Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း )

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 3, 2021 . 3 mins read
Share now

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ဆိုတာ ဘာလဲ။

နှလုံးစည်းချက်မမှန်ခြင်း သည် နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်း (သို့မဟုတ်) စည်းချက်မမှန်ခြင်း – အလွန်မြန်ခြင်း (နှလုံးခုန်မြန်ခြင်း)၊ အလွန်နှေးခြင်း (နှလုံးခုန်နှေးခြင်း)၊ ခုန်သင့်သည့်အချိန်ထက်စောခုန်ခြင်း (အချိန်မတိုင်ခင် နှလုံးကြွက်သားညှစ်ခြင်း)၊ ခုန်ချင်သလိုခုန်ခြင်း (fibrillation) စသည်တို့ ပါဝင်ပါတယ်။

နှလုံးစည်းချက်မမှန်ခြင်းသည် လျှပ်စီးလှုံ့ဆော်မှုများ မူမမှန်သည့်အခါတွင် ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းအား အောက်ပါတို့ကိုအခြေခံပြီး အမည်နဲ့ အမျိုးအစားများ ခွဲနိုင်ပါတယ်။

  • ခုန်နှုန်း – အလွန်မြန်ခြင်း (နှလုံးခုန်မြန်ခြင်း)၊ အလွန်နှေးခြင်း (နှလုံးခုန်နှေးခြင်း)
  • စခုန်သည့်နေရာ – (သွေးလွှတ်ခန်း သို့မဟုတ် သွေးဝင်ခန်း)
  • မှန်မှန်ခုန်ခြင်းရှိမရှိ

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) က အဖြစ်များသလား

ဒီရောဂါသည် အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါ။

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ရဲ့လက္ခဏာတွေက ဘာတွေလဲ

နှလုံးစည်းချက်မမှန်ခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ

  • နှလုံခုန်နှေးခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၆၀ အောက် ရောက်နေပါမည်။
  • နှလုံးခုန်မြန်ခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၀၀ အထက် ရောက်နေပါမည်။
  • ရင်ထဲ တလှပ်လှပ်ဖြစ်နေခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူမဝခြင်း
  • မူးမေ့ချင်သလိုဖြစ်ခြင်း သို့မဟုတ် ခေါင်မူးခြင်း
  • ချွေးစေးများထွက်ခြင်း
  • ရင်ဘတ်ထဲတွင် တဒုန်းဒုန်းနဲ့ စောင့်နေသလိုခံစားရခြင်း
  • ရင်ထဲမွန်းကြပ်နေခြင်း
  • အားနည်းခြင်း သို့ မောပန်းလွယ်ခြင်း (အလွန်ပင်ပန်းသလို ခံစားရခြင်း)

အထက်တွင်ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနေနိုင်ပါတယ်။ သံသယရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ကို ဘာတွေကဖြစ်စေသလဲ

နှလုံးစည်းချက်မမှန်ခြင်းသည် အောက်ပါတို့ကြောင့် ဖြစ်နိုင်ပါတယ်။

  • နှလုံးဖောက်ခြင်းကြောင့် နှလုံးတွင် အမာရွတ်ကျန်ခဲ့ခြင်း
  • နှလုံးဖွဲ့စည်းပုံကို ပြောင်းလဲသွားစေခြင်း (ဥပမာ – နှလုံးကြွက်သားရောဂါ)
  • နှလုံးရှိသွေးလွှတ်ကြောများ ပိတ်ခြင်း (နှလုံးသွေးကြောရောဂါများ)
  • သွေးတိုးခြင်း
  • သိုင်းရွိက်ဟော်မုန်း ပုံမှန်မဟုတ်ခြင်း
  • တချို့ဆေးများနဲ့ အားဆေးများ (ဥပမာ – အလွယ်တကူဝယ်နိုင်တဲ့ အအေးမိသက်သာဆေးများ၊ အလက်ဂျီသက်သာဆေးများနဲ့ ဖြည့်စွက်အားဆေးများကို အလွန်အကျွံသောက်သုံးပါက)

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

နှလုံးစည်းချက်မမှန်ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ဆေးလိပ်သောက်ခြင်း
  • အရက် သို့မဟုတ် ကဖိန်းဓာတ်ပါသည်များ အလွန်အကျွံသောက်ခြင်း
  • မူးယစ်ဆေးစွဲခြင်း
  • စိတ်ဖိစီးမှု
  • ဆီးချို
  • အိပ်ပျော်စဉ် အသက်ရှူခဏရပ်တတ်ခြင်း
  • မျိုးရိုးလိုက်ခြင်း

Arrhythmia (နှလုံး စည်းချက်မမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

နှလုံးစည်းချက်မမှန်ခြင်း အောက်ပါတို့ဖြင့် အတည်ပြုနိုင်သည်။

  • ရောဂါလက္ခဏာများနဲ့ ရာဇဝင်ကို မေးခြင်း
  • ခန္ဓာကိုယ်အား စမ်းသပ်ခြင်း
  • အီးစီဂျီဆွဲခြင်း – နှလုံးရဲ့ လျှပ်စစ်လှုပ်ရှားမှုအား တိုင်းတာခြင်းဖြစ်သည်။
  • Holter monitor – သယ်ယူသွားနိုင်သော အီးစီဂျီစက်ဖြစ်ပြီး တစ်နေကုန် ဒါမှမဟုတ် အချိန်ကြာကြာ တပ်ဆင်ထားပြီး နှလုံးလုပ်ရှားမှုကို မှတ်ယူနိုင်သည်။
  • Event monitor – ရောဂါလက္ခဏာများ ပေါ်လာစဉ်တွင် နှလုံးစည်းချက်အား စစ်ဆေးနိုင်သည်။
  • နှလုံးအက်ကိုး- နှလုံးအရွယ်အစား၊ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုတို့အား ပုံရိပ်ဖော်ကြည့်နိုင်သည်။
  • Implantable loop recorder – မူမမှန်သည့် နှလုံးစည်းချက်များအား ဖမ်းယူရန် သုံးသည်။

နှလုံးကြောင့်လား တခြားကြောင့်လား သေချာစေရန် တခြားစစ်ဆေးမှုများကို ဆရာဝန်များမှ ညွှန်ကြားနိုင်ပါသည်။ ၎င်းတို့တွင်-

  • ဖိစီးမှုပေးပြီး စစ်ဆေးခြင်း – ဒီစစ်ဆေးမှုတွင် သင့်အား လမ်းလျှောက်စက် သို့မဟုတ် စက်ဘီးနင်းစက်တွင် လေ့ကျင့်ခန်းလုပ်ခိုင်းကာ နှလုံးလှုပ်ရှားမှုအား တိုင်းတာမည်ဖြစ်ပါတယ်။
  • Tilt table test – သင် စားပွဲပေါ်လှဲနေစဉ်နဲ့ မတ်တပ်ရပ်စဉ် ရှိနေမည့် နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို တိုင်းတာပါသည်။ အနေအထားပြောင်းလဲသွားလျှင် တုန့်ပြန်မည့် နှလုံးခုန်နှုန်းအား တွက်ထုတ်ရန်အတွက် မှတ်သားပါလိမ့်မယ်။
  • Electrophysiological testing and mapping – နှလုံးသို့ဖြတ်စီးဆင်းနေသော လျှပ်စစ်လှုံ့ဆော်မှုများအား မှတ်သားထားနိုင်ပါတယ်။
  • နှလုံးစည်းချက်မမှန်ခြင်းကိုဖြစ်စေနိုင်သည့် သိုင်းရွိက်ဂလင်း ပုံမှန်မမဟုတ်မှုများကို စစ်ဆေးနိုင်သည်။

Arrhythmia (နှလုံး စည်းချက်မမှန်ခြင်း)ကို ဘယ်လိုကုသပါသလဲ

နှလုံးစည်းချက်မမှန်ခြင်း ပုံစံပေါ်မူတည်ကာ ကုသမှုနည်းလမ်းများကို ရွေးချယ်ရပါတယ်။

  • နှလုံးခုန်နှေးခြင်းအား ကုသခြင်း

နှလုံးခုန်နှေးခြင်းအား ဘာကြောင့်ဖြစ်မှန်း သေချာမသိလျှင် ညှပ်ရိုးအနီးတွင် ပေ့စ်မိတ်ကာဟုခေါ်သော စက်လေးမြှုပ်ပြီး ကုသနိုင်ပါသည်။ နှလုံးခုန် အလွန်နှေးသည့်အခါ သို့ နှလုံးခုန်ရပ်သွားသည့်အခါတွင် ပေ့စ်မိတ်ကာမှ နှလုံးဆီသို့ သွေးကြောများမှတစ်ဆင့် တပ်ဆင်ထားသော ဝိုင်ယာတစ်လျှောက် လျှပ်စစ်လှုံ့ဆော်မှုကို လွှတ်ပေးမည်ဖြစ်သည်။ ရလဒ်အနေဖြင့် တည်ငြိမ်နေသော နှလုံးခုန်နှုန်းကို ရရှိစေနိုင်ပါသည်။

  • နှလုံးခုန်မြန်ခြင်းအား ကုသခြင်း

နှလုံးခုန်မြန်ခြင်းအားကုသရန် ရွေးချယ်စရာအမျိုးမျိုးအား အောက်တွင် ဖော်ပြထားပါသည်။

ဆေးများ – နှလုံးစည်းချက်မမှန်  ကုသဆေးများကို နှလုံးခုန်နှုန်းထိန်းရန် သို့မဟုတ် ပုံမှန်နှလုံးစည်းချက်ကို ပြန်ရစေရန် စသဖြင့် နှလုံးခုန်မြန်ခြင်းအမျိုးမျိုးအတွက် သုံးနိုင်ပါတယ်။

Vagal maneuvers – နှလုံးခုန်နှုန်းကိုထိန်းချုပ်သည့် အာရုံကြော (vagus အာရုံကြော) ကို နှိပ်နယ်ပြီး supraventricular tachycardia ကဲ့သို့ နှလုံးစည်းချက်မမှန်ခြင်းကို အရေးပေါ်ကုသနိုင်ပါတယ်။

Cardioversion – ရင်ဘတ်တွင်တပ်ထားသော ချပ်ပြားများမှ လျှပ်စီးဓာတ်လွှတ်ကာ ပုံမှန်နှလုံးစည်းချက်ကို ပြန်ထိန်းခြင်းဖြစ်သည်။

Catheter ablation – စည်းချက်မမှန်သည့် နှလုံးတစ်ရှူးအား သေးငယ်သော Catheter ထိပ်ရှိ လျှပ်ခေါင်းဖြင့် ရှော့တိုက်နိုင်သည်။ ထို့သို့ဖြင့် လျှပ်စီးကြောင်းပိတ်မှုဖြစ်သွားစေပြီး နှလုံးစည်းချက်မမှန်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

  • ခွဲစိတ်ကုသခြင်း

တခြားကုထုံးများကို လူနာမှ တုံ့ပြန်မှုမရှိတော့သည့်အခါမျိုးတွင် နှလုံးစည်းချက်မမှန်ခြင်းကိုကုသရန်အတွက် ခွဲစိတ်ဖို့ လိုအပ်လာနိုင်ပါတယ်။

ဝင်္ကပါကုထုံး – နှလုံးအပေါ်ပိုင်း (သွေးလွှတ်ခန်း) တွင် နှလုံးတစ်ရှူးများအား အမျိုးမျိုးခွဲကာ ပုံစံတစ်ခုရှိသော သို့မဟုတ် ဝင်္ကပါပုံအမာရွတ်တစ်ရှူးများဖြစ်စေသည်။ အမာရွတ်တွေက လျှပ်စစ်မစီးနိုင်တဲ့အတွက် သွားချင်ရာသွားသည့် လျှပ်စစ်လှုံ့ဆော်မှုများကို ဟန့်တားပေးနိုင်ပါလိမ့်မယ်။

နှလုံးသွေးကြော လမ်းလွှဲခြင်း – နှလုံးစည်းချက်မမှန်ခြင်းအပြင် ပြင်းထန်သည့် နှလုံးသွေးကြောရောဂါများတွဲရှိနေသည့်အခါ နှလုံးသွေးစီးဆင်းမှုကောင်းအောင် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

  • ဆားနဲ့ အဆီများကို လျှော့ပါ။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်းများကို များများစားပါ။
  •  နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။
  • ဆေးလိပ်နဲ့ အရက်ကို ရှောင်ပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းကိုလက်စထရောကို ထိန်းပါ။
  • ယောဂ၊ တရားထိုင်ခြင်းနဲ့ စိတ်ဖြေလျှော့ခြင်း နည်းစနစ်များသည် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါသည်။

Takeaways

နှလုံးစည်းချက်မမှန်ခြင်းသည် အခန့်မသင့်ရင် ရုတ်တရက်နှလုံးရပ်သွားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှလုံးပိုးဝင်ခြင်း

နှလုံးပိုးဝင်ခြင်းက ၃မျိုးရှိပေမယ့် လက္ခဏာလေးတွေက ခပ်ဆင်ဆင် လက္ခဏာတစ်ခုခုကို ရုတ်တရက် ပြင်းပြင်းထန်ထန် ခံစားရပြီဆိုရင် မပေါ့ဆဘဲ ဆေးစစ်ကြည့်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Medical Marijuana နဲ့ Recreational Marijuana ဘာတွေကွာခြားသလဲ

ဘယ်ဟာက medical marijuana ၊ ဘယ်ဟာက recreational marijuana ဆိုတာနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိနေတာလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်ရဲ့ စိတ်လေး ကျန်းမာပါစ (သို့မဟုတ်) သင်သိထားဖို့လိုတဲ့ စိတ်ကျန်းမာရေး အချက်ပြလက္ခဏာတွေအကြောင်း

လူအတော်များများက စိတ်မကျန်းမာမှုကို ခံစားနေရပေမယ့် ကိုယ်တိုင်တောင် စိတ်မကျန်းမာနေဘူးဆိုတာကို မသိလိုက်ကြတာမျိုးပါ။ စိတ်ကလေး ကျန်းမာပါစ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read
သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
နှလုံးသွေးကြော ရောဂါများ

နှလုံးသွေးကြော ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 28, 2020 . 3 mins read