ကိုယ်နောက်ဆုံးစားခဲ့တာကို သတိပြုမိထားရင် ဘယ်အချိန်လောက်ကြာတဲ့အခါ ဆီးချိုလက္ခဏာတွေ ထဖြစ်မလဲ သိနိုင်တာပေါ့။ ပြေးနေတုန်း စွမ်းအင်ပြတ်သွားရင် အမြန်ပြန်ဖြည့်ဖို့ Energy gel, အားကစားသမားအတွက်အချိုရည် ဒါမှမဟုတ် တခြား စွမ်းအင်အပြည့်မြန်တဲ့အစာတွေ စားပေးလို့ရပါတယ်။ ခြုံပြောရရင် ပြေးနေတုန်း ကိုယ့်ရဲ့သကြားဓါတ်လယ်ဗယ်၊ ခံစားမှုနဲ့ လှုပ်ရှားပုံတွေကို စောင့်ကြည့်ပါ။ ဒါမှသာ လိုအပ်တာနဲ့ ချက်ချင်းစီမံနိုင်မှာပါ။
အမျိုးအစား ၂ ဆီးချို
အမျိုးအစား ၂ ဆီးချိုကို လူနာ ၉၀ ကနေ ၉၅%ထိ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် သူတို့လဲ သတိထားဖို့ လိုတာပါပဲ။ အမျိုးအစား ၂ ဆီးချိုကျတော့ အင်ဆူလင်လုံလောက်အောင် ထုတ်မပေးနိုင်တာ ဒါမှမဟုတ် အင်ဆူလင်က အလုပ်ကောင်းကောင်းမလုပ်နိုင်တာမျိုးပေ့ါ။ ဒီတော့ သွေးထဲကသကြားတွေကို စွမ်းအင်အဖြစ်မသုံးနိုင်တော့ပဲ စုပုံသွားစေရော။ အမျိုးအစား ၂ ဆီးချိုသမားတွေကလဲ အစားအသောက်ထိန်းဖို့၊ တရားထိုင်ဖို့ တခါတစ်လေ အပြေးလေ့ကျင့်ဖို့ လိုအပ်ပါတယ်။
အစားစားပြီးတဲ့အချိန်ကို ရွေးပြေးမှသာ သကြားဓါတ်တည်တည်ငြိမ်ငြိမ်ရှိပြီး ပြေးလို့အဆင်ပြေနိုင်မှာပါ။ ပြေးတဲ့အခါ သကြားဓါတ်ထိုးမကျသွားစေဖို့ သုံးလို့ရတဲ့ဆေးတွေလဲ ရှိပါတယ်။ ဒါပေမယ့် ပြေးနေရင်း အားဖြည့်အချိုရည်တွေ မသောက်မိဖို့ ဂရုစိုက်ရပါမယ်။ မဟုတ်ရင် အများကြီးသောက်မိတာနဲ့ ဆီးချိုတက်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။