backup og meta

ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

အချို့ အလေ့အထတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ် ထင်လို့ လုပ်မိနေပေမယ့် ကျန်းမာရေးအတွက် အထောက်အကူ မပြုတဲ့အပြင် ဆိုးကျိုး သက်ရောက်မှုတွေတောင် ရှိစေနေပါသေးတယ်။ ဘယ်လို အလေ့အထတွေလဲ၊ ကိုယ်တိုင်မှာရော ရှိနေလား ဆန်းစစ်ကြည့်လိုက်ပါဦး။ အထူးသဖြင့် လူသိများတဲ့ ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား ဆိုတာကိုပေါ့။

ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား ဆိုတာကို ဆန်းစစ်ကြည့်လိုက် ရအောင်နော်။

မနက်စာကို စားတာက တစ်နေ့တာ အစမှာ ခွန်အား ပြည့်စေပါတယ်။ ဒါပေမဲ့ များများ စားကို စားရမယ်တော့ မဟုတ်ပါဘူး။ အစာတွေအများကြီး စားတာက ခန္ဓာကိုယ်ကို ဝန်ပိစေပြီး အစာခြေစနစ်ကို ထိခိုက်စေနိုင် ပါတယ်။

ကိုယ်ဝမ်းနဲ့ သင့်ရုံ စားပါ။ အာဟာရ ပြည့်ပြီး အဆာခံနိုင်တာ တွေကို ဦးစားပေးပြီး စားပေးပါ။

  • တစ်နေ့ ရေ၈ခွက် သောက်ခြင်း 

ရေသောက်တာက ကောင်းပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က လိုအပ်သလောက်  သောက်တာ အကောင်းဆုံးပါ။ တစ်နေ့ ၈ ခွက် သောက်ရမယ် ဆိုတဲ့ ပုံသေနည်းကြီး အတိုင်း မဖြစ်မနေ မသောက်စေချင် တာပါ။

ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးတဲ့ပေါ် မူတည်ပြီး သောက်တာ အကောင်းဆုံးပါ။ ချွေးထွက် များရင် ရေ ပိုသောက်ပြီး ချွေးထွက် နည်းရင် ရေ လျှော့သောက်နိုင်ပါတယ်။  ရေ မဆာဘဲ တစ်နေ့ ၈ ခွက် ပြည့်အောင် သောက်မယ် ဆိုတဲ့ ဆန္ဒနဲ့တော့ မသောက်ပါနဲ့။

  • အဆီတွေမစားခြင်း 

အဆီ ဆိုတိုင်း အကုန် မကောင်းတာတော့ မဟုတ်ပါဘူး။ HDL ကိုလက်စထရောဆို ကောင်းတဲ့အဆီ ဖြစ်ပါတယ်။ ဒါကြောင့် HDL ကြွယ်ဝတဲ့ အဆီပါတဲ့ ငါး၊ ထောပတ်သီး၊ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။ တိရိစ္ဆာန် အဆီ၊ စားအုန်းဆီ စတာတွေ ကိုတော့ ရှောင်သင့်ပါတယ်။

နေ့စဉ် ပုံမှန် လုံလောက်တဲ့ အိပ်စက်ချိန်လေး ထားပါ။ တစ်ပတ်လုံး အိပ်ရေးပျက် ခံထားပြီး ပိတ်ရက် ကျမှ အတိုးချ အိပ်မယ် ဆိုပြီး မလုပ်ပါနဲ့။

ညတိုင်း နောက်အကျဆုံး ဆိုရင်တောင် ၁၀ နာရီခွဲမှာ အိပ်ရာ ဝင်ပါ။ မနက်တိုင်း ၆ နာရီထက် နောက်မကျဘဲ ထပေးပါ။ ဒါကကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံ တစ်ရပ် ဖြစ်တာကြောင့် အလေ့အထ ဖြစ်အောင် မွေးမြူပေးပါ။

နေ့တိုင်းလိုလို လေ့ကျင့်ခန်း လုပ်ဖြစ်တာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောနေတတ်ကြပါတယ်။ ဒါက အခုနောက်ပိုင်းမှာ ကျန်းမာရေးအလေ့အထ  တစ်ခုလို့ ပြောလာကြပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်း လုပ်တာက တကယ်ရော ကျန်းမာရေးညီညွတ်ရဲ့လား။

နေ့တိုင်းလေ့ကျင့်ခန်း လုပ်တာက ပြဿနာ မဟုတ်ပေမဲ့ လိုတာထက် ပိုလုပ်တဲ့အခါ၊ နားရက် မယူဘဲ ဆက်တိုက် လုပ်တဲ့အခါ ကြွက်သားတွေအရိုးအဆစ်တွေကို ထိခိုက်စေနိုင် သလို ကိုယ်လက် ကိုက်ခဲတာ အခန့်မသင့်ရင် ဖျားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.curejoy.com/content/5-healthy-habits-can-actually-harmful/?utm_source=Popular&utm_medium=FCM&utm_campaign=Push Accessed Date 5 December 2019

ယခုပုံစံ

02/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု

ကျန်းမာရေးနဲ့ မညီတဲ့ အလေ့အထတွေကို ဒီလိုပြင်ဆင်ကြမယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ