backup og meta

ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း နှင့် ကလေးများနှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ဆက်စပ်ခြင်း

မိခင်လောင်းများဟာ ကိုယ်ဝန်ဆောင်ကာလမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း က အလေးချိန်များတဲ့ ကလေးမွေးနိုင်ခြေကို များစေပြီး မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း နှင့် ကလေးများနှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ဆက်စပ်ခြင်း

ဗြိတိန်နိုင်ငံမှ သုတေသနတခုမှာ ကော့ကေးရှန်းလူမျိုး အဓိကပါဝင်တဲ့ အမျိုးသမီးပေါင်း ၆၇၀၀ ကို သူတို့ရဲ့ ကလေးများအပါအဝင် ၉နှစ်ကြာ လေ့လာခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အလေးချိန်၊ ကလေးများရဲ့ ခန္ဓာကိုယ်အတိုင်းအတာ၊ သွေးပေါင်ချိန် စတာတွေကို မှတ်တမ်းတင်ခြင်းများ ပါဝင်ပါတယ်။

ရလဒ်တွေအရ ကိုယ်ဝန်ဆောင်ကာလ စံပြုထားတဲ့ ကိုယ်အလေးချိန်ထက် ပိုနေသူများရဲ့ ကလေးတွေမှာ သာမန်ကိုယ်အလေးချိန်ရှိသူ အမျိုးသမီးတွေထက် BMI များခြင်း၊ ခါးအရွယ်အစားကြီးခြင်း၊ အဆီပိုစုခြင်း၊ သွေးတိုးခြင်း၊ ရောင်ရမ်းမှု ညွှန်းကိန်းမြင့်ခြင်း၊ အကျိုးပြုကိုလက်စထရောနည်းခြင်း စတာတွေ ကြုံနိုင်ပါတယ်။ မိခင်ဖြစ်သူဟာ အဝလွန်နေမယ်ဆိုရင် ကလေးရင်ဆိုင်ရမယ့် ဖြစ်နိုင်ခြေအန္တရာယ်ဟာ မြင့်ပါတယ်။

ကိုယ်အလေးချိန်များတဲ့ မိခင်တွေဟာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေကို မွေးတတ်ပြီး ကလေးများဟာ ကြီးလာတာနဲ့အမျှ အဝလွန်လာနိုင်ခြေ ရှိပါတယ်။ အဝလွန်ခြင်းဟာ ကလေးငယ်တွေမှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အမျိုးအစား (၂) ဆီးချို၊ သွေးတိုးခြင်းတို့အတွက် ဖြစ်နိုင်ခြေ အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။

ဒီအခြေအနေတွေဟာ ကလေးတွေအတွက် ကိုလက်စထရောကျဆေး ပေးရတဲ့ အငြင်းပွားစရာကိစ္စတွေမှာ တွေ့ရများတတ်ပါတယ်။

တကယ်တော့ ဒီအကြောင်းအရာပေါ်မှာ သုတေသနပြုလုပ်ထားတာတွေ အများကြီးမရှိပါဘူး။ ဒီတွေ့ရှိချက်တွေဟာ တခြားလူမျိုးတွေအတွက်ပါ အကျုံးဝင်လောက်အောင် မကျယ်ပြန့်ပါဘူး။

ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း ရဲ့ အန္တရာယ်ကို သတိပြုမိစေပါတယ်။ သင့်ကလေးနဲ့ သင့်ကျန်းမာရေးအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ထိန်းချုပ်ဖို့၊ အစားအသောက် အလွန်အကျူးစားသောက်ခြင်း ရှောင်ကြဉ်ဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Children and Heart Disease: What’s Wrong With This Picture?
http://www.webmd.com/children/features/children-and-heart-disease-whats-wrong-with-this-picture#1
Assessed September10,2016

2. Mom’s Extra Pregnancy Pounds May Raise Child’s Heart Risks. https://consumer.healthday.com/ kids-
health-information-23/misc-kid-s-health-news-435/mom-s-extra-pregnancy-pounds-may-raise-child-s-heart-
risks-639602.html Assessed September 10, 2016.

ယခုပုံစံ

17/08/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်သလဲ

ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် အရေးကြီးတာလဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement