ဗိုက်ဆာလို့ တဂွီဂွီအော်နေတာတို့၊ လှုပ်လိုက်ရင် အဆစ်တွေက အသံမြည်တာတို့ဖြစ်ဖူးကြတယ်မလား။ ဒီလိုအသံတွေကို ရယ်စရာအဖြစ်ပြောကြပေမယ့် တကယ်တမ်းက ကျန်းမာရေးအတွက် အချက်ပြဘဲလ်သံဖြစ်နေနိုင်တာ မမေ့ပါနဲ့။ ခန္ဓါကိုယ်က ထွက်တဲ့ တချို့အသံတွေမှာ နောက်ကွယ်ကအကြောင်းရင်းခံတွေရှိနေတတ်ပါတယ်။
ဟပ်ချိုး
နှာချေတာကိုတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခုပဲပေါ့။ ဗိုင်းရပ်စ်တခုခုကြောင့် ခန္ဓါကိုယ်က တုံု့ပြန်တဲ့လက္ခဏာပါ။ ဘာကိုစိုးရိမ်ရသလဲဆိုတော့ ဓါတ်မတည့်မှုလက္ခဏာမှာလည်း နှာချေတာပါဝင်တာကြောင့် ပေါ့ပေါ့ဆဆနေမိတဲ့အခါ အချိန်မီမကုသနိုင်ဘဲဖြစ်သွားနိုင်ပါတယ်။