backup og meta

အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။

အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။  ။

အစာတစ်လုတ်ကို အခါ ၃၀ လောက် ဝါးစားသင့်တယ် ဆိုတဲ့အကြောင်းကို ငယ်ငယ်တုန်းက ကြားဖူးကောင် း ကြားခဲ့ဖူးပါလိမ့်မယ်။ ခက်တာက ကြားဖူးပြီး လိုက်မလုပ်ကြတဲ့သူ ၁၀၀ မှာ ၉၇ ယောက်လောက်ရှိနေပါတယ်။ အစားတွေ အများကြီးစားချင်တဲ့ စိတ်နဲ့ အစားကို မြန်မြန်စားတာမျိုး၊ ကျောင်းသွား အလုပ်တစ်ဖက်နဲ့မို့ အစားကို မြန်မြန်စားဖြစ်နေကြတဲ့သူတွေ တစ်ပုံကြီးပါ။ တစ်ချို့ကလည်း အစားစားမြန်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ကြတဲ့သူတွေရှိပါတယ်။ အဲလို အစားကိုသေချာ ကြေညက်အောင် ဝါးမစားရင်တဖြည်ဖြည်းချင်းနဲ သင့်အစာအိမ်ကျန်းမာရေး ပြဿနာတက်တတ်တယ်ဆိုတာ သင်သိပါသလား ။

အစားကို ဘယ်နှစ်ခေါက်လောက်ဝါးစားသင့်လဲ ။ ။

အစားကို ဝါးစားတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ ဘယ်အစားအသောက်ကိုမဆို ပျော့ပျောင်းသွားအောင် သွားတွေကို ကြိတ်ချေလိုက်တာဖြစ်ပါတယ်။ အစားကို ဝါးစားခြင်းဟာ အစာခြေစနစ်ရဲ့ ပထမဆုံး အလုပ် ဆိုလည်း မမှားပါဘူး။ ဒီတော့ အစားကို ဘယ်နှစ်ခေါက်လောက် ဝါးမှ ကြေညက်တယ်လို့ ယူဆရတာလဲ ။ ။

  • အသားပြား အသားကြော်နဲ့ အစေ့အဆံတို့လိုမျိုး ဝါးရတာ မာတဲ့ အရာတွေကို အခါ ၄၀လောက်
  • ထမင်းနဲ့ အခြား စားနေကြ အရာတွေကို ၃၂ ခေါက် နဲ့
  • ဖရဲသီး လိုမျိုး ပျော့ပျော့ပျောင်းပျောင်းစားရတဲ့ အစားအသောက်တွေကိုတော့ အခါ ၂၀ လောက်ဝါးစားပေးသင့်ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေ ပြောကြတာကတော့ ဘာပဲစားစား ပျှမ်းမျှ အနေနဲ့ ၃၂ ခါလောက် ဝါးစားပေးရင် စားလိုက်တဲ့ အစာတွေ ကြေညက်တယ်လို့ ဆိုကြပါတယ်။

ဒါတွေက အပြောသာရှိတာပါ တကယ်တမ်း လိုက်လုပ်ဖို့ကို ဘယ်သူမှ စိတ်မရှည်ပါဘူး။ ဒါတွေက အစားကို ကြေညက်အောင် ဝါးခြင်းက ဘာကောင်းကျိုးတွေ ရှိလဲဆိုတာ မသိကြသေးလို့ပါ။

အစားကို ၃၂ ခေါက်လောက် ကြေညက်အောင် ဝါးစားလိုက်ရင် သင့်အတွက် ဘာကောင်းကျိုးတွေ ရှိလဲ ။ ။

အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။

  • ကိုယ်စားလိုက်တဲ့ အစားအသောက်တွေက ဘယ်လောက်ပဲ ခြောက်ကပ်နေပါစေ တံတွေး နဲ့ သေချာရောပြီး ကြေညက်အောင် စိတ်ရှည်လက်ရှည်ဝါးလိုက်တာကြောင့် အစာရေမျို ပြွန်တစ်လျှောက်ကို ချောချောချူချူ ဆင်းသွားပြီး အစာနင်တာတွေလည်း မဖြစ်နိုင်တော့ပါဘူး။
  • ကိုယ်ကြေညက်အောင် ဝါးစားလိုက်လို့ ပျော့ပျောင်းသွားတဲ့ အစားတွေကို အစာအိမ်က အေးအေးဆေးဆေးပဲ ခြေဖျက်နိုင်မှာ ဖြစ်လို့ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေ အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူးနော်။
  • မြန်မြန်စားရင် အစားတွေ မြန်မြန်ကုန်ပြီး အစားတွေ ပိုစားမိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုက်ပြည့်ပြီဆိုတဲ့ အချက်ပြစနစ်ရဲ့ ဦးနှောက်နဲ့ အစာအိမ်ကြား အသွားအပြန်ဟာ မိနစ် ၂၀ လောက်ကြာတတ်ပါတယ်။ ဒီလိုနဲ့ အစားတွေ မြန်မြန်စား တော့ များများကုန် အချက်ပြစနစ်ကလည်း ဦးနှောက်ဆီကို သွားတာကြာတော့ အစားတွေ အများကြီးပိုစားမိနေတတ်ရော ။ ဒီလိုအချိန်မှာ အစားကို ၃၂ ခေါက်သာဝါးစားတဲ့သူတွေကျတော့ ဖြည်းဖြည်းချင်းဝါးနေတော့ အစားတွေ သိပ်မစားမိ ဘဲ ဗိုက်ပြည့်တဲ့ အချက်စနစ်လည်းရောက်လာရော နည်းနည်းပဲ စားပြီးသား ဖြစ်နေရော။
  • အစာကို ကြေညက်အောင် ဝါးစားထားတာကြောင့် အစာအိမ်ထဲလည် းရောက်ရော အစားမှာပါတဲ့ အာဟာရတွေကို အစာအိမ်က အလွယ်လေး စုပ်ယူလိုက်ရုံပဲ ။

ကောင်းကျိုးတွေ သိပြီးပြီဆိုတော့ အစားကို ၃၂ ခေါက်လောက် ဝါးမစားတဲ့သူတွေ ကြာလာရင် ဆိုးကျိုးအနေနဲ့ ဘာတွေ ဖြစ်တတ်လဲ ။ ။

ဒီလို အစားကိုကြေညက်အောင် ဝါးမစားတဲ့အခါ အစာအိမ်က သူလုပ်နိုင်တာထက်ပိုပြီး လုပ်ရတဲ့အခါကျတော့

  • အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့် တွေ အပြင်
  • အစာတွေမကြေညက်တော့ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်
  • အာဟာရတွေလည်း ကောင်းကောင်း မစုပ်ယူနိုင်တော့ဘဲ အာဟာရ ချို့တဲ့တာတွေဖြစ်တတ်ပါတယ်။

အစာအိမ်ဆိုတာ ကိုယ်စားလိုက်သမျှ အစားအသောက်တွေကို ဒိုင်ခံတာဝန်ယူပေးနေရတဲ့ နေရာဖြစ်တာကြောင့် သူကျန်းမာမှ သင်လည်းကျန်းမာမှာနော် ။ ကြေညက်အောင် ဝါးမစားတဲ့သူတိုင်း ကျန်းမာရေးထိခိုက်မယ်လို့ မဆိုလိုပေမယ့် ကြေညက်အောင် ဝါးစားတာက သင့် အစာအိမ်အတွက် အထောက်အကူပြုတဲ့ အရာဆိုလည်း မမှားဘူးနော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/how-many-times-should-you-chew-your-food#tips

Accessed Date 5.2.2019

https://organixx.com/how-many-times-should-you-chew-your-food/

Accessed Date 5.2.2019

https://articles.mercola.com/sites/articles/archive/2013/07/31/chewing-foods.aspx

Accessed Date 5.2.2019

ယခုပုံစံ

01/02/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့အဆိုးဆုံး အစားအသောက်များ

အစာခြေစနစ် အားနည်းတဲ့ ကလေးကို ဒီလိုပြင်ဆင်ပေးပါ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement