backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိပ်ပျော်စဉ် ဆီးသွားခြင်းဆိုတာဘာလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိပ်ပျော်စဉ် ဆီးသွားခြင်းဆိုတာဘာလဲ

အိပ်နေစဉ် ဆီးသွားခြင်းဆိုသည်မှာ အိပ်ပျော်နေစဉ် ဆီးအိတ် ၏ ဆီးထိန်းနိုင်စွမ်းမရှိတော့ခြင်း ဖြစ်သည်။ ဆေးပညာအခေါ်အရ Noctournal enuresis( နော့တာနယ်အန်ယူရေးစစ်) ဟုခေါ်သည်။ အိပ်နေစဉ် ဆီးမထိန်းနိုင် ဖြစ်ခြင်းကို ရှက်စရာကိစ္စအနေဖြင့် ယူဆလေ့ရှိသော်လည်း များသောအားဖြင့် ပုံမှန် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုပင် ဖြစ်သည်။

လေ့လာချက်များအရ ယခုထိလည်းဘာကြောင့် ဖြစ်သည်ကို သေသေချာချာမပြောနိုင်သလို၊ ဘာကြောင့် သူ့အလိုလိုပျောက်သွားသည်ကိုလည်း သေချာမရှင်းပြနိုင်သေးပါ။ အိပ်နေစဉ် ဆီးထွက်ကျခြင်းသည် ကလေးများငယ် ရွယ်စဉ်ကတည်းက ပုံမှန် သဘာဝဖွံ့ ဖြိုးကြီးထွားဖြစ်စဉ်၏ တစိတ်တစ်ဒေသသာဖြစ်သည်။

များသောအားဖြင့် အိပ်ပျော်စဉ် ဆီးသွာ ခြင်းသည် နက်နက်နဲနဲကျန်းမာရေး ပြဿနာမဟုတ်သလို စိတ်လှုပ်ရှားခြင်းကြောင့်ဖြစ်သော လက္ခဏာလည်းမဟုတ်ပါ။

အကယ်၍ ထိုကဲ့သို့ဖြစ်ခြင်းသည် မပျောက်သွားဘဲ ဆက်ဖြစ်နေပါက သေသေချာချာ ဖြစ်စဉ်ကို နားလည်အောင် လုပ်ပြီး စိတ်ရှည်လက်ရှည် ကုသပေးရန် လိုအပ်ပါသည်။

ဆီးအိတ်ကို လေ့ကျင့်ပေးခြင်း၊ moisture alarm(စိုထိုင်းဆကိရိယာ alarm)သုံးခြင်း၊ ဆေးဝါး သောက်သုံးခြင်းဖြင့်လည်း အိပ်နေစဉ် ဆီးထွက်ကျခြင်းအား လျှော့ချပေးနိုင်သည်။

အိပ်ပျော်စဉ် ဆီးသွားခြင်းသည် အတွေ့ရများသော လက္ခဏာဖြစ်ပါသလား။

အိပ်နေစဉ် ဆီးသွားခြင်းသည် အလွန်အဖြစ်များသည်။

အမျိုးသားများသည် အမျိုးသမီးများထက် ပိုဖြစ် လေ့ ရှိသည်။

ကလေးများတွင် ပိုဖြစ်လေ့ရှိပြီး အထူးသဖြင့် ၆ နှစ်အောက် ကလေးများတွင် ပိုတွေ့ရလေ့ရှိသည်။

ထိုသို့ဖြစ်စေတတ်သော အကြောင်းအရာများကို လျှော့ချခြင်းအားဖြင့် အဖြစ်မများအောင် လုပ်နိုင်သည်။

အသေးစိတ်ကို သင်၏ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

ရောဂါလက္ခဏာများ

အိပ်ပျော်စဉ် ဆီးသွားခြင်းသည် စိတ်၏ထိန်းချုပ်မှုမပါဘဲ ဆီးသွားခြင်းဖြစ်ပြီး အသက်အရွယ်တစ်ခုရောက်လျှင် ရပ်သွားလေ့ ရှိသည်။

ကလေးအများစုသည် အသက် ၅ နှစ်တွင် အိမ်သာသွားတတ်အောင် လေ့ကျင့်ပေးလို့ရသော်လည်း အသက်အတိအကျ ပြော၍မရပေ။ တချို့ကလေးများတွင် အသက် ၅ နှစ် မှ၇ နှစ် ကြားထိရှိနေတတ်သလို၊ အသက် ၇ နှစ်ကျော်သည်အထိ အိပ်ရာပေါ်တွင် ဆီးထွက်ကျခြင်းရှိနေဆဲဖြစ်သည်။

အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာဆရာဝန်နဲ့ပြသင့်လဲ။

အောက်ပါ လက္ခဏာများရှိပါက ဆရာဝန်ထံသွားပြသင့်သည်။

· ၆ လ လောက် ဆက်တိုက် အိပ်ရာပေါ်တွင် ခြောက်ခြောက်သွေ့သွေ့ အိပ်ပီးမှ ရုတ်တရက် အိပ်နေစဉ်ဆီးပြန်သွားခြင်း

· နေ့ခင်းဘက်များပါ ဘောင်းဘီပေါ်တွင် ဆီးထွက်ကျခြင်း

· ညဘက် အိပ်လျှင် ဟောက်ခြင်း

· ဆီးသွားစဉ် ပူလောက်နာကျင်စွာခံစားရခြင်း

· ဆီးခဏခဏသွားခြင်း

· ပုံမှန် စားနေကျထက်များစွာစားသောက်ခြင်း

· ခြေထောက် သို့မဟုတ် ခြေကျင်းဝတ်များ ဖောယောင်ခြင်း

· အသက် ၇ နှစ်နဲ့ အထက်ရောက်သော်လည်း အိပ်ရာထဲတွင် ဆီးသွားနေဆဲဖြစ်ခြင်း

အထက်ပါ လက္ခဏာများရှိနေပါ က ကလေးတစ်ယောက်နှင့် တစ်ယောက် မတူနိုင်သောကြောင့် အကောင်းဆုံးကတော့ဆရာဝန်နှင့်တိုင်ပင်ပါ။

အိပ်ပျော်စဉ် ဆီးသွားခြင်းကို ဖြစ်စေသောအကြောင်းများ

· သင့်ကလေး၏ ဆီးအိတ်သည် ညဘက်တွင် ဆီးကိုလုံလောက်စွာ ထိန်းထားနိုင်လောက်အောင် မဖွံ့ဖြိုးခြင်း

· ဆီးအိတ် တင်းတာမသိခြင်း

အကယ်၍ ဆီးအိတ်ကို ထိန်းချုပ်ထားသောအာရုံကြောဖွံ့ဖြိုးမှု နှေးနေလျှင်၊ ဆီးအိတ် တင်းလာသော်လည်း အိပ်မောကျနေပါက ကလေးနိုးလာခြင်းရှိမှာမဟုတ်ပါ။

· ဟော်မုန်းအချိုးအစားမညီမျှခြင်း

· စိတ်ဖိစီးခြင်း (ဥပမာ ကျောင်းစတက်ခြင်း၊ အိမ် နဲ့ခွဲနေရခြင်း။)

· ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။

· အိပ်ပျော်စဉ် အသက်ရှူမ၀ဖြစ်ခြင်း

· ဆီးချိုရောဂါဖြစ်ခြင်း (ဥပမာ- ခြောက်ခြောက်သွေ့သွေ့ အိပ်တာကြာပြီ ဖြစ်သော်လည်း ရုတ်တရက် ဆီးပြန်သွားခြင်းသည် ဆီးချို၏ ပထမလက္ခဏာဖြစ်နိုင်သည်။)

· ကာလကြာရှည်စွာ ဝမ်းချုပ်ခြင်း

. ဆီးသွားခြင်းနှင့် အလေးစွန့်ခြင်းကိုတူညီသော ကြွက်သားက ထိန်းချုပ်ထားခြင်း

· ဆီးလမ်းကြောင်းနှင့် အာရုံကြောတည်ဆောက်မှု ပုံမှန် မရှိခြင်း

ဖြစ်နိုင်ချေများသောအချက်များ

ဘယ်အရာတွေက အိပ်ပျော်စဉ် ဆီးသွားခြင်းကိုပိုဖြစ်စေသလဲ။

အိပ်ပျော်စဉ် ဆီးသွားခြင်းကို ဖြစ်နိုင်စေသောအကြောင်းများမှာ အောက်ပါတို့ဖြစ်သည်။

· ယောကျာ်းလေး ဖြစ်ခြင်း

နှစ်ယောက်လုံး ဖြစ်နိုင်သော်လည်း ယောကျာ်းလေးများတွင် ပို၍ဖြစ်နိုင်ချေ ၂ ဆ ရှိသည်။

· မိသားစုတွင် ဖြစ်ဖူးသော history ရှိခြင်း

မိဘများတွင် ငယ်စဉ်က ဖြစ်ဖူးပါကကလေးတွင် လည်း ဖြစ်နိုင်ချေများသည်။

· အနေအထိုင် အမူအကျင့် ပုံမှန် မဟုတ်သော( Attention deficit/Hyperactivity disorder,ADHD) ရှိသောကလေးများတွင် ပို ဖြစ် လေ့ ရှိသည်။

ရောဂါ ရှာဖွေခြင်းနှင့် ကုသခြင်း

(အောက်ပါအချက်အလက်များသည်ကျန်းမာရေးအကြံပေးချက်မျှသာဖြစ်သည်။ ပိုမိုတိကျစွာသိရှိရန်ဆရာဝန်နှင့်တိုင် ပင်ပါ။)

အိပ်ပျော်စဉ် ဆီးသွားခြင်းကို ဘယ်လိုရှာဖွေမလဲ။

· ဆီးလမ်းကြောင်း ပိုးဝင် ခြင်းရှိ/မရှိ၊ ဆီးချိုလက္ခဏာရှိ/မရှိသိရန် ဆီးစစ် ခြင်း

· အကယ်၍ ဆရာဝန်က ဆီးလမ်းကြောင်းတွင် ပြဿနာတစ်ခုခုရှိသည် သံသယရှိပါက ကျောက်ကပ်ဓာတ်မှန်နဲ့ အခြားစမ်းသပ်မှုများပြုလုပ်ခြင်း

· ဆရာဝန်က အခြားကျန်းမာရေး ပြဿနာတစ်ခုခုရှိသည်ဟု ယူဆပါက လိုအပ်သည့် စမ်းသပ်မှုများပြုလုပ်ခြင်း

အိပ်ပျော်စဉ် ဆီးသွားခြင်းကို ဘယ်လိုကုမလဲ။

အိပ်ပျော်စဉ် ဆီးသွားခြင်းသည် နေထိုင်မှု ပုံစံပြောင်းသော်လည်း တိုးတက်မှုမရှိမှသာ ရောဂါလက္ခဏာတစ်ခုအနေဖြင့် ဆေးဝါးများဖြင့်ကုသပါသည်။ ဥပမာ

· ဆီးလမ်းကြောင်း ပိုးဝင်ပါက ပိုးသတ်ဆေးများပေးခြင်း

· Anticholinergic ဆေးများကို ဆီးအိတ် ပုံမှန်မဟုတ်ပါက ပေးခြင်း

· ညဘက် ဆီးထုတ်လုပ်မှုနည်းအောင် Eesmopressin Acetate ဆေးပေး ခြင်း

· ဆီးကျိတ်ကြီးနေပါက လျော့အောင် DHT blocking ဆေးများပေး ခြင်း

တစ်ခါတရံအိပ်ပျော်စဉ် ဆီးထွက်ကျခြင်းသည် နာတာရှည်ရောဂါဖြစ်သော ဆီးချိုနှင့် ညအိပ်မပျော်သောရောဂါများ၏ လက္ခဏာဖြစ်သောကြောင့် ထိုရောဂါ များကိုကုသရန် လိုအပ်ပါသည်။

တခြားရောဂါကြောင့်ဖြစ်ပါက ထိုရောဂါများကို ကောင်းကောင်းကုသရုံဖြင့် အိပ်ပျော်စဉ် ဆီးသွားခြင်းပျောက်ကင်းနိုင်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

· ညနေဘက် သောက်သောရေကို သင့်တော်သော ပမာဏတစ်ခုသတ်မှတ်ပြီး ကလေးကိုတိုက်ပါ။

မနက်ခင်းနှင့် နေ့ခင်းအစောပိုင်းတွင်သာ ရေကိုသတိထားတိုက်ပါက ညနေဘက် ရေဆာခြင်းကို လျှော့ချပေးပါလိမ့်မည်။ သို့သော် သင့်ကလေးက ညနေပိုင်းတွင် အားကစားများလုပ်ထားပါက သောက်ရန် ရေပမာဏကိုမကန့်သတ်သင့်ပါ။

· ဖျော် ရည် များ နှင့် အထူးသဖြင့် ကဖင်းဓာတ်ပါသော အစားအသောက်များကိုရှောင်ပါ။

ကဖင်းဓာတ်သည် ဆီးအိတ်ကို လှုံ့ဆော်သောကြောင့် ဆီးသွားစေသည်။

· အိပ်ရာမဝင်ခင် ဆီး ၂ ခါ သွားခိုင်းပါ။

အိပ်ရာစဝင်ချိန် တစ်ခါနှင့် အိပ်မပျော်မီတစ်ခါ ဆီးသွားခိုင်းပါ။

· ဆီးပုံမှန် သွားခိုင်းပါ။

နေ့ခင်းနဲ့ ညနေပိုင်းတွင် အနည်းဆုံး ၂ နာရီတစ်ခါ ဆီးသွားခိုင်းပါက ဆီးပေါက်ချင်စိတ်ကို နည်းစေသည်။

· ဝမ်းချုပ်ပါက ကုသပါ။

· အရေပြားယားယံခြင်းမဖြစ်အောင် ကာကွယ်ပါ။

သင်ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များ ရယူနိုင်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement