Gym ကစားတာကို လူတော်တော်များများက ပိုက်ဆံပေးပြီး ကူလီထမ်းတယ်လို့ မြင်တတ်ကြပေမယ့် တကယ်တမ်းတော့ အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပဲဖြစ်ပါတယ်။ အိမ်မှာ ကိုယ်တိုင်လေ့ကျင့်ရင်လည်း ရပေမယ့် လူအများစုက ကိုယ်တိုင်လုပ်ရမှာ ပျင်းတာရယ်၊ အလုပ်၊ ကျောင်းကနေ အိမ်ပြန်ရောက်ပြီဆိုရင် ပင်ပန်းလို့ဆိုပြီး အိပ်ရာတန်းဝင်လိုက်တာတွေ၊ နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ခန်း မလုပ်တဲ့အခါ ပင်ပန်းပြီး ဘာမှအကျိုးထူး မရှိတော့ဘူးပေါ့။