backup og meta

ယောဂသင်တန်းမစမီ ရှောင်ကြဉ်ရမယ့် စားစရာများ

ယောဂသင်တန်းမစမီ ရှောင်ကြဉ်ရမယ့် စားစရာများ

ကိုယ်လက်လှုပ်ရှားမှုတွေဟာ သွေးတွေကို အစာချေနစ်ကနေပြီး ကြွက်သားတွေကို ထိန်းချုပ်ဖို့ ပို့ပေးကြတယ်လို့ လူတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် ယောဂအပါအဝင် ဘယ်လိုလေ့ကျင့်ခန်းမျိုးမဆို မလုပ်ခင် ဘာအစာမှမစားတာပိုကောင်းပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လု့ိများ ဗိုက်အရမ်းဆာနေခဲ့ရင် ရိုးရှင်းတဲ့ စားစရာတွေကို စားသုံးနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေမပါဝင်ခဲ့ရင်ပေါ့။

၁။ အခွံမာသီးနဲ့ အစေ့အဆံများ

အခွံမာသီးနဲ့ အစေ့အဆံတွေဟာ အာဟာရဓါတ်တွေ၊ အဆီတွေနဲ့ ပရိုတိန်းတွေများပါတယ်။ ဒါတွေက သင့်ရဲ့ ကျန်းမာရေးအတွက် ယေဘုယျအားဖြင့်တော့ ကောင်းမွန်ပေမယ့် သင့်ခန္ဓါကိုယ်မှာ သွေးစီးဆင်းဖို့ လိုအပ်နေတဲ့ အချိန်မှာတော့ ကောင်းမွန်တော့မှာမဟုတ်ပါဘူး။ သင့်ရဲ့ခန္ဓါကိုယ်ကို လှည့်နေ၊ လိမ်နေတဲ့အချိန်မှာ အစာတွေက အစာအိမ်ထဲရှိနေတာမျိုး မဖြစ်စေဖို့ ရက်စ်ဘယ်ရီလိုအသီးတွေလောက်သာ စားသုံးတာက ပိုကောင်းပါလိမ့်မယ်။ အစာမကြေခြင်းဟာ ယောဂီတစ်ယောက်အတွက် ဘယ်သောအခါမှ ကောင်းမွန်တယ်လို့ မရှိပါဘူး။။

၂။ အကြော်များ

သင့်ခန္ဓါကိုယ်က အကြော်စာတွေကို ချေဖျက်နိုင်ဖို့ အချိန်အကြာကြီးယူရပါတယ်။ နာရီပေါင်းများစွာပေါ့။ ကြွက်သားတွေကိုရော အကြော်တွေနဲ့ပြည့်နေတဲ့ အစာအိမ်ကိုပါ တစ်ချိန်တည်းမှာ သွေးတွေလုံလောက်အောင်ပို့ဖို့ သင့်ရဲ့ သွေးလည်ပတ်စနစ်အတွက် ဘယ်လောက်ခက်ခဲမယ်ဆိုတာ တွေးကြည့်ပါ။ အဆီတွေနဲ့ပြည့်နေတဲ့ အစာအိမ်ဟာ ယောဂပို့စ်တွေကို သေချာပေါက် မသက်မသာဖြစ်စေပါတယ်။ ဒါကြောင့် ယောဂသင်တန်းမစမီ အချိန်သိပ်မရနေဘူးဆိုရင်တော့ အကြော်တွေကို လုံးဝ လုံးဝ မထိပါနဲ့။

၃။ ချိစ်

ချိစ်ဟာ အဆီနဲ့ပရိုတိန်းရင်းမြစ်တစ်ခုဖြစ်ပြီး အစာချေရခက်ခဲပါတယ်။ ချိစ်စားခြင်းက သင့်ကိုလေးလံထိုင်းမှိုင်းစေပြီး ဒါဟာ ယောဂီတစ်ယောက်မှာ ရှိရမှာတွေနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေပါတ်ယ။ စွမ်းအင်တွေကို မြန်မြန်ကောင်းမွန်လာစေဖို့ ချောကလက်အမည်းကိုစားပါ။ သင့်ရဲ့ ချောကလက်ချောင်းမှာပါဝင်တဲ့ cacao ရာခိုင်နှုန်းကို သတိပြုပါ။ အကောင်းဆုံးကတော့ cacao ပမာဏက ၆၅%နဲ့ အထက်ပါဝင်တာပါပဲ။

၄။ အသားနဲ့ငါးများ

အဆီထုတ်အသားတွေနဲ့ ငါးတွေဟာ ကောင်းမွန်တယ်ဆိုတာကိုတော့ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ သင့်ခန္ဓါကိုယ်က အစာချေဖျက်ရမယ့် အချိန်က အဓိကဖြစ်နေပါတယ်။ ယောဂသင်တန်းမစမီ အသားနဲ့ ငါးတွေကို ရှောင်ကြဉ်လိုက်ခြင်းဟာ သင့်ရဲ့ပေါ့ပါးမှုနဲ့ ပျောင်းနွဲ့မှုကို အထောက်အကူဖြစ်စေပါတယ်။ အသားတွေအစား ဆန်ကွတ်ကီး သို့မဟုတ် ပန်းသီးစားကြည့်ပါ။

၅။ ထောပတ်သီး။

ထောပတ်သီးကို ရှယ်ကောင်းတဲ့စားစရာလို့သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မြင့်မားလှတဲ့ အဆီပမာဏဟာ အစာအိမ်ပေါ် ဖိအားတွေအများကြီးဖြစ်စေပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးထောက်ပံ့မှုကောင်းကောင်းမရတဲ့အခါမှာ အစာအိမ်ကလည်း အဆီတွေကို လွယ်လွယ်ခြေဖျက်နိုင်မှာ မဟုတ်ပါဘူး။ ယောဂသင်တန်းပြီးမှ ထောပတ်သီးစားခြင်းက အစာအိမ်ကို အထောက်အပံ့များစွာ ဖြစ်စေပါတယ်။

၆။ နို့

လူတွေဟာ TVထဲမှာ မြင်နေရတာကို အတုခိုးတတ်ကြပါတယ်။ အချို့သော နို့နဲ့ နို့ထွက်ပစ္စည်းကြော်ငြာတွေဟာ လေ့ကျင့်ခန်းမလုပ်မီ နို့သောက်နေတဲ့ ယောက်ျားတွေ၊ မိန်းကလေးတွေကို ပြသလေ့ရှိပါတယ်။ တကယ်တမ်းမှာတော့ ဒါဟာ သင့်အစာအိမ်ကို ကောင်းမွန်စေမှာမဟုတ်ပါဘူး။ တစ်ခုခုမစားဘဲ နို့သောက်လိုက်တဲ့အချိန်မှာ နို့ဟာ အစာအိမ်ထဲမှာ အက်စစ်ပစ္စည်းအဖြစ်ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့်ပဲ လေပွခြင်းတွေ၊ လေတက်ခြင်းတွေဖြစ်လာတာပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ဒါတွေဖြစ်လာတာကိုလည်း သင်မလိုလားဘူးမဟုတ်ပါလား။ ဒါကြောင့် လေ့ကျင့်ခန်းတစ်ခုခုမလုပ်ခင်မှာ အထူးသဖြင့် ယောဂမလေ့ကျင့်ခင်မှာ နွားနို့မသောက်ဖို့ အကြံပြုလိုပါတယ်။

ယောဂနည်းပြအများစုက လေ့ကျင့်သူတွေကို မလုပ်ဖို့ တားမြစ်ကြပေမယ့်လည်း ယောဂသင်တန်းမစမီ အစာစားတာဟာ လုံးဝပိတ်ပင်ထားတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူ။ သင့်အစာအိမ်ထဲ ဘာနဲ့ဖြည့်မယ်ဆိုတာကိုတော့ သေချာစဉ်းစားဖို့လိုပါတယ်။ ယောဂီအားလုံးအတွက် အသေအချာလိုက်နာရမယ့် စည်းကမ်းကတော့ အဆီနဲ့ ပရိုတိန်းတွေ အများကြီးပါဝင်တဲ့ စားစရာတွေနဲ့ ဝေးဝေးနေဖို့ပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Types Of Food You Should Never Eat Before A Yoga Class. http://www.rodalesorganiclife.com/food/7-types-of-food-you-should-never-eat-before-a-yoga-class Assessed October 20, 2016

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement