backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cortisol Blood Test (Cortisol (ကော်တီဇော) တိုင်းတာတဲ့ သွေးစစ်ဆေးချက်)


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးခြင်း ဆိုတာဘာလဲ

Cortisol ဆိုတာ Adrenal gland (ကျောက်ကပ် အပေါ်ရှိ ဟော်မုန်းထုတ်တဲ့ အစိတ်အပိုင်းတစ်ခု) မှ ထုတ်တဲ့ steroid (စတီးရွိုက်) ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက် အနားရှိ pituitary gland က ထုတ်တဲ့ (adrenocorticotropic) ACTH လို့ ခေါ်တဲ့ ဟော်မုန်းကို တုံ့ပြန်ပြီး ထွက်ပါတယ်။ ACTH ဟော်မုန်းဟာ ကျောက်ကပ် အပေါ်ရှိ adrenal gland မှ ဟော်မုန်း ထုတ်တာကို အားပေးပါတယ်။

Cortisol ဟာ စိတ်ဖိစီးမှုနဲ့ “တိုက်ခိုက်မလား၊ ထွက်ပြေးမလား” တုံ့ပြန်ချက်မှာ ပါဝင်တဲ့ အဓိက ဟော်မုန်း ဖြစ်ပါတယ်။ ဒီလို တုံ့ပြန်တာဟာ သာမန်ဖြစ်စဉ် တစ်ခုဖြစ်ပြီး အန္တရာယ် အခြေအနေ တစ်ခုခု ဖြစ်လာခဲ့ရင် အကာအကွယ် ပြုနိုင်တဲ့ တုံ့ပြန်ချက် ဖြစ်ပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်များအပေါ် တုံ့ပြန်ချက်တွေကလည်း Cortisol ပမာဏကို များစေပြီး အားအင်သစ်တွေ၊ အင်အားတွေ ဖြစ်စေနိုင်ပါတယ်။

“တိုက်ခိုက်မလား ၊ ထွက်ပြေးမလား” တုံ့ပြန်ချက်မှာတော့ cortisol ဟာ “တိုက်ခိုက်မလား ၊ ထွက်ပြေးမလား” ဆိုတဲ့ တုံ့ပြန်ချက်အတွက် မလိုအပ်တဲ့၊ အနှောက်အယှက် ဖြစ်နိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို တားမြစ်ပေးထားပါတယ်။ အဲဒီအချိန်မှာ နှလုံးခုန် မြန်နေခြင်း၊ ပါးစပ် ခြောက်သွေ့ခြင်း၊ အစာအိမ် နေထိုင်မကောင်းခြင်း၊ ဝမ်းလျှောခြင်းတို့ကို ခံစားရနိုင်ပါတယ်။

Cortisol ထွက်လာတဲ့အခါ ကြီးထွားမှု ဖြစ်စဉ်တွေ၊ အစာခြေ အဖွဲ့အစည်းနဲ့ မျိုးပွား အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ထားပေးပြီး ခုခံအား စနစ်ရဲ့ တုံ့ပြန်မှုတွေကို ပြောင်းလဲစေပါတယ်။

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်အတွက် သွေးနမူနာ ယူရပြီး သွေးထဲမှာ cortisol ဘယ်လောက် ရှိတယ်ဆိုတာ တိုင်းတာပေးပါတယ်။ Cortisol ဆိုတာ adrenal gland မှ ထုတ်တဲ့ steroid (စတီးရွိုက်) ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ adrenal gland ဟာ ကျောက်ကပ်တွေရဲ့ အပေါ်မှာ ကပ်ပြီး ရှိပါတယ်။ Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်ကို serum cortisol စစ်ဆေးချက်လို့လည်း ခေါ်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်ကို ဘာကြောင့် လုပ်ရသလဲ

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်ကို Cortisol ထုတ်လုပ်တဲ့ ပမာဏ အရမ်းများနေခြင်း၊ နည်းနေခြင်းတို့ကို စစ်ဆေးရန်အတွက် ပြုလုပ်ပါတယ်။ Addison’s ရောဂါ၊ Cushing’s ရောဂါ ကဲ့သိုသော တချို့ရောဂါတွေဟာ adrenal gland ကနေ cortisol ထုတ်တဲ့ ပမာဏကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ စစ်ဆေးချက်ကို တချို့ ရောဂါတွေကို ရောဂါအမည် သတ်မှတ်ဖို့နဲ့ adrenal gland နဲ့ pituitary gland (ဦးနှောက်အနားရှိ ဟော်မုန်းထုတ်သော အစိတ်အပိုင်းတစ်ခု) တွေ အလုပ် ကောင်းကောင်း လုပ်၊ မလုပ် စစ်ဆေးတဲ့ နည်းလမ်းအနေနဲ့ အသုံးပြုပါတယ်။

Cortisol ဟာ ခန္ဓါကိုယ်မှာ ရှိတဲ့ အဖွဲ့အစည်း စနစ်တွေမှာ ပါဝင်ပါတယ်။ အဲဒီ အဖွဲ့အစည်း စနစ်တွေကတော့ –

  • စိတ်ဖိစီးမှု တုံ့ပြန်စနစ်။
  • ခုခံအား စနစ်။
  • အာရုံကြော အဖွဲ့အစည်း စနစ်။
  • သွေးလှည့်ပတ် စနစ်။
  • အရိုး စနစ်။
  • ပရိုတင်း၊ အဆီများနှင့် ကစီဓါတ်များ အတွက် တည်ဆောက်၊ ဖြိုခွဲ စနစ်။

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်ကို မလုပ်ခင်မှာ ဘာတွေ သိထားသင့်သလဲ

Cushing’s ရောဂါကို ရောဂါအမည် သတ်မှတ်ဖို့ Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက် ထက်စာရင် ၂၄ နာရီ ဆီးစစ်ဆေးချက်ကို ပိုလုပ်လေ့ ရှိပါတယ်။

Pituitary gland နဲ့ adrenal gland တွေ လုပ်ငန်း ကောင်းကောင်း လုပ်၊ မလုပ် စစ်ဆေးပေးနိုင်တဲ့ တခြား စစ်ဆေးချက်တွေ ကတော့ ACTH ကို လှုံ့ဆော်တဲ့ စစ်ဆေးချက်နဲ့ dexamethasone ကို လျှော့ချပြီး စစ်ဆေးတဲ့ စစ်ဆေးချက်တို့ ပါဝင်ပါတယ်။ Addison’s ရောဂါလို့ သံသယ ရှိတဲ့ အခါမှာလည်း ACTH ကို လှုံ့ဆော်ပြီးလုပ်တဲ့ စစ်ဆေးချက်ကို လုပ်ဆောင်နိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်အတွက် ဘယ်လို ပြင်ဆင်ထားမလဲ

ဆရာဝန်က ဒီစစ်ဆေးချက်ကို နံနက်စောစောမှာ လုပ်ဆောင်ဖို့ ပြောပါလိမ့်မယ်။ အဲဒါက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Cortisol ပမာဏဟာ တစ်နေ့လုံးမှာ အပြောင်းအလဲ ရှိနေနိုင်လို့ပါ။

သင့်ကို စစ်ဆေးချက် မလုပ်ခင်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဖို့လည်း မှာကြားနိုင်ပါတယ်။

စစ်ဆေးချက် မလုပ်ခင်မှာ အောက်မှာ ဖော်ပြမယ့်ဆေးတွေကို ခဏတာ မသောက်ဖို့ ပြောပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အောက်ပါ ဆေးတွေက ဒီစစ်ဆေးချက် အဖြေအပေါ် သက်ရောက်မှု ရှိနိုင်လို့ပါ။ အဲဒီဆေးတွေကတော့ –

  • အတက်ရောဂါကို ကုသသော ဆေးများ။
  • Estrogen (မိန်းမ ဟော်မုန်း) (အီစထရိုဂျင်)။
  • လူတွေ ထုတ်လုပ်ထားတဲ့ hydrocortisone, prednisolone, prednisone ကဲ့သို့သော glucocorticoids များ။
  • Androgen (ယောက်ျားဟော်မုန်း) တွေပဲ ဖြစ်ပါတယ်။

စမ်းသပ် စစ်ဆေးခြင်း

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက် လုပ်ဆောင်နေစဉ် ဘာတွေဖြစ်နိုင်သလဲ

ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ –

  • သွေးစီးတာကို ရပ်ဖို့ သင့်ရဲ့ အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ပါလိမ့်မယ်။ အဲဒီလို လုပ်ခြင်းက အပတ်ရဲ့ အောက်မှာရှိတဲ့ သွေးပြန်ကြောတွေကို ပိုပြီးကြီးလာအောင်၊ ထင်ရှားလာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါမှလည်း သွေးကြောထဲကို အပ်ထိုးထည့်ရတာ ပိုလွယ်ကူစေမှာပါ။
  • အပ်ထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်စင်အောင် လုပ်ပါမယ်။
  • ပြီးရင် အပ်ကို သွေးကြောထဲ ထိုးပါမယ်။ အပ်တစ်ချောင်းထက် ပိုပြီး လိုအပ်နိုင်ပါတယ်။
  • သွေးဖြည့်ဖို့ အတွက် ပြွန်တစ်ခုကို အပ်နဲ့ တွယ်ဆက်ထားပါမယ်။
  • သွေးလုံလုံလောက်လောက် ယူပြီးပြီဆိုရင်တော့ လက်မောင်းနားမှာ ပတ်ထားတဲ့ အပတ်ကို ဖယ်လိုက်ပါမယ်။
  • အပ်ကို ထုတ်တဲ့အချိန်မှာ ဂွမ်းစ တချို့ကို အပ်ထိုးထားတဲ့ နေရာမှာ အုပ်ထားပါမယ်။
  • အပ်ထိုးထားတဲ့ နေရာမှာ နည်းနည်း ဖိထားလိုက်ပြီး အပေါ်က ပလာစတာ ကပ်ထားရပါမယ်။

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက် လုပ်ပြီးနောက် ဘာတွေဖြစ်နိုင်သလဲ

အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ထားတဲ့အတွက် အနည်းငယ် တင်းကျပ်တဲ့ ခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့အတွက် ဘာမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။

Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်နဲ့ ပတ်သက်ပြီး မေးစရာအချက် တွေရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

အဖြေကိုသိရှိခြင်း

စစ်ဆေးချက်အဖြေက ဘာကို ဆိုလိုပါသလဲ

  • ပုံမှန်ရလဒ် အဖြေများ

နံနက် ၈ နာရီမှာ ယူထားတဲ့ ပုံမှန် ရလဒ်က (၆ – ၂၃) မိုက်ခရို ဂရမ်/ ဒက်ဆီလီတာ ကြားမှာ ရှိပါတယ်။ ဓါတ်ခွဲခန်း တစ်ခုနဲ့ တစ်ခုမှာ တိုင်းတာမှုပုံစံ မတူညီတာကြောင့် ရလဒ် အဖြေတွေဟာ ကွာခြားမှု ရှိနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ဆေးချက် ရလဒ်ကို ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးသင့်ပါတယ်။

  • ပုံမှန် မဟုတ်သော ရလဒ်အဖြေများ။

Cortisol ပမာဏ ပုံမှန်ထက် များနေခြင်းဟာ အောက်ပါရောဂါ အခြေအနေတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

  • Cushing’s ရောဂါ။

Cushing’s ရောဂါမှာ pituitary ဂလင်း အရမ်း ကြီးလာနိုင်တဲ့အတွက် pituitary ဂလင်း ကနေ ACTH ဟော်မုန်း အများကြီး ထုတ်စေပါတယ်။

  • Adrenal ဂလင်း အကျိတ်ဖြစ်ခြင်းဟာ cortisol ထုတ်လုပ်တာကို များစေပါတယ်။
  • Cortisol ထုတ်လုပ်တဲ့ ဖြစ်စဉ်မှာပါဝင်တဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းတွေမှာ အကျိတ်ဖြစ်ခြင်း။

Cortisol ပမာဏ နည်းနေခြင်းဟာ အောက်ပါ အခြေအနေတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

  • Addison’s ရောဂါမှာ ဆိုရင် adrenal ဂလင်းကနေ cortisol ထုတ်တာ အလွန် နည်းနေပါတယ်။
  • Hypopituitarism ရောဂါမှာဆိုရင် pituitary ဂလင်းဟာ သတင်း အချက်အလက်တွေ ကောင်းကောင်း မပို့တာကြောင့် adrenal ဂလင်းကနေ cortisol ထုတ်တာ အရမ်းနည်းနေပါတယ်။

ဓါတု စစ်ဆေးခန်းတွေနဲ့ ဆေးရုံတွေအပေါ် မူတည်ပြီး cortisol စစ်ဆေးချက် ပုံမှန်ပမာဏ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement