backup og meta

ယောဂလေ့ကျင့်သူတို့ လိုအပ်သော အစားအစာများ

ယောဂလေ့ကျင့်သူတို့ လိုအပ်သော အစားအစာများ

သင်က ယောဂလေ့ကျင့်သူတစ်ယောက် သို့မဟုတ ်ယောဂီတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်နဲ့ စိတ်အတွက် ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေစားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိနှင့်ပြီးသားဖြစ်ပါလိမ့်မယ်။ သသင့်ကျန်းမာရေးဟာ သင့်ရဲ့အစာခြေစနစ်ရဲ့ လွှမ်းမိုးမှုကိုလည်း ခံနေရပါတယ်။ အစာချေစနစ်ကို သန်စွမ်းနေစေဖို့အတွက် ယောဂမှာ ရိုးရှင်းတဲ့ စားသောက်ပုံတွေ ရှိနေပါတယ်။ သဘာဝစားစရာတွေ အနည်းငယ်မျှသာစားပေးရုံပါပဲ။

၁။ နံနက်စောစော ရေနွေးသောက်ပါ။

သင်အိပ်ပျော်နေစဉ်မှာ ခန္ဓါကိုယ်က စွမ်းအင်တွေကိုဖြည့်ဆည်းပြီး အလိုအလျောက် သန့်စင်ပေးနေပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေဟာ အနိမ့်ဆုံးအခြေအနေကိုရောက်နေပါတယ်။ သင်နိုးလာတဲ့အခါ သင့်ရဲ့ ဇီဝယန္တရားကို စတင်လည်ပတ်ဖို့ အချိန်လိုပါတယ်။ တကယ်လို့ နံနက်ခင်းမှာ အစားအသောက်တွေ အများကြီးကို အရင်စစားလိုက်မယ်ဆိုရင် သင့်ခန္ဓါကိုယ်က မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်စွမ်းမရှိသေးတဲ့အတွက် အစာချေစနစ်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် သင့်ရဲ့ အစာချေစနစ်ကို အရင်နှိုးဆွဖို့ နေ့တစ်နေ့ရဲ့ နံနက်ခင်းကို ရေတစ်ဖန်ခွက်နဲ့သာ စတင်လိုက်ပါ။

၂။ နေ့လည်စာ အတွက် ဆန်၊ အသီးအရွက်များနဲ့ ဒိန်ချဉ်

အစာချေစနစ်က နံနက်ခင်းမှာတည်းက မှန်မှန်ကန်ကန် အလုပ်စတင်ခဲ့မယ်ဆိုရင် နေ့လည်လောက်ရောက်တဲ့အချိန်မှာ အမြင့်ဆုံးလုပ်နိုင်စွမ်းကို ရောက်နေပါလိမ့်မယ်။ ဒါကြောင့်လည်း လူတွေက တစ်နေ့တာမှာ နေ့လည်စာက ဒုတိယအကြီးဆုံးစားခြင်းဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်တာနေပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခါတည်းအများကြီးစားရင်တော့ ကောင်းမှာမဟုတ်ပါဘူး။ ကာဘိုဟိုက်ဒရိတ်တွေကို အများကြီးမစားမိဖို့ ကြိုးစားကြည့်ပါ။ ဒါတွေနဲ့ဆိုရင်တော့ ဗီတာမင် B အုပ်စုကြောင့် အိပ်ငိုက်လာတာမျိုး ဖြစ်လာပါလိမ့်မယ်။ အသင့်လျော်ဆုံးနေ့လည်စာကတော့ အသီးအရွက်တွေနဲ့ အဖြူရောင်ထမင်းတွေပါပဲ။ ဒိန်ချဉ်နဲ့ အခြားဟင်းခတ်တွေကလည်း တစ်ခါတစ်ရံပိုပြီးကောင်းမွန်စေပါတယ်။

၃။ ညနေအတွက် Rice cakes နဲ့ ဗာဒံထောပတ်

သင့်အတွက်ကိုတော့အမျိုးမျိုးသော အရသာတွေက ကျေနပ်မှုကိုပေးနိုင်မှာဖြစ်ပေမယ့် အစာချေစနစ်ကတော့ ဒါတွေကို သိပ်လိုလားမှာမဟုတ်ပါဘူး။ အစာအမျိုးအစားအများကြီးကို ပေါင်းစပ်စားသုံးတာဟာ အစာမကြေတာ၊ လေနဲ့ အခြားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်။ အစားတစ်နပ်မှာတော့ ကျက်ပြီးသားတွေနဲ့ မကျက်တာတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ အသီးအနှံတွေ သို့မဟုတ် အစာခြောက်တွေနဲ့ အရည်ရွှမ်းတဲ့အစာတွေ စသဖြင့် ဆန့်ကျင်ဘက်နှစ်မျိုးလုံး ပါဝင်နေဖို့မသင့်တော်ပါဘူး။ animal protein တွေကလည်း နို့ထွက်ပစ္စည်းတွေကနေ ရမှာမဟုတ်ပါဘူး။ ယောဂီတစ်ယောက်ရဲ့ ညာစာဟာ ညနေ၅နာရီမတိုင်မီစားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီညစာမှာလည်း သွားရည်စာတွေဖြစ်တဲ့ ဆန်ကိတ်တွေ၊ ဗာဒံစေ့ထောပတ်တွေ သို့မဟုတ် raw cashews တွေသာ ဖြစ်သင့်ပါတယ်။

၄။ ညဘက်အတွက် ဆေးဘက်ဝင်အသီးအရွက်များသာ

သင့်ရဲ့အစာအိမ်ဟာ အစာချေဖို့ အချိန် ၅နာရီနဲ့ အထက်လိုပါတယ်။ သင်အိပ်စက်တဲ့အချိန်အနားယူရဦးမှာမို့ ညဘက်မှာ အစာစားခြင်းဟာ ပြဿနာတွေ ပိုဖြစ်စေပါတယ်။ ၅နာရီနောက်ပိုင်းမှာတော့ သင့်အစာအိမ်ဟာ ဆေးဘက်ဝင်လက်ဖက်ရည်လောက်သာ တောင့်တပါလိမ့်မ်ယ။ ကုသနိုင်စွမ်းတွေပါဝင်တဲ့ နနွင်း သို့မဟုတ် ချင်းတို့လို ပစ္စည်းတွေက ပိုပြီးကောင်းမွန်ပါလိမ့်မယ်။ အိပ်ရာမဝင်ခင်မှာ အစာချေနိုင်ဖို့ အချိန်အနည်းငယ်ခြားပါ။ ပုံမှန်အားဖြင့်တော့ ၃နာရီကနေ ၅နာရီအထိလောက် ခြားလိုက်တာက ပိုပြီးကောင်းမွန်စေပါတယ်။

နိဂုံးအားဖြင့် ဆိုရရင် ယောဂလေ့ကျင့်သူတွေ စိတ်ထဲမှာ အစာတွေစားတာများပြီး ခန္ဓါကိုယ်ကို အလုပ်ပိုတွေမပေးဖို့ဆိုတာကို မှတ်ထားဖို့က အရေးအကြီးဆုံးပါပဲ။ ရှိသမျှစွမ်းအင်တွေအားလုံးကို အစာချေနိုင်ဖို့အတွက် အစာချေစနစ်မှာ အသုံးပြုလိုက်ရတာနဲ့စာရင်တော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ရိုးရှင်းတာတွေကိုသာ စားသုံးပါ။ ဒါမှသာ သင့်ခန္ဓါကိုယ်မှာ ခုခံအားစနစ် ကောင်းမွန်ဖို့နဲ့ အခြားအရေးကြီးတဲ့ အင်္ဂါရပ်တွေကို ကာကွယ်ဖို့ လုံလောက်တဲ့ စွမ်းအင်ပမာဏရှိနေမှာပေါ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How I Eat For Optimal Health: The Food Diary Of A Yogi. http://www.mindbodygreen.com/0-13060/how-i-eat-for-optimal-health-the-food-diary-of-a-yogi.html Assessed October 19, 2016

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement