backup og meta

ချပ်ရပ်နေတဲ့ ခါးဆိုဒ်လေးဖြစ်ဖို့ ပျိုမေဘာတွေလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချပ်ရပ်နေတဲ့ ခါးဆိုဒ်လေးဖြစ်ဖို့ ပျိုမေဘာတွေလုပ်မလဲ

    တစ်ကိုယ်လုံးက အဆီတွေထဲ အဆိုးဆုံးက ဗိုက်နားတဝိုက်ကအဆီတွေပါပဲ။မြန်မာဝတ်စုံလှလှလေးဝတ်မယ်ဆိုရင်ပဲကြည့်၊ ခါးတုတ်နေတာ ဒါမှမဟုတ် ဗိုက်အဆီရှိနေတာဆို ကိုယ့်စိတ်ကြိုက်လှနိုင်ပါ့မလား။ အဆီပိုမရှိ ချပ်ရပ်နေတဲ့ခါးဆိုဒ်လေးကို ပျိုမေတွေ အားလုံးဆန္ဒရှိကြမှာပဲလေ။ ဒါဆို ဘာလေးတွေသတိထားရမလဲ ဆိုတာ ဒီဆောင်းပါးမှာ အကြံပေးချင်ပါတယ်။

    အမျှင်ဓါတ်များများစားပါ

    အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓါတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်အဆီဆိုတာ အသည်း၊ ပန်ကရိယနဲ့ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေအနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတဲ့အဆီတွေဖြစ်ပါတယ်။

    ဒီနှစ်ချက်ကို သတိရပါ

    ဗိုက်အဆီတွေကိုလောင်ကျွမ်းစေပြီး ဖတ်ခနဲဗိုက်ချပ်သွားစေမယ့် စူပါအစားအစာဆိုတာ မရှိပါဘူး။ အခုလုပ် အခုချက်ချင်းဗိုက်ချပ်စေမယ့်လေ့ကျင့်ခန်းလည်းမရှိပါဘူး။ စားသောက်ပုံအမူအကျင့်နဲ့ လှုပ်ရှားမှုတွေအတွက် အချိန်နည်းနည်းပေးရပါမယ်။ဖြတ်လမ်းနည်းနဲ့လုပ်တဲ့ဆေးတွေ၊နည်းတွေက ဆိုးကျိုးများပါတယ်။ တစ်ပတ်စာချင်း တွက်ချက်ပြီး စားသောက်၊လှုပ်ရှားပါ။

    အဆီနဲ့ပတ်သက်ရင် ရွေးချယ်တတ်ပါစေ

    အဆီပါသမျှကို လုံးဝရှောင်စရာမလိုပါဘူး။ ဒါပေမယ့် တိရစ္တာန်အဆီတွေလိုပြည့်ဝဆီတွေ၊ အဆီပြည့်နို့ထွက်ပစ္စည်းတွေကို ကန့်သတ်စားပါ။ ပုံမှန်စားလေ့ရှိတာထက်လျှော့စားလိုက်ပါ။ ကိုယ်စားမယ့်အစားအစာမှာ ကယ်လိုရီဘယ်လောက်၊ အဆီဘယ်လောက်ပါလဲ label မှာအရင်ကြည့်ပါ။ ဆယ်လမွန်၊တူနာ တို့လို အကျိုးပြုအဆီomega-3 ပါတဲ့ငါးနဲ့ အပင်ထွက်အစားအစာတွေကိုရွေးချယ်ပါ။

    အိပ်ပါ

    ဝိတ်တက်မတက် ဆိုတာနဲ့ပတ်သက်ရင် အိပ်စက်ခြင်းက အသွားနှစ်ဖက်ရှိပါတယ်။ အိပ်ချိန်နည်းလွန်းရင်(၅ နာရီအောက်) ဗိုက်အဆီပိုတက်တယ်။ ဒါပေမယ့် များသွားရင် (၈ နာရီထက်ကျော်)လည်း ဗိုက်အဆီတက်တာပါပဲတဲ့။ ဒီအန္တရာယ်ကလွတ်နိုင်တာက အိပ်ချိန် ၆ နာရီနဲ့ ၈ နာရီကြားမှာ ရှိတာအကောင်းဆုံးပါပဲ။ ပျိုမေ အခု အိပ်ချိန်မမှန်ဘူးဆိုရင် အခုပဲပြောင်းလဲလိုက်ပါတော့။စောစောအိပ်ပါ၊ အိပ်ချိန်မတိုင်ခင် အရင်အနားယူဖြေလျှော့ပါ၊ အိပ်ချိန်မှာ ဖုန်းပွတ်မနေနဲ့တော့ပေါ့။

    စိတ်ကို လျှော့ပါ

    အမျိုးသမီးတွေက စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုနဲ့ အတွေးတွေပိုများတတ်ပါတယ်။ စိတ်ဖိစီးမှုရှိနေရင် အဆီတွေ၊အချိုတွေ ပိုစားမိမယ်၊ စိတ်ဖိစီးမှုဟော်မုန်းကော်တီဆောတွေကြောင့် ဗိုက်အဆီတက်မယ်။ စိတ်ကညစ်နေတဲ့အခါ အိပ်လည်းမပျော်၊ လှုပ်ရှားမှုလည်းမလုပ်ဖြစ်၊ အထိုင်များနေမယ်ဆိုတော့ အဆီပိုတက်နိုင်တယ်။ စိတ်အပန်းပြေမယ့်အရာတွေရှာပါ၊ သီချင်းတွေနားထောင်ပါ၊ စိတ်ကိုပြေလျော့စေမယ့် နည်းလမ်းတွေလုပ်ကြည့်ပါ။

    ကိုယ်ဘာသောက်နေလဲ ပြန်ကြည့်ပါ

    ပျိုမေရဲ့အလှအတွက်ဆိုရေပဲသောက်ပါနော်။ အလွန်ဆုံး ပိုလှချင်ရင် Detox waterလောက်ပေါ့။ ဒါတောင်အမြဲကြီး စွဲမသောက်သင့်ပါဘူး။ကော်ဖီ၊ အချိုရည်တွေကထားတော့ ဘီယာနဲ့ဝိုင်ကို မကြာခဏဟဲနေတတ်တယ်ဆို အခြေအနေမကောင်းပါဘူး။ တတ်နိုင်သလောက်လျှော့သင့်ပါတယ်။

    အဆီကျချပ်ရပ်ပြီး လှပချင်တဲ့ ပျိုမေတို့အတွက် အကျိုးရှိစေမယ့် သတိပေးအကြံပြုချက်လေးတွေဖြစ်ပါစေလို့မျှော်လင့်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement