backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အဆီချခြင်းအကြောင်းသိကောင်းစရာ


Dr. Sandar Lin မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဆီချခြင်းအကြောင်းသိကောင်းစရာ

အားကစားလုပ်ခြင်း၊ အစားအသောက်ထိန်းခြင်းဖြင့်အဆီ ကျအောင်ကြိုးစားသော်လည်း အဆီမကျသဖြင့်စိတ်အား လျော့နေပါသလား။ အဆီကျစေသောနည်းလမ်းများကိုရှာ ဖွေနေပါသလား။ သင်မသိသေးသောအဆီချနည်းများရှိပါ တယ်။

သင်အထင်မှားနေသောအဆီချခြင်းအကြောင်း

ဝိတ်ချခြင်းသည်အဆီချခြင်းနှင့်တူသည်ဟုသင်ထင်ပါသ လား။ အမှန်စင်စစ်အဆီချခြင်းသည်ဝိတ်ချခြင်းနှင့်များစွာ ကွဲပြားပါတယ်။ ဝိတ်ချလိုက်ပါက ခန္ဓါကိုယ်ရှိအဆီ၊ အသား၊ အရည်နှင့် ကိုယ်အင်္ဂါများလျော့နည်းသွားပါတယ်။ ထို့ကြောင့်ဝိတ်ချလိုက်ပါကအဆီအစားတန်ဖိုးရှိသောအ သားဓါတ်များကိုလျော့နည်းသွားစေပါတယ်။ ထို့ပြင်အဆီ များကျန်နေသေးသဖြင့်ဝိတ်ပြန်တတ်ရန်လည်းလွယ်ကူပါ တယ်။

အစားအသောက်မှရရှိသောကယ်လိုရီများကိုအဆီအဖြစ် ခန္ဓါကိုယ်ထဲတွင်သိုလှောင်ထားပါတယ်။ ယေဘူယျအား ဖြင့်အဆီကျခြင်းကကိုယ်အလေးချိန်ကိုလျော့ကျစေနိုင် သော်လည်းတခါတရံတွင်လည်းဝိတ်တတ်စေနိုင်ပါတယ်။ သို့သော်လည်းအဆီကျပါကကျန်းမာစေနိုင်ပါတယ်။ အ ဘယ်ကြောင့်ဆိုသော်အဆီများပါကနှလုံးရောဂါနှင့် အခြား ရောဂါများကိုဖြစ်ပွားစေနိုင်သောကြောင့်ဖြစ်ပါတယ်။

ကျွန်ုပ်တို့နေ့စဉ်လှုပ်ရှားသွားလာနိုင်ရန်စွမ်းအင်ကိုအဆီမှရရှိ သောကြောင့်ခန္ဓါကိုယ်တွင်အဆီအလုံအလောက်ရှိရန်လို အပ်ပါတယ်။ American Council ၏ပြောကြားချက်အရ အဆီပမာဏသည်

အမျိုးသမီးများတွင် ၁၀-၁၂%၊ အမျိုးသားများတွင်၂-၄% အနည်းဆုံးလိုအပ်ပါတယ်။

အားကစားသမားများတွင် အမျိုးသမီးများသည် ၁၄-၂၀% နှင့် အမျိုးသားများသည် ၆-၁၃%လိုအပ်ပါတယ်။

ကာယလေ့ကျင့်သူများတွင် အမျိုးသမီးများသည် ၂၁-၂၄%၊ အမျိုးသားများသည် ၁၄-၁၇% လိုအပ်ပါတယ်။

ပုံမှန်အဆီပမာဏမှာအမျိုးသမီးများတွင် ၂၅-၃၁%၊ အမျိုး သားများတွင် ၁၈-၂၅% ဖြစ်ပါတယ်။

မခွဲစိတ်ဘဲအဆီချနည်း(Non-surgical fat reduction)

Non-surgical fat reduction သည်မခွဲစိတ်ဘဲကိရိယာများ ကိုအသုံးပြု၍အဆီချခြင်းဖြစ်ပါတယ်။ ဝမ်းဗိုက်၊ တင်ပဆုံနှင့် ပေါင်ရှိအဆီပိုများကိုချမည်ဆိုပါကထိုနည်းသည်အကောင်း ဆုံးဖြစ်ပါတယ်။ ၎င်းနည်းသည်အရေပြားအောက်ရှိအဆီ များကိုလျော့နည်းစေပြီးသင့်ခန္ဓါကိုယ်ကိုလှပစေနိုင်ပါတယ်။ သို့သော်လည်း၎င်းသည်ဝိတ်ကျစေသောနည်းမဟုတ်ပါဘူး။ ကိုယ်အလေးချိန်ကိုမပြောင်းလဲစေနိုင်ပါဘူး။

Non-surgical fat reduction နည်းသည်ခွဲကြောင်းမရှိသည့် အတွက်အနားယူရန်အချိန်အများကြီးမလိုပါဘူး။ အချိန်တို အတွင်းမိမိအလုပ်ကိုပြန်ဝင်နိုင်ပါတယ်။ ကုသနေစဉ်တွင် အနည်းငယ်ရောင်နိုင်သော်လည်းအချိန်တိုအတွင်းပျောက် ကင်းနိုင်ပါတယ်။

အဆီချရန်နည်းလမ်းများ

မခွဲစိတ်ဘဲအဆီချနိုင်သောနည်းလမ်းများစွာရှိပါတယ်။ အရည်အချင်းပြည့်ဝသောဆရာဝန်နှင့်ကုသပါကထိရောက် ကာအန္တရာယ်ကင်းသောနည်းလမ်းများဖြစ်ပါတယ်။

အာထရာဆောင်းကိုအသုံးပြု၍ကုသနည်း

အာထရာဆောင်းနှင့် ကိရိယာကိုအသုံးပြုကာအရေပြား အောက်ရှိအဆီများကိုဖယ်ရှားသောနည်းဖြစ်ပါတယ်။ ကုသ ပြီး၂-၄ရက်အကြာတွင်အနာကျက်နိုင်ပါတယ်။ တစ်ကြိမ် ထက်ပို၍ကုသနိုင်ပါတယ်။

  • Cryolipolysis or fat freezing

ယင်းကုသနည်းသည်အဆီဆဲလ်များကိုအေးခဲစေပြီး၂လ၃လ အတွင်းအဆီဆဲလ်များကိုသေစေပါတယ်။ ဆဲလ်အသေများ ကိုခန္ဓါကိုယ်မှဖယ်ရှားပေးပါလိမ့်မည်။ အစားအသောက်နှင့် အားကစားလုပ်သော်လည်းမကျသောအဆီများအတွက်နည်း လမ်းကောင်းဖြစ်ပါတယ်။

  • Mesotherapy

ထိုနည်းသည် ဆေးအနည်းငယ်ကိုအရေပြားထဲသို့သွင်းပြီး အဆီများကိုပျော်ဝင်စေသောနည်းဖြစ်ပါတယ်။ ဆေးတွင် amino acid၊ သတ္တုဓါတ်နှင့် ဗိုက်တာမင်များပါဝင်ပါတယ်။ သင့်အရေပြားကိုအားအင်ပြည့်ဝစေပြီးနုပျိုစေပါတယ်။

  • ဆေးသွင်းခြင်း(Drip infusion)

သင့်လိုအပ်ချက်ပေါ်မူတည်၍ဗိုက်တာမင်များကိုအရေပြား အောက်သို့ထိုးသွင်းကာအဆီချသောနည်းဖြစ်ပါတယ်။ အသုံးပြုသောဗိုက်တာမင်များမှာ အဆီများကိုလောင်ကျွမ်း စေနိုင်သောဗိုက်တာမင် ဘီ၊ methionine၊ inositol၊ choline၊ carnitine တို့ဖြစ်ပါတယ်။

အထက်ပါနည်းလမ်းများသည်အဆီကျစေနိုင်သော်လည်း အားကစားလုပ်ခြင်းနှင့် အစားအသောက်ထိန်းခြင်းကိုမမေ့ သင့်ပါဘူး။ သို့မှသာကျန်းမာပြီးလှပသောကိုယ်ခန္ဓါကိုပိုင် ဆိုင်နိုင်မှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Sandar Lin မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement