ခန္ဓာကိုယ်မှာ တစ်ခုခုခံစားရတိုင်း ရောဂါရှိနေလို့ချည်းပဲမဟုတ်ပါဘူး။ တစ်ခါတလေကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးမှုများနေတာကြောင့်လည်း ခန္ဓာကိုယ်မှာ နာကျင်မှုတွေကိုခံစားရနိုင်ပါတယ်။ တကယ်လို့ နေမကောင်းချင်သလိုဖြစ်တယ်၊ ကြွက်သားတွေနာလိုက်တာဆိုတိုင်း ဆေးကို အရင်မသောက်ပါနဲ့။ အရင်ဆုံး စဉ်းစားကြည့်ဖို့ ပြောပါရစေ။
 
ကိုယ်တောင်မသိလိုက်ဘဲ စိတ်ဖိစီးမှုဆိုတာရှိနိုင်ပါ့မလား….
ရှိနိုင်ပါတယ်။ အကြောင်းကတော့ လူတွေရဲ့ စိတ်က စက္ကန့်တိုင်းမှာ အတွေးထောင်နဲ့ချီပြီးတွေးမိနေနိုင်တာကြောင့်ပါ။ ဒါကြောင့် တစ်ခါတလေမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးနေတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အခုလို လက္ခဏာတွေခံစားနေရပြီဆိုရင် စိတ်ကို အရင်ဖြေလျော့ကြည့်ဖို့ ပြောပါရစေ။
အခုလိုလက္ခဏာတွေခံစားနေရတာရဲ့ တရားခံကဘယ်သူလဲ….
စိတ်ဖိစီးမှုဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်မှာ အခုလိုတွေခံစားရနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအနေနဲ့
- စိတ်တိုလွယ်မယ်
 - အရာရာကို စိတ်ပျက်နေမယ်
 - ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ရခက်နေမယ်
 - စိတ်ကအနားမရတမ်း လျှောက်တွေးနေမယ်
 - ကိုယ့်ကိုကိုယ် အဆိုးမြင်လာမယ်
 - တစ်ယောက်တည်းနေချင်လာမယ် စတဲ့ စိတ်ပိုင်းဆိုင်ရာခံစားရမှုတွေခံစားရနိုင်ပါတယ်။ ဒီလိုခံစားရတဲ့အခါ အိပ်မပျော်လို့ ဖြစ်မယ်ထင်တယ်ဆိုပြီး အိပ်ဆေးသောက်တာမျိုးမလုပ်သင့်ပါဘူး။
 
ရုပ်ပိုင်းဆိုင်ရာခံစားမှုအနေနဲ့
- အားမရှိသလိုဖြစ်မယ်
 - ခေါင်းကိုက်မယ်
 - ဗိုက်အောင့်မယ်
 - ဝမ်းပျက်မယ်
 - ဝမ်းချုပ်မယ်
 - ကိုယ်လက်မအီမသာဖြစ်မယ်
 - အဆစ်တွေထဲနာမယ်
 - ကြွက်သားတွေနာကျင်ကိုက်ခဲမယ်
 - ရင်ဘတ်အောင့်မယ်
 - နှလုံးခုန်မြန်မယ်
 - ညအိပ်မပျော်ဖြစ်မယ်
 - မကြာခဏအဖျားဝင်မယ်
 - အအေးမိလွယ်မယ်
 - အာခေါင်တွေခြောက်မယ်
 - မျိုချရခက်မယ်
 - ချွေးစေးတွေပြန်မယ်
 - ကတုန်ကယင်ဖြစ်မယ်
 - သွားကြိတ်မယ်စတဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ဆေးသောက်တာတွေမလုပ်ခင် အရင်ဆုံး ဝင်သက်ထွက်သက်မှတ်လို့ ဖိစီးနေတဲ့ စိတ်ကလေးကို အနာပေးစေချင်ပါတယ်။
 
မှတ်ဉာဏ်ပိုင်းဆိုင်ရာ ခံစားမှုအနေနဲ့
- တစ်ချိန်လုံးစိတ်ပူနေမယ်
 - မရပ်မနားအတွေးတွေတွေးနေမယ်
 - သတိမေ့လွယ်မယ်
 - မှတ်မိဖို့ခက်ခဲမယ်
 - အာရုံစိုက်ရခက်မယ်
 - ဆုံးဖြတ်ချက်ချနိုင်စွမ်းနည်းသွားမယ်
 - အဆိုးမြင်လာမယ် စတဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။
 
ကိုယ်တိုင်တောင်မသိလိုက်တဲ့ စိတ်ဖိစီးမှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်နေတာတွေကို တတ်နိုင်သမျှလျှော့ချဖို့ အကောင်းဆုံးနည်းလမ်းက စိတ်ဖိစီးမှုတွေကို ဖြေလျော့တာပါ။ ဒါကြောင့် နေ့ရက်တိုင်းမှာ ဝင်သက်ထွက်သက်မှတ်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာလိုမျိုး စိတ်လက်ပြေလျော့စေမယ့် အလေ့အထလေးတွေကို လုပ်ပေးစေချင်ပါတယ်။
Helloဆရာဝန်ပရိသတ်ကြီးများအားလုံး စိတ်ဖိစီးမှုကင်းလို့ ကျန်းမာပျော်ရွှင်နိုင်ကြပါစေကြောင်း………………
[embed-health-tool-bmi]
















