backup og meta

အဆစ်ရောင်နေသူတို့အတွက် အပြေးကျင့်ရန် နည်းလမ်းများ

အဆစ်ရောင်နေသူတို့အတွက် အပြေးကျင့်ရန် နည်းလမ်းများ

အဆစ်ရောင်ဖူးပါသလား။ အရမ်းနာပါတယ်။ ဟုတ်တယ်နော်။ အဆစ်နေရာကနေ တဆစ်ဆစ်နဲ့နာနေပြီး လှုပ်လိုက်တာနဲ့ အသည်းခိုက်သွားတာမျိုး။ ဒီတော့ သင်လမ်းတောင် လျှောက်ချင်စိတ် မရှိနိုင်တော့ဘူး။ ဒါပေမယ့် မလျှောက်ပဲနေတာကရော ကောင်းလို့လား။ အချက်အလက်တွေအရ အဆစ်ရောင်အဖွဲ့အစည်းကြီးကနေ အဆစ်ရောင်သူတွေဟာ သင့်တော်တဲ့လေ့ကျင့်ခန်း အစီအစဉ်ဆွဲသင့်ကြောင်း ပြောထားပါတယ်။

ပြေးတာက သင့်အဆစ်များရဲ့ကောင်းကျိုးအတွက် လုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ဒါပေမယ့် ဘယ်လိုပြေးကြမှာလဲ။ ခြေထောက်သုံးလိုက်တိုင်း နာနေတဲ့ အဆစ်တွေကိုရော ဘယ်လိုလုပ်ကြမလဲ။ ရပါတယ်။ ဒါကိုကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ပျော့သည့်နေရာမှာပြေးပါ

ဆိုလိုတာက ကွန်ကရစ်လမ်းမှာပြေးတာမျိုးကို ရှောင်ခိုင်းတာပါ။ သင့်ခြေထောက်က နူးညံ့တဲ့မျက်နှာပြင်မှာပဲပြေးသင့်တယ်။ ဥပမာ မြက်ခင်း၊ ရွံ့ပျော့ပျော့မြေမျိုးပေါ့။ ကွန်ကရစ်က နိုင်လွန်ကတ္တရာထက် ၁၀ ဆ ပိုမာပါတယ်။ ဒါကြောင့် သင့်ခြေထောက်အတွက် အဆင်မပြေနိုင်ပါဘူး။ သင့်ဒူးတွေ အဆစ်တွေကို လာထိမယ့်အားက နာကျင်မှုကို အလွယ်တကူဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဆို ပြေးမယ့်ဟာ ပြေးမရပဲဖြစ်သွားပါလိမ့်မယ်။

ကိုယ်ကို အကြောလျော့ပေးပါ

သွေးပူအောင် အကြောလျော့တာမျိုးတာ အဆစ်ရောင်သူရော သာမန်လူအတွက်ပါ အများကြီး အကူအညီရပါတယ်။ အကြောလျော့တာက ပြေးဖို့အတွက် သင့်ခန္ဓါကိုယ်ကို အဆင်သင့် ဖြစ်စေပါတယ်။ အလုပ်လုပ်မယ့် ကြွက်သားတွေကို နွေးလာစေပြီး သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။ မပြေးခင် ရေနွေးနွေးနဲ့ချိုးတာ အထူးသဖြင့် အပြင်မှာ အေးတဲ့အခါဆို တကယ်ကို ကောင်းမွန်တာပါ။ ဘာလို့ဆိုတော့ အေးတာနဲ့ အဆစ်ရောင်တာက ရန်ဖက်တွေဆိုတာ သိမှာပါ။

သန်မာအောင် လေ့ကျင့်ပေးပါ

နေစဉ်ပြေးတာကနေ Gym ကစားတာမျိုး အပြောင်းအလဲ လုပ်ပေးတာက ကြွက်သားတွေအတွက် ကောင်းပါတယ်။ ပြေးနှုန်းတိုးသည်နှင့်လိုက်ပြီး ဆောင်ရွက်နိုင်မယ့်ကြွက်သားတွေကို လေ့ကျင့်တာမျိုးလိုပါတယ်။ မလေ့ကျင့်ထားရင် အဲ့လိုပြေးတဲ့အခါ အဆစ်တွေကလိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြေးလိုက် Gym ကစားလိုက်လုပ်တာက ကိုယ်ကိုသန်မာစေသည့်အပြင် အဆစ်နာခြင်းကိုလည်း တဖြည်းဖြည်း သက်သာစေပါတယ်။

သင့်ကိုယ်သင် အလွန်အကျွံဖြစ်အောင် တွန်းမလုပ်ပါနဲ့

သင်လိုချင်သည့် အဟုန်ရောက်အောင် ပြေးတာမျိုးရှောင်ပါ။ သင့်ခန္ဓါကိုယ်ကို သင်နားထောင်ပါ။ မသက်မသာခံစားလာရတာနဲ့ ဖြည်းဖြည်းသာလုပ်ပါ။ တွန်းလုပ်တာက ပြန်ကောင်းဖို့ အချိန်အကြာကြီး ယူသွားရစေနိုင်ပါတယ်။ ဒါအပြင် ကြွက်သားတွေကိုပါ ရောင်ရမ်းစေပြီး ပိုနာနေပါလိမ့်မယ်။ သင်အလွန်အကျွံလုပ်မိနေသလား သိနိုင်ဖို့ စမ်းသပ်မှုအနည်းငယ် လုပ်ကြည့်နိုင်ပါတယ်။ စကားပြောနေရင်း လေကိုရှိုက်မရှုရရင်တော့ သင်လုပ်နေတာ ပုံမှန်ပါပဲ။ စကားတစ်ခုနဲ့တစ်ခုကြား ရှိုက်ရှုနေရရင်တော့ နည်းနည်းလောက်လျော့ပြီး ခဏအနားယူဖို့ လိုပါလိမ့်မယ်။

တစ်သတ်မတ်တည်းလုပ်ပါ

ခက်ခဲနေတယ်ဆိုရင်တောင်မှ ပြေးတာကိုတစ်စိုက်မတ်မတ်လုပ်ပါ။ ပစ်လှဲပြီး ချိုတာတစ်ခုခုအိမ်ပြန်စားချင်နေတာမျိုး တစ်ခါတစ်ခါ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အရှုံးပေးလိုက်ရင် အခြေအနေပဲ ပိုဆိုးသွားမှာပါ။ သင့်အတွက်အဆင်ပြေစေမယ့် အချိန်ဇယားကိုဆွဲပါ။ သူငယ်ချင်းတစ်ချို့နဲ့ ပြေးတာကလဲ စိတ်အားထက်သန်စေနိုင်ပါတယ်။ အဆင်ပြေတဲ့ ပြေးခြင်းအစီအစဉ်ကို သေချာလိုက်လုပ်ပါ။ ပြီးမှ လိုအပ်လျှင် တဖြည်းဖြည်းချင်း တိုးလုပ်ပါ။ သင့်အဆစ်တွေရဲ့ ကျန်းမာရေးက သင်ဘယ်လိုသုံးလဲဆိုတာပေါ် မူတည်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

အဆစ်ရောင်တဲ့သူတွေ သိထားရမယ့် အချက်တွေ ရှိပါသေးတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ မနာမှ ဒါမှမဟုတ် နည်းနည်းလောက်နာရုံထိသာ လုပ်သင့်ပါတယ်။ တစ်ခုခုမှားသွားရင် ဆေးပညာအကူအညီရယူဖို့ မနှေးပါနဲ့။ အဆစ်တစ်ခုလုံး ပူထူနေတယ်လို့ ခံစားရရင် အချိန်တစ်ခုယူပြီး အေးအောင်လုပ်ပါ။ ထိုအခြေအနေမှာမှ တွန်းလုပ်နေရင်တော့ ကြာလာတာနဲ့ အန္တရာယ်ပဲ ပိုဖြစ်လာနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Running with Arthritis: 13 Training Strategies”
http://www.runnersworld.com/ask-coach-jenny/running-with-arthritis-13-training-strategies

“How to Run With Arthritis”
http://www.livestrong.com/article/81551-run-arthritis/

ယခုပုံစံ

12/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement