ ပတ်သက်သည့် ဘေးအန္တရာယ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့ဆေး သို့မဟုတ် ထုံဆေးကြောင့် အသိ၊ အထိကင်းခြင်းနဲ့ ပတ်သက်သည့် ဘေးအန္တရာယ်များ

    ထုံဆေး၊ မေ့ဆေးတွေဟာ ခြုံကြည့်မယ်ဆို လူအများစုအတွက် အလွန်ဘေးကင်းပါတယ်။ ကျန်းမာရေးအခြေအနေရှိတဲ့ တချို့လူတွေတောင် ထုံဆေး၊ မေ့ဆေးကို ပြဿနာကြီးကြီးမားမားမရှိပဲ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဘေးအန္တရာယ်တချို့တော့ ဖြစ်တတ်ပါတယ်။ အကယ်၍ သင်က ထုံဆေး၊ မေ့ဆေးအသုံးပြုဖို့ ပြင်ဆင်နေမယ်ဆိုရင်တော့ အခြေခံအချက်အလက်တချို့ကို သိထားသင့်ပါတယ်။

    ထုံဆေး၊ မေ့ဆေး ဆိုတာ ဘာလဲ။

    ဒီနည်းလမ်းဟာ ခွဲစိတ်မှုတွေပြုလုပ်တဲ့အခါ နာကျင်မှုကို ထိန်းချုပ်ဖို့အတွက် ထုံဆေး၊ မေ့ဆေးတို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုပါ။ ဒါက သင့်ရဲ့ အသက်ရှုခြင်း၊ နှလုံးခုန်ခြင်း၊ သွေးလှည့်ပတ်ခြင်း ( သွေးပေါင်ချိန် ) ၊ မြိုချခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အစာနင်ခြင်းလိုမျိုး လည်ချောင်း တုံ့ပြန်မှုများ၊ အစာခြေစနစ်ရဲ့ လှုပ်ရှားမှုများကို ထိန်းချုပ်ပေးဖို့ ကူညီနိုင်ပါတယ်။ ဒါက သင့်အဆုတ်ထဲကို ထူးခြားတဲ့အရာတွေ ရှုသွင်းမိခြင်းမှ ကာကွယ်ပေးပါတယ်။

    ထုံဆေး၊ မေ့ဆေးနဲ့ ပတ်သက်တဲ့ ဘေးအန္တရာယ်များ

    ထုံဆေး၊ မေ့ဆေးအားလုံးမှာ ဘေးအန္တရာယ်အချို့ ရှိပါတယ်။ ဥပမာ။

    • ယေဘုယျ ထုံဆေး၊ မေ့ဆေးအသုံးပြုပြီးပါက အဆုတ်ရောဂါ၊ ချောင်းဆိုးခြင်း၊ နှလုံးနဲ့ပတ်သက်တဲ့ပြဿနာများ၊ ပျို့အန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
    • ထုံဆေး၊ မေ့ဆေး အသုံးပြုတဲ့ ပမာဏများသွားမယ်ဆိုရင် အဲ့ဒါက သင့်ကိုယ်ခန္ဓါရဲ့ တခြားအစိတ်အပိုင်းတွေဆီမှာ ကျန်နိုင်ပြီး သင့်နှလုံးနဲ့ ဦးနှောက်တို့ကို သက်ရောက်မှု ရှိစေနိုင်ပါတယ်။
    • ကျာရိုးနဲ့ ပတ်သက်တဲ့ ထုံဆေး၊ မေ့ဆေး အသုံးပြုပြီးပါက လူတချို့မှာ ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။

    ထုံဆေး၊ မေ့ဆေးရဲ့ ဘေးအန္တရာယ်တွေကို မြင့်တက်စေမယ့် အကြောင်းအရာများ

    သိပ္ပံပညာတိုးတက်မှု၊ ရှာဖွေတွေ့ရှိမှုနဲ့ ခေတ်မှီဆေးဝါးတွေရဲ့ ကျေးဇူးကြောင့် ခွဲစိတ်မှုနဲ့ ထုံဆေး၊ မေ့ဆေးတို့က ပိုမို ဘေးကင်းလာပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက ဘေးအန္တရာယ်မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာ သင့်ကျန်းမာရေး အခြေအနေတွေ၊ သင့်နေထိုင်မှုပုံစံတွေအပေါ် မူတည်ပါတယ်။

    သင့်ရဲ့ကျန်းမာရေးအခြေအနေများ

    တချို့ကျန်းမာရေးအခြေအနေတွေက ခွဲစိတ်မှုနဲ့ ထုံဆေး၊ မေ့ဆေးကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲရောဂါဖြစ်တန်စွမ်းကို မြင့်တက်လာစေပါတယ်။

    • သွေးပေါင်ချိန်မြင့်တက်ခြင်း
    • လုံးရောဂါ (ရင်ဘတ်အောင့်ခြင်း(angina)၊ ရုတ်တရက် နှလုံးရပ်ခြင်း၊ နှလုံးအဆို့ရောဂါ သို့မဟုတ် heart attack ရဖူးခြင်း)
    • သွးချိုရောဂါ
    • ဆေးနဲ့ ဓါတ်မတည့်ခြင်း
    • သတိလက်လွတ်ဖြစ်ခြင်း ( stroke )
    • တက်ခြင်း (seizure ) သို့မဟုတ် တခြား အာရုံကြောဆိုင်ရာ အစီအစဉ်မကျခြင်း
    • အဝလွန်ခြင်း
    • ကျောက်ကပ်ပြဿနာများ
    • အိပ်ပျော်နေစဉ် ယာယီ အသက်ရှု ရပ်ခြင်း
    • သွေးထွက်ခြင်းကို များပြားစေပါတဲ့ Aspirin လိုမျိုး ဆေးသုံးစွဲနေခြင်း
    • အဆုတ်အခြေအနေ ( asthma ၊အဆုတ်နဲ့ ပတ်သက်တဲ့ နာတာရှည်ရောဂါ ( chronic obstructive pulmonary disease-COPD) )
    • ထုံဆေး၊ မေ့ဆေးနဲ့ မတည့်ခြင်း သို့မဟုတ် ဆန့်ကျင်ဖက် တုံ့ပြန်မှုမျိုး ဖြစ်ဖူးခြင်း
    • သင့်ရဲ့နှလုံး၊ အဆုတ်၊ ကျောက်ကပ်တို့နဲ့ ပတ်သက်ပြီး တခြားကျန်းမာရေးဆိုင်ရာ အခြေအနေများ
    • သင့်လူနေမှုဘဝပုံစံများ
    • ဆးလိပ်နဲ့ အရက်သောက်သုံးခြင်း

    အရက်နဲ့ ဆေးလိပ်သုံးစွဲခြင်းက သင့်ကိုယ်ခန္ဓါအပေါ် သင့်အသုံးပြုနေရတဲ့ ညွှန်ကြားခံဆေးဝါးတွေထက် ပိုပြီး ကြီးကြီးမားမား သက်ရောက်စေပါတယ်။ ( တချို့အချိန်မှာဆို ပိုမိုစေပါတယ် ) ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာပါတဲ့ ဘေးဖြစ်စေတဲ့ အရာတွေက ခွဲစိတ်မှုအတွင်း ထုံဆေး၊ မေ့ဆေးတွေရဲ့ အလုပ်လုပ်တဲ့ပုံစံကို ပြောင်းလဲသွားစေနိုင်လို့ပါ။ ခွဲစိတ်မှုမတိုင်မီ သင့်ရဲ့ အတိတ်၊ မကြာမီက၊ လက်ရှိ အဲ့ဒီအရာတွေ သုံးစွဲခဲ့တဲ့မှတ်တမ်းကို သင့်မေ့ဆေးဆရာဝန်၊ ခွဲစိတ်ဆရာဝန်တို့ကို အသိပေးဖို့ အရေးကြီးပါတယ်။

    မူးယစ်ဆေးသုံးစွဲခြင်း ( marijuana-ဆေးလိပ်ထဲလိပ်သောက်တဲ့အရာ၊ cocaine-ကိုကင်း၊ amphetamines-စိတ်ကြွဆေး၊ heroin-ဘိန်းဖြူ )

    လူနာတွေဟာ တခါတရံမှာ သူတို့ရဲ့ တရားမဝင်တဲ့ဆေးတွေ သုံးစွဲမှုကို ပြောပြဖို့ တုံ့ဆိုင်းတတ်ပါတယ်။ ဒါပေမယ့် သင်သိထားရမှာက သင်နဲ့ သင့်ဆရာဝန်တွေကြားက ပြောစကားတွေက လျှို့ဝှက်ထားတယ် ဆိုတာပါပဲ။ သင့်ဆရာဝန်က သင် ထိုဆေးတွေကို သုံးတဲ့ အတိတ်၊ မကြာမီက၊ လက်ရှိအခြေအနေတွေကို သိရှိဖို့ အရေးကြီးပါတယ်။ သင့်စိတ်ထဲမှာ သိရမယ့် အရေးကြီးတစ်ခုကတော့ သင့်ဆရာဝန်ဟာ သင့်ရဲ့အချက်အလက်တွေကို သိချင်တာဟာ သင့်ရုပ်ပိုင်းဆိုင်ရာအနေအထားကို လုံလုံလောက်လောက်သိရှိပြီး သင့်အတွက် ဘေးအကင်းဆုံး ထုံဆေး၊ မေ့ဆေးကို ပေးနိုင်ဖို့ ဖြစ်တယ်ဆိုတာပါ။ အကယ်၍ သင်ဟာ သင့်မေ့ဆေးဆရာဝန်ကို ဒါတွေမပြောပြရင် သင့်အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။ ဆေးတွေရဲ့ တန်ပြန်သက်ရောက်မှုက အရမ်းအန္တရာယ်များနိုင်ပါတယ်။

    သင့်အနေအထား၊ သင့်လက်ရှိသုံးနေတဲ့ဆေး၊ အရင်ကသုံးဖူးတဲ့ဆေး စတဲ့ အချက်အလက်အားလုံးကို ပြောပြဖြစ်အောင် ပြောပြပါ။ သင်ရိုးသားပွင့်လင်းပါက သင်ထုံဆေး၊ မေ့ဆေးအသုံးပြုမယ့်အခါ ဘေးအန္တရာယ်ကို လျှော့ချနိုင်ပါလိမ့်မယ်။။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement