ရုတ်တရက်ကျောက်ကပ်ပျက်စီး ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 16, 2020 . 2 mins read
Share now

ရုတ်တရက်ကျောက်ကပ်ပျက်စီး တယ်ဆိုတာ ကျောက်ကပ်က ရုတ်တရက် သူ့အလုပ်ကို မလုပ်နိုင်တော့တာပါ။ နည်းနည်းပျက်စီးတာလဲဖြစ်နိုင်သလို လုံးဝအလုပ်မလုပ်နိုင်တာလဲ ဖြစ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီး တာက ကျောက်ကပ်ကိုယ်တိုင်မကောင်းတာကြောင့်ဖြစ်နိုင်သလို တခြားအကြောင်းအရင်းတစ်ခုကြောင့် ကျောက်ကပ်မှာ နောက်ဆက်တွဲလာထိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အသက်ကြီးပြီးရောဂါအခံတစ်ခုခုရှိတဲ့သူတွေ၊ နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူတွေမှာပိုဖြစ်တတ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးတာက မြန်မြန်သိ မြန်မြန််ကုနိုင်ရင် ပိုကောင်းပါတယ်။ မကုနိုင်ရင် ကိုယ်ထဲမှာ ဓာတ်ဆားတွေ၊ အညစ်အကြေးတွေပုံလာပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာမှာပါ။ ကျောက်ကပ်လုံးဝအလုပ်မလုပ်တော့ရင်တော့ ကျောက်ကပ်ဆေးရမှာပါ။ မဟုတ်ရင် အသက်အန္တရာယ်ရှိပါတယ်။

ဘာလို့ ရုတ်တရက်ကျောက်ကပ်ပျက်စီး ရတာလဲ

အဓိကအကြောင်းရင်း၃ခုကတော့

  • ကျောက်ကပ်ကို သွေးကောင်းကောင်းမလျှောက်တာ
  • ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်တာ
  • ဆီးပို့ပြွန်ပိတ်ပြီး ဆီးတွေအပြင်ကိုမထွက်နိုင်ဘဲ ကျောက်ကပ်မှာပြန်ပုံနေတာတွေပဲဖြစ်ပါတယ်။

ကျောက်ကပ်ကို သွေးကောင်းကောင်းမလျှောက်စေတဲ့အကြောင်းတွေကတော့

ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေတဲ့ အကြာင်းတွေကတော့

  • ကျောက်ကပ်ကို သွားတဲ့ သွေးကြောတွေမှာ သွေးခဲပိတ်တာ၊ အဆီခဲပိတ်တာ
  • ကျေက်ကပ်ရောင်တာ
  • ပိုးဝင်တာ
  • ခုခံအားကမောက်ကမဖြစ်ပြီး ကျောက်ကပ်ကို ထိခိုက်တာကြောင့် ကျောက်ကပ်ရောင်တာ
  • အရက်တွေအလွန်အကျွံသောက်ပြီးကျောက်ကပ်ထိခိုက်တာ

ဆီးတွေအပြင်ကိုမထွက်နိုင်ဘဲ ကျောက်ကပ်မှာပြန်ပုံနေစေတဲ့ အကြောင်းတွေကတော့

ရုတ်တရက်ကျောက်ကပ်ပျက်စီး ရင်ဘာလက္ခဏာတွေပြမှာလဲ

  • ဆီးနည်းတာ(တစ်ခါတစ်လေ ဆီးပုံမှန်သွားတာလည်းဖြစ်နိုင်ပါတယ်။)
  • ရေတွေစုပြီး ခြေထောက်နဲ့ ခြေကျင်းဝတ်မှာ ဖောနေတာ
  • မောတာ
  • နုံးတာ
  • သတိမကောင်းတာ
  • ပျို့တာ
  • အားနည်းတာ
  • နှလုံးခုန်မမှန်တာ
  • ရင်ဘတ်အောင့်တာ
  • သိပ်ပြင်းထန်ရင် တက်တာ၊ သတိလစ်တာအထိဖြစ်တတ်ပါတယ်။

တစ်ခါတစ်လေဘာလက္ခဏာမှမပြဘဲ သွေးစစ်လိုက်မှသိတာမျိုးလည်းရှိပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

  • အသက်၆၅နှစ်အထက်တွေ
  • နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေ
  • နှလုံးမကောင်းတဲ့သူတွေ၊ ဆီးချို၊ အသည်းရောဂါရှိတဲ့သူတွေ
  • ရေဓာတ်အလွန်နည်းတဲ့သူတွေ၊ ကိုယ်တိုင်မစားမသောက်နိုင်တဲ့သူတွေ
  • ဆီးလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေတဲ့သူတွေ
  • သွေးဆိပ်သင့်တဲ့သူတွေ
  •  အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ တခြားကျောက်ကပ်ထိခိုက်စေတဲ့ဆေးတွေကို စွဲသောက်နေတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

  • ကျောက်ကပ်ထိခိုက်ပြီး အရည်တွေစုလာတဲ့အတွက် ဖောတာ၊ မောတာ ဖြစ်တတ်ပါတယ်.
  • နှလုံးအမြှေးပါးရောင်ရမ်းပြီး ရင်ဘတ်အောင့်နိုင်ပါတယ်။
  • ကိုယ်တွင်းမှာ ဓာတ်ဆားတွေမမျှတတဲ့အတွက် ကြွက်သားတွေအားပျော့တာ ဖြစ်တတ်ပါတယ်။
  • ကျောက်ကပ်လုံးဝပျက်စီးတာ
  • အသက်အန္တရာယ်ရှိတာတွေဖြစ်တတ်ပါတယ်။

ဘယ်လိုကုသကြမလဲ။

ရုတ်တရက်ကျောက်ကပ်ပျက်စီးတဲ့သူတွေက ဆေးရုံတက်ပြီး ကုသမှုခံယူရမှာပါ။ ဆေးရုံတက်ပြီး

  • ကျောက်ကပ်ပျက်စီးစေတဲ့ အကြောင်းရင်းတွေကို ရှာရပါမယ်။
  • ဆေးကုသနေချိန်၊ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေချိန်မှာ နောက်ဆက်တွေမဖြစ်အောင်လို့ကုသပေးရပါမယ်။ ဥပမာပြောရရင်

-ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို သေချာတွက်ချက်ပေးရပါမယ်။ နည်းရင် ကျောက်ကပ်ကို ပိုပျက်စီးစေပြီး များရင်လည်း ပိုဖော ပိုမောလာမှာပါ။

-သွေးတွင်းပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းထားရပါမယ်။

-လိုအပ်ရင်ကျောက်ကပ်ဆေးပြီး သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။

ဘယ်လိုကာကွယ်ကြမလဲ။

ဘယ်တော့ကျေက်ကပ်ပျက်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေနည်းအောင်လို့

  • အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံမသောက်ပါနဲ့။ အထူးသဖြင့် နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူတွေ၊ ဆီးချို၊ သွေးတိုးရှိတဲ့သူတွေက ပိုပြီးသတိထားသင့်ပါတယ်။
  • တကယ်လို့ သင့်မှာ တခြားနာတာရှည်ရောဂါတစ်ခုခုရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး သေချာကုသပါ။
  • ကျန်းမာတဲ့ နေထိုင်မှုပုံစံရှိပါစေ။ (ဥပမာ လှုပ်လှုပ်ရှားရှားနေပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ အရက်လျှော့သောက်ပါ။)

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာ အဖြစ်များတဲ့ကင်ဆာ ဆီးချိုရောဂါ အရက် ဆေးလိပ် အနီရောင်အသား အဝလွန် အူမကြီးအသားပို အူမကြီးရောင်ရမ်းတဲ့ရောဂါ ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
အူမကြီးကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 1, 2020 . 2 mins read

အရက်သောက်ချင်ပေမယ့် အရက်နာကျတာတော့ မကြိုက်ဘူးဆိုရင်

အရက် အရက်နာကျ လူငယ် ယောက်ျားလေး အဆိပ်အတောက် ခေါင်းမူး ခေါင်းကိုက် မူးဝေ အိပ်ရေးမဝ အဆီအစိမ့် ရေဓာတ် အချဉ် ဆေးလိပ် အစာစားချင်စိတ် လူငယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နေအိမ်ကွာရန်တင်းဝင်နေသူတွေအတွက် စားသောက်မှုပုံစံလမ်းညွှန်ချက်

ကွာရန်တင်းဝင်နေသူတွေဟာ နေချင်သလိုနေတာ၊ စားချင်သလိုစားတာတွေ ပြုလုပ်မိကြပြီး ကျန်းမာရေးနဲ့မကိုက်ညီစွာ နေထိုင်စားသောက်မိတာတွေရှိလာနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

အလုံးစမ်းမိ ကင်ဆာ အသည်းကြီး သည်းခြေကျောက် အူမကြီးကင်ဆာ ဘေလုံးကြီးတာ ပန်ကရိယကင်ဆာ Crohn’s disease သားဥအိမ်အကျိတ် အစာအိမ်ကင်ဆာ သွေးကြောမကြီးဖောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read
ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 3 mins read