backup og meta

သင်သောက်ဖူးတဲ့ ဆိုဒါအကြောင်း

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်သောက်ဖူးတဲ့ ဆိုဒါအကြောင်း

    ဆိုဒါက ကမ္ဘာနဲ့တစ်ဝှမ်း သောက်သုံးနေကြတဲ့ အရည်ဖြစ်ပါတယ်။ လူတိုင်းကြိုက်ကြပါတယ်။ ကြေးများတတ်သူတွေတောင် တခါတော့ ဆိုဒါတစ်ခွက်လောက် သောက်ဖူးမှာပါ။ ဆိုဒါအကြောင်း ဘယ်သူမှ များများစားစား မပြောကြပါဘူး။ ဝိုင်အကြောင်းကိုသာ ဂျာနယ်တွေ မဂ္ဂဇင်းစာစောင်တွေကတဆင့် ဆွေးနွေးချက်များ ရှိနေကြပြီး ဆိုဒါအကြောင်းတော့ မပြောကြပါဘူး။ ယခုသင်တို့ဖတ်ရမှာကတော့ ဆိုဒါအကြောင်းပဲ ဖြစ်ပါတယ်။

    (၁) ဆိုဒါဆိုတာဘာလဲ။

    သကြားရေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေ ပျော်ဝင်ပေါင်းစပ်ထားတာ ဖြစ်တာကြောင့် ဆိုဒါက ပူဖောင်းလေးတွေ ထနေတာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်မပါရင် ဆိုဒါက ပျင်းဖို့ကောင်းနေပါလိမ့်မယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျုးတွေက ဆိုဒါရေကနေ ပြိုကွဲလာပြီး မျက်နှာပြင်မှာ ဘူဘောင်းလေးတွေဖြစ်ပေါ်လာကာ လေထဲကို လွတ်မြောက်သွားပါတယ်။

    (၂) ဆိုဒါကို ရေခဲသေတ္တာထဲမှာ သိမ်းထားသင့်လား။

    ရပါတယ်။ ဆိုဒါက အေးခဲနေတဲ့အချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျူးလေးတွေရဲ့ ပြိုကွဲနှုန်းနဲပါတယ်။ ဒါကြောင့် အေးတဲ့ဆိုဒါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဒြပ်စင်တွေ ပိုပါနေတာ ဖြစ်ပါတယ်။ ဆိုဒါကို ဖွင့်ဖောက်ပြီး ခဏနေရုံနဲ့ တရှဲရှဲမြည်နေပါလိမ့်မယ်။ မည်သို့ဖြစ်စေ ဆိုဒါကို ရေခဲဖြစ်တဲ့အထိတော့ မပေးခဲသင့်ပါဘူး။

    (၃) ဆိုဒါပုလင်းတွေကို ဘယ်လိုထုတ်လုပ်လဲ။

    စက်ရုံကနေ ဆိုဒါပုလင်းတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ပါတဲ့ လေနဲ့ရောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဓါတ်ငွေ့ရဲ့ ဖိအားလည်း ပိုများစေပါတယ်။ ဒီလိုလုပ်တာက ကာဗွန်ဒိုင်အောက်ဆိုဒ် ပြိုကွဲဖို့ ပိုလည်းခက်ပါတယ်။ ဒီဖိအားကို မြှင့်ရင်းနဲ့ အဆင့်တစ်ခုရောက်တဲ့အခါမှာ ပြိုကွဲသွားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျူးတွေက ဆိုဒါထဲကို ပြန်ရောက်လာပါတယ်။

    (၄) ဆိုဒါထဲ ရေခဲထည့်ရင် ပူဖောင်းဘာလို့ ပိုထလဲ။

    ပူဖောင်းတွေက ရေရဲ့ မျက်နှာပြင်တွေကနေ ထွက်ပေါ်ပါတယ်။ ဒါက အပူချိန်ကြောင့် မဟုတ်ပါဘူး။ ချောမွေ့တဲ့ မျက်နှာပြင်ထက်စာရင် ကြမ်းတမ်းတဲ့မျက်နှာပြင်က ပူဖောင်း ပိုထွက်စေပါတယ်။ အမြှုပ်ထနေတဲ့ ဆိုဒါရေထဲကို ရေခဲတုံး ထည့်လိုက်ရင် ပူဖောင်းလေးတွေ ထွက်လာတာက ရေခဲရဲ့ အအေးဓါတ်ကြောင့် မဟုတ်ပါဘူး။ ကြမ်းတမ်းတဲ့မျက်နှာပြင်ကြောင့် ဖြစ်ပါတယ်။ ဒါက ပိုပြီးပြင်းထန်တဲ့ ပူဖောင်းတွေကို ဖြစ်စေပါတယ်။

    ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့ ပျော်ဝင်နှုန်းက အေးနေတဲ့ ဆိုဒါထက် များပါတယ်။ ဒီဘူဘောင်းလေးတွေ ဖြစ်ပေါ်မှုက ဓါတ်ငွေ့မော်လီကျူးတွေအပေါ် မူတည်ပါတယ်။ ရေမော်လီကျူးအချင်းချင်း တွန်းကန်တဲ့အားက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပြိုကွဲထွက်သွားဖို့ အားပေးနေပါတယ်။ ဒါကနေပဲ ပူဖောင်းတွေက မျက်စိနဲ့မြင်နိုင်တဲ့ အရွယ်အစားဖြစ်လာပြီး မျက်နှာပြင်ပေါ် တက်လာပါတော့တယ်။

    ဆိုဒါသောက်ရတာ ပျော်ဖို့ အတော်ကောင်းပါတယ်။ ဒါပေမယ့် ဒီထဲမှာ သကြားဓါတ်ပါဝင်မှုနှုန်း အနည်းငယ်များတာမို့ သင့်ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ သင့်အနေနဲ့ ဆိုဒါကို တစ်ခါတစ်လေ သောက်သုံးဖို့ ကောင်းပေမယ့် ရေအစားထိုးအနေနဲ့တော့ မသောက်သင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement