မှတ်ဉာဏ်ချို့ယွင်းတာလား၊ အယ်ဇိုင်းမားလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 29, 2020 . 3 mins read
Share now

အယ်ဇိုင်းမားက မှတ်ဉာဏ်ချို့ယွင်းတတ်ပေမယ့် မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမားတော့ မဟုတ်ပါဘူး။ နားရှုပ်သွားလားမသိ။ မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ လက္ခဏာတစ်ခုပါ။ အယ်ဇိုင်းမားဆိုတာကတော့ ရောဂါပေါ့။ ဒါပေမယ့် မှတ်ဉာဏ်ချို့ယွင်းတဲ့လူတွေရဲ့ ၆၀-၈၀ ရာခိုင်နှုန်းက အယ်ဇိုင်းမားကြောင့် ဖြစ်တာဆိုတော့ မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမားလို့ တန်းပြီးသတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့သော မှတ်ဉာဏ်ချို့ယွင်းတဲ့ အကြောင်းရင်းတွေက ကုသလို့ရပါတယ်။ အယ်ဇိုင်းမားလို့ ယူဆပြီး လူနာကို အိမ်မှာပဲ ထားလိုက်မယ်ဆိုရင်တော့ ကုလို့ရရဲ့သားနဲ့ မကုလိုက်ရတာမျိုး ဖြစ်တတ်တာကြောင့် ဒီနှစ်မျိုး ဘာကွာလည်းဆိုတာ သိဖို့ လိုပါတယ်။

မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ

မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ လက္ခဏာသက်သက်ပါ။ မှတ်ဉာဏ်ချို့ယွင်းစေတဲ့ အကြောင်းရင်းတွေက တစ်ခုမကရှိပါတယ်။ ဒီထဲမှာ အယ်ဇိုင်းမားလည်းပါပြီး သူက အဖြစ်အများဆုံးပါပဲ။ လူတစ်ယောက်ထဲမှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ပြဿနာ တစ်ခုမက ရှိနိုင်ပါတယ်။ ဒါကိုတော့ mixed dementiaလို့ ခေါ်ပါတယ်။

မှတ်ဉာဏ်ချို့ယွင်းတာကို အသက်ကြီးလာတာကြောင့် ဖြစ်တာလို့ ပုံသေသတ်မှတ်လို့ မရပါဘူး။ ဦးနှောက်ဆဲလ်တွေ ပျက်စီးပြီး တွေးခေါ်တာတွေ၊ မှတ်သားတာတွေကို ထိခိုက်နိုင်တဲ့ ဘယ်ရောဂါမှာမဆို မှတ်ဉာဏ်ချို့ယွင်းနိုင်ပါတယ်။

မှတ်ဉာဏ်ချို့ယွင်းရင် ဘာတွေခံစားရမလဲ။

ရောဂါနုစဉ်ဆိုရင်တော့ လက္ခဏာတွေက သိသာပါတယ်။ သတိမေ့ရာကနေ စတာပါ။ နေ့လား ညလား မကွဲတာမျိုး၊ သွားနေကြနေရာတွေကို မမှတ်မိတာမျိုး ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီထက်ပိုရင့်လာရင်တော့ မြင်နေကြ၊ တွေ့နေကြ လူတွေ၊ နာမည်တွေကို မမှတ်မိတာမျိုး ဖြစ်တတ်ပါတယ်။

နောက်ပိုင်းကျရင် ကိုယ့်ဟာကိုယ် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဖို့တောင် ခက်ခဲလာပါတယ်။ သိသာလာတာကတော့ ခုလေးတင်ပြောတာကိုတောင် မမှတ်နိုင်ဘဲ ထပ်ခါ ထပ်ခါ ပြန်မေးတာ၊ တစ်ခုခုဆို ဆုံးဖြတ်ရခက်လာတာ၊ တစ်ကိုယ်ရည်ကိစ္စတွေ မလုပ်နိုင်တော့တာအထိ ဖြစ်လာပါတယ်။

နောက်ဆုံး သူတို့ ကိုယ့်ဟာကိုယ်ဂရုမစိုက်နိုင်တော့လို့ သူများပေါ် လုံးလုံးမှီခိုရတဲ့အထိ ဖြစ်သွားပြီး အတူနေမိသားစုအပေါ် ဝန်ပိလာနိုင်ပါတယ်။ အတူနေမိသားစုကိုတောင် မမှတ်မိတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ မှတ်ဉာဏ်ချို့ယွင်းတာအပြင် စိတ်ဓာတ်ကျတာ၊ စိတ်ဆတ်တာစတဲ့ နောက်ဆက်တွဲ စိတ်ရောဂါတွေပါ ဖြစ်လာပါတယ်။

မှတ်ဉာဏ်ချို့ယွင်းစေတဲ့ အကြောင်းရင်းများ

အသက်ကြီးလာလေလေ မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေ များလေလေပါပဲ။ သဘာဝအရကို ဦးနှောက်က အိုမင်းလာပြီး ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတဲ့အတွက်ကြောင့်ပါ။ ဒီလို အသက်ကြီးလာလို့ မှတ်ဉာဏ်ချို့ယွင်းတာတဲ့ အကြောင်းရင်းထဲမှာဆိုရင်

အသက်ကြောင့် မဆိုင်ဘဲ တခြားကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီးစေတဲ့ အကြောင်းတွေကတော့

  • ရောဂါပိုးမွှားများ (ဥပမာ HIV)
  • သွေးကြောရောဂါ
  • လေဖြတ်တာ
  • စိတ်ကျရောဂါ
  • ဆေးဝါးတွေ စွဲသုံးတာ စတာတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမား မဟုတ်ဘူးဆိုတာ သိလောက်ပါပြီ။

အယ်ဇိုင်းမားဆိုတာ

အယ်ဇိုင်းမားဆိုတာက ကြာလာလေလေ ပိုဆိုးလာလေဖြစ်ပြီး မှတ်ဉာဏ်တွေ၊ ကျိုးကြောင်းဆင်ခြင်ဉာဏ်တွေ ယုတ်လျှော့လာတာမျိုးပါ။ ဘာကြောင့် ဖြစ်တာလဲဆိုတာ မသိသလို အပြီးပျောက်အောင် ကုသလို့လည်း မရသေးပါဘူး။

လူငယ်တွေမှာလည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်တော့ အသက် ၆၀ကျော်မှပဲ လက္ခဏာတွေ ပေါ်လာပါတယ်။ အသက် ၈၀ကျော်မှာ ဖြစ်လာရင်တော့ မှတ်ဉာဏ်ချို့ယွင်းတာအပြင် လူနေမှုဘဝထိခိုက်တာ၊ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်တာကြောင့် သက်ဆိုးမရှည် လှပါဘူး။ ငယ်ငယ်လေးနဲ့ ဖြစ်တာဆိုရင်တော့ ပိုပြီး အချိန်ကြာကြာခံစားရပါတယ်။

အယ်ဇိုင်းမားကြောင့် ဦးနှောက်မှာ ဘာတွေ ထိခိုက်လာနိုင်သလဲ။

တကယ်တော့ အယ်ဇိုင်းမားက အထဲမှာ ဦးနှောက်ပျက်စီးနေပေမယ့် အပြင်မှာ လက္ခဏာပြတာက နောက်ကျပါတယ်။ အယ်ဇိုင်းမားရောဂါရှိတဲ့သူရဲ့ ဦးနှောက်ကို လေ့လာကြည့်မယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကို တွေ့ရပါတယ်။ ဒီပရိုတင်းတွေကြောင့် ဦးနှောက်ဆဲလ်တွေကြားမှာ ဆက်သွယ်မှု ပျက်ပြီး ဆဲလ်တွေသေဆုံးသွားပါတယ်။ ဒီထက်ပိုဆိုးရင် ဦးနှောက်ပါ ကျုံ့သွားနိုင်ပါတယ်။

ဦးနှောက်ကို ခွဲစိတ်ပြီး အထဲက ပရိုတင်းတွေကို လေ့လာရတဲ့အတွက် လူအရှင်မှာ အယ်ဇိုင်းမားကို အတိအကျစစ်ဆေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တခြားနည်းလမ်းတွေကိုသုံးပြီး ၉၀ရာခိုင်နှုန်းလောက်သေချာအောင် စစ်ဆေးလို့ ရနေပါပြီ။

အယ်ဇိုင်းမားလား၊ မှတ်ဉာဏ်ချို့ယွင်းတာလား

နှစ်ခုလုံးမှာ တူတာတွေရော၊ ကွဲတာတွေရောရှိပါတယ်။

တူတာတွေကတော့

  • တွေးခေါ်နိုင်စွမ်းတွေ ကျသွားတာ
  • မှတ်ဉာဏ်ချို့ယွင်းတာ
  • အချင်းချင်း ပြောဆိုဆက်ဆံနိုင်စွမ်းတွေ လျော့ကျသွားတာ စတဲ့အချက်တွေကတော့ တူပါတယ်။

ကွာခြားတာတွေကတော့ အယ်ဇိုင်းမားမှာဆိုရင်

  • လုပ်ခဲ့တာတွေ၊ ပြောခဲ့တာတွေ မမှတ်မိတာ
  •  ဘာကိုမှ စိတ်ဝင်စားမှု မရှိတာ
  • စိတ်ကျတာ
  • ဆုံးဖြတ်နိုင်စွမ်း မရှိတာ
  • အချိန်တွေ၊ နေရာတွေ မသိတာ
  • စိတ်ရှုပ်ထွေးတာ
  • အမူအကျင့်တွေ ပြောင်းလာတာ
  • ရောဂါရင့်လာတာနဲ့အမျှ စကားပြောရခက်တာ၊ မျိုချရခက်တာ၊ လမ်းလျှောက်ရခက်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

တချို့သော မှတ်ဉာဏ်ချို့ယွင်းတဲ့ အကြောင်းတွေက အယ်ဇိုင်းမားနဲ့ သွားတူနေတာကို တွေ့ရပါတယ်။ ဥပမာ Lewy body dementia လို့ ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါတစ်မျိုးမှာဆိုရင် အယ်ဇိုင်းမားရောဂါရင့်ချိန်မှာ တွေ့ရတဲ့ လက္ခဏာတော်တော်များများရှိပါတယ်။ ဒါပေမယ့် ရောဂါစဖြစ်ဖြစ်ချင်းဆိုရင်တော့ ထင်ယောင်မြင်မှားတွေ ဖြစ်တာ၊ ကိုယ်နေဟန်ချက် မထိန်းနိုင်တာ၊ အိပ်မပျော်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ပါကင်ဆန်တို့ Huntington’s ရောဂါတို့ ဆိုရင်တော့ ရောဂါအစပိုင်းမှာတင် အကြောဆွဲသလိုလက္ခဏာတွေ ခံစားရတတ်ပါတယ်။

မှတ်ဉာဏ်ချို့ယွင်းတာ၊ အယ်ဇိုင်းမားရောဂါတွေကို ဘယ်လိုကုသနေကြသလဲ။

ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး အနည်းငယ်ကွဲပြားမှု ရှိပါတယ်။ ဒါပေမယ့် တချို့သော ဆေးတွေက မှတ်ဉာဏ်ချို့ယွင်းတာအတွက်ရော၊ အယ်ဇိုင်းမားအတွက်ပါ သုံးနိုင်တာကို တွေ့ရပါတယ်။

အယ်ဇိုင်းမားက အမြစ်ပြတ်အောင် ကုသလို့ မရပါဘူး။ ခံစားရတဲ့ လက္ခဏာတွေ သက်သာပြီး သက်သောင့်သက်သာနေနိုင်အောင် ဆေးတွေနဲ့ ထိန်းထားရလေ့ရှိပါတယ်။ ဥပမာပြောရရင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအတွက် ဆေးတွေပေးတာ၊ အိပ်မပျော်တဲ့ပြဿနာကို ရှင်းပေးတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ သက်သာအောင် လုပ်ပေးတာ၊ စိတ်ဓာတ်ကျတာအတွက် စိတ်ကျရောဂါကုဆေးတွေပေးတာမျိုးပါ။

မှတ်ဉာဏ်ချို့ယွင်းတာကတော့ အမြဲတမ်းကုလို့မရတာမျိုး မဟုတ်ပါဘူး။ ဆေးဝါးတွေကြောင့်၊ ဦးနှောက်အကျိတ်တွေကြောင့်၊ ရောဂါပိုးတွေကြောင့်ဆိုရင်တော့ ဒီအကြောင်းခံတွေကို ကုသလိုက်ရင် သက်သာသွားနိုင်ပါတယ်။ ဒါကြောင့် ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်တယ်လို့ ပြောကြတာပါ။

Takeaways

အယ်ဇိုင်းမားက မှတ်ဉာဏ်ချို့ယွင်းတတ်ပေမယ့် မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမားလို့ ယူဆလို့ မရပါဘူး။ တချို့တွေက ကုသလို့ ရနိုင်ပါတယ်။ အယ်ဇိုင်းမားဆိုခဲ့ရင်တောင် လက္ခဏာတွေ သက်သာအောင် ဆေးဝါးတွေ လိုအပ်တာကြောင့် သေချာအောင် ဆေးစစ်ကြည့်ဖို့ အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်နဲ့ အာရုံကြော မှာဖြစ်နိုင်တဲ့ ရောဂါတွေကလည်း များပြားလွန်းပါတယ်။ တချို့ရောဂါတွေဆို အသိနောက်ကျရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဦးနှောက် မှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ အဖြစ်များတဲ့ ရောဂါများအကြောင်း

ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အင်္ဂါရပ်ဖြစ်တာကြောင့် ရောဂါလက္ခဏာတွေကို မှတ်ထားပြီး မူမမှန်တာရှိရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး တွေအနေနဲ့ အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ နည်းလမ်းကောင်းလေးတွေ သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read
အတက်ရောဂါ ဆိုတာ

အတက်ရောဂါ ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 28, 2020 . 3 mins read