သွေးကြောမကြီး ဖောင်းတယ်ဆိုတာ အန္တရာယ်ရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
Share now

ခန္ဓာကိုယ်မှာ aortaလို့ ခေါ်တဲ့ သွေးကြောမကြီး တစ်ခုရှိပါတယ်။ နှလုံးကညှစ်သမျှ သွေးတွေ တစ်ကိုယ်လုံးကို ရောက်ဖို့ သူကနေပဲ သယ်ပို့ပေးတာပါ။ ဒီသွေးကြောမကြီးက နှလုံးကစထွက်ပြီး ရင်ဘတ်၊ ဝမ်းဗိုက်ကို ဖြတ်ပြီး ဆီးခုံနားရောက်မှ ခြေထောက်ကို သွေးပို့ဖို့ သွေးကြောတွေ ခွဲထွက်သွားတာပါ။ ဒီသွေးကြောကြီးဟာ ခန္ဓာကိုယ်အတွက် သိပ်ကို အရေးပါပါတယ်။ သူ့ထဲမှာ စီးဆင်းနေတဲ့ သွေးတွေ ဆိုတာလည်း အများကြီးပါပဲ။ ဒါကြောင့် ဒီသွေးကြောမကြီးမှာ ရောဂါတစ်ခုခုဖြစ်လာရင် သေချာကုသဖို့ လိုပါတယ်။

သွေးကြောမကြီး ဖောင်းတယ်ဆိုတာ

ဆေးပညာအရ Aortic aneurysmလို့ ခေါ်ပါတယ်။ သွေးကြောမကြီး တစ်လျှောက် ဘယ်နေရာဖြစ်ဖြစ် ဖောင်းနိုင်ပါတယ်။ များသောအားဖြင့်တော့ ရင်ခေါင်းနဲ့ ဝမ်းခေါင်းထဲမှာရှိတဲ့ သွေးကြောမကြီး အစိတ်အပိုင်းက ဖောင်းတတ်ပါတယ်။ ရှားရှားပါးပါး လူတစ်ယောက်တည်းမှာ နှစ်နေရာလုံး ဖောင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။

သွေးကြောမကြီး ဘာကြောင့် ဖောင်းတာလဲ။

ဘာကြောင့်ဖောင်းတာလဲဆိုတာ တိတိကျကျ မပြောနိုင်သေးပါဘူး။ အဓိကကတော့ သွေးကြောမကြီးနံရံ အားပျော့လို့ သွေးတွေကို ညှစ်တဲ့အခါ ဖောင်းလာတာပါ။ ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲဆိုတော့

  • သွေးတိုးရောဂါရှိပြီး သွေးတိုးမထိန်းနိုင်တဲ့သူတွေ (သွေးကြောနံရံ အားပျော့နေတာကို သွေးဆောင့်တိုးရင် ဖောင်းလာတတ်ပါတယ်။)
  • သွေးတွင်းကိုလက်စထရောများပြီး သွေးကြောနံရံပျက်စီးနေတဲ့သူတွေ
  • ဆေးလိပ်သောက်တဲ့သူတွေ (လေ့လာချက်တွေအရ သွေးကြောဖောင်းတဲ့ လူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းက ဆေးလိပ်သောက်ကြပါတယ်တဲ့။)
  • Marfan ရောဂါစုလိုမျိုး မျိုးရိုးလိုက်ရောဂါရှိတဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။

သွေးကြောမကြီး ဖောင်းရင် ဘာတွေ ခံစားရမှာလဲ။

ဖောင်းတဲ့နေရာပေါ် မူတည်ပြီး လက္ခဏာတွေ နည်းနည်းကွာသွားပါတယ်။ တစ်ခါတလေ ဘာလက္ခဏာမှ မခံစားရဘဲ ဖောင်းရာကနေ ပေါက်မှ သိတာမျိုးလည်း ရှိပါတယ်။

ရင်ခေါင်းထဲက သွေးကြောမကြီး ဖောင်းရင်တော့

  • ရင်ဘတ် ဒါမှမဟုတ် ကျောအောင့်တာ
  • အသက်ရှူရခက်တာ
  • အစာမျိုချရခက်တာ
  • မောတာ
  • ချောင်းဆိုးတာ
  • အသံသြတာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

ဝမ်းခေါင်းထဲက သွေးကြောမကြီး ဖောင်းရင်တော့

  • ဝမ်းဗိုက်မှာ နှလုံးခုန်နေသလို တဒိတ်ဒိတ်ခုန်နေတာ
  • နာတာရှည် ဗိုက်အောင့်တာ
  • နာတာရှည် ခါးနာတာ စတာတွေ ဖြစ်နိုင်ပါတယ်။

ဒါတွေက သာမန်လက္ခဏာတွေပဲမို့လို့ တော်ရုံဆို သိပ်သတိမထားမိပါဘူး။

ဘယ်လိုအခါမှ သတိထားမိလဲ။

ဆေးစစ်ရင်း မတော်တဆတွေ့တာ ဒါမှမဟုတ် နောက်ဆက်တွဲတွေ ဖြစ်လာတဲ့အခါကျမှ သိကြတာများပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်တာတွေက

ဖောင်းနေတဲ့ သွေးကြောက အရွယ်ကြီးလေလေ ပေါက်နိုင်ခြေများလေလေပါ။ ပေါက်သွားရင် ကိုယ်တွင်းမှာ သွေးယိုတာကြောင့် ရှော့ရတတ်ပါတယ်။ ဒါကြောင့် လူနာက ရုတ်တရက် မူးပြီး ဖြူဖျော့လာတာ၊ သတိလစ်တာတွေ ဖြစ်တတ်ပါတယ်။

  • သွေးကြောပြဲတာ

မပေါက်ဘဲ သွေးကြောပြဲထွက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုလည်း ခုနလို သွေးထွက်လွန်ပြီး ရှော့ဖြစ်နိုင်ပါတယ်။

ပေါက်လည်း မပေါက်၊ ပြဲလည်း မပြဲဘူးဆိုပေမယ့် ကြာလာရင် ဖောင်းနေတဲ့ သွေးကြောထဲက သွေးတွေက ကြာလာရင် ပျစ်ပြီး ခဲလာမှာပါ။ ခဲရာကနေ ပြုတ်ထွက်ပြီး တခြားသွေးကြောတွေမှာ သွားပိတ်ရင် ကိုယ်တွင်းအင်္ဂါတွေ ပုပ်တာ ဖြစ်လာနိုင်ပါတယ်။

ကုသလို့ ရနိုင်မလား။

အရွယ်အစားပေါ်မူတည်ပါတယ်။

၅.၅ စင်တီမီတာအောက် – စောင့်ကြည့်လို့ရပါတယ်။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရမှာပါ။ ရက်ချိန်းလည်း မှန်မှန်သွားရပါမယ်။

၅.၅ စင်တီမီတာ အထက် – ခွဲစိတ်လိုက်တာ ပိုကောင်းပါတယ်။ အချိန်မရွေးပေါက်သွားနိုင်လို့ပါ။

ကုပြီးရင် ပြန်ဖြစ်မှာလား။

ပြန်ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဆောင်ရန် ရှောင်ရန်တွေကတော့

  • ဆေးလိပ်မသောက်ပါနဲ့။
  • အဆီအစိမ့်များတာတွေ မစားပါနဲ့။ အာဟာရပြည့်အောင် စားပါ။
  • နိုင်သလောက် လေ့ကျင့်ခန်းလုပ်ပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • အရက်လျှော့သောက်ပါ။
  • သွေးတိုးရောဂါကို သေချာကုသပါ။

ဒါဆိုရင်တော့ ပြန်ဖြစ်နိုင်ခြေနည်းသွားပါမယ်။ ဒါ့ပြင် သွေးကြောဖောင်းတာ အရွယ်အစားသေးတဲ့အချိန်မှာ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ဆက်မကြီးလာအောင် အထိုက်အလျောက် တားဆီးနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတိုးရောဂါ မဖြစ် အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေလုံးထုတ် ပြီးတဲ့နောက်

ဘေလုံးထုတ် ဘေလုံးကြီး ပဋိဇီဝပစ္စည်း ဘေလုံးကွဲ သွေးထွက်လွန် သာလာဆီးမီးယား သွေးကင်ဆာ မေ့ဆေးထုံဆေးဒဏ် ခုခံအားကျ ကာကွယ်ဆေးထိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

အလုံးစမ်းမိ ကင်ဆာ အသည်းကြီး သည်းခြေကျောက် အူမကြီးကင်ဆာ ဘေလုံးကြီးတာ ပန်ကရိယကင်ဆာ Crohn’s disease သားဥအိမ်အကျိတ် အစာအိမ်ကင်ဆာ သွေးကြောမကြီးဖောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တယ်ဆိုတာ ရောဂါကုသရေးမှာ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံးအဆင့်တစ်ခု ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

နာတာရှည် အဆုတ်ရောင် ရောဂါအတွက် ကုသနည်းများ

နာတာရှည် အဆုတ်ရောင် ရောဂါအတွက် ကုသနည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 3 mins read
အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
သွေးလေးဖက်နာရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ

သွေးလေးဖက်နာရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 3 mins read
ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 2 mins read