ကိုယ်တောင်မသိလိုက်ဘဲ စိတ်ဖိစီးမှုဆိုတာရှိနိုင်ပါ့မလား….
ရှိနိုင်ပါတယ်။ အကြောင်းကတော့ လူတွေရဲ့ စိတ်က စက္ကန့်တိုင်းမှာ အတွေးထောင်နဲ့ချီပြီးတွေးမိနေနိုင်တာကြောင့်ပါ။ ဒါကြောင့် တစ်ခါတလေမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးနေတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အခုလို လက္ခဏာတွေခံစားနေရပြီဆိုရင် စိတ်ကို အရင်ဖြေလျော့ကြည့်ဖို့ ပြောပါရစေ။
အခုလိုလက္ခဏာတွေခံစားနေရတာရဲ့ တရားခံကဘယ်သူလဲ….
စိတ်ဖိစီးမှုဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်မှာ အခုလိုတွေခံစားရနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအနေနဲ့
- စိတ်တိုလွယ်မယ်
- အရာရာကို စိတ်ပျက်နေမယ်
- ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ရခက်နေမယ်
- စိတ်ကအနားမရတမ်း လျှောက်တွေးနေမယ်
- ကိုယ့်ကိုကိုယ် အဆိုးမြင်လာမယ်
- တစ်ယောက်တည်းနေချင်လာမယ် စတဲ့ စိတ်ပိုင်းဆိုင်ရာခံစားရမှုတွေခံစားရနိုင်ပါတယ်။ ဒီလိုခံစားရတဲ့အခါ အိပ်မပျော်လို့ ဖြစ်မယ်ထင်တယ်ဆိုပြီး အိပ်ဆေးသောက်တာမျိုးမလုပ်သင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။